မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်ပြီး ဆုတ်ခွာလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Chin Defence Force – Asho ထံက သိရပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက် နေ့လယ်ပိုင်းက ငဖဲမြို့နယ်ရှိ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ လက်နက်ခဲယမ်းတွေ သယ်ဆောင်ပြီး ဆုတ်ခွါလာတဲ့ အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ၄ စီးယာဉ်တန်းကို ပျဉ်းဝစစ်ဆေးရေးဂိတ်အနောက်ဘက် နတ်ရေကန်လမ်းဟောင်းမှာ ကြားဖြတ်တိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ယာဉ် ၁ စီး မီးလောင်ပျက်စီးပြီး အကြမ်းဖက်စစ်သား ၇ ယောက်သေကာ အများအ ပြား ထိခိုက်ဒဏ်ရာရရှိသွားသလို သေနတ် ၄ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါ တယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ရှင်းလင်း‌ရေးဝင်ရောက်စဉ် တော်လှန်‌ရေးရဲ‌ဘော် ၁ ယောက် ကျဆုံးခဲ့ရပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ငဖဲမြို့နယ်အတွင်း AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ် ကောင်စီတပ်သားတွေ အရေးနိမ့်ပြီး ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မယ်ဆိုင်ချောင်းရေတက်လာမှုကြောင့် တာချီလိတ် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေမြုပ် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေတက်လာမှုကြောင့် တာချီလိတ်မြို့ရပ်ကွက်အချို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။
Read More

မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်းက ရဲဘော်တစ်ဦးရဲ့ ဈာပန အခမ်းအနား ( ရုပ်/သံ)

မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်းက တိုက်ပွဲတစ်ခုအတွင်း ကျဆုံးသွားတဲ့ ရဲဘော်တစ်ဦးရဲ့ ဈာပန အခမ်းအနားအတွင်း ဂုဏ်ပြုတပ်ဖွဲ့က အမိန့်ပြန်တမ်းဖတ်ကြားနေတဲ့ ရုပ်သံမှတ်တမ်းကို BOB - Battalion Of Budalin က ဒီနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကန့်ဘလူမှာ ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စံပယ်နံသာရွာအနီး ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၁၃ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Air Force One အဖွဲ့ထံက သိရပါတယ်။
Read More

ပုလဲမြို့နယ် မင်းတိုင်ပင်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ၄ ကြိမ်ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မင်းတိုင်ပင်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ၄ ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

စနစ်ဆိုးကို ဖြိုဖျက်ပြီး စနစ်ကောင်းကို တည်ဆောက်နိုင်ဖို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှ ရဲဘော်သစ်များ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။
Read More

မုံရွာမြို့နယ် ဗောဓိတာဝါတိုင်ကုန်းစခန်းသိမ်းတိုက်ပွဲကို စစ်ကူလာနိုင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ဗောဓိတာဝါတိုင်ကုန်းစခန်းသိမ်းတိုက်ပွဲကို စစ်ကူလာနိုင်တဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်စခန်းတွေကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Chindwin Dynamite (Salingyi) ထံက သိရပါတယ်။