မန္တလေးတိုင်း၊ မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့က ရဲဘော် မိုးကြိုးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်တယ်လို့ MBT က သတင်းထုတ်ပြန်ထားပါတယ်။ 

ရဲဘော်မိုးကြိုးဟာ မထ္တီလာခရိုင် ဝမ်းတွင်းမြို့နယ်မှာ တပ်ဖွဲ့ကပေးတဲ့ တာဝန်ကို ထမ်းဆောင်ရင်း ဖေဖော်ဝါရီလ  ၁ရက်နေ့မှာ စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ 

ရဲဘော်မိုးကြိုးအတွက် အမိန့်ပြန်တမ်း ထုတ်ပြန်နေသော MBT တပ်ဖွဲ့ဝင်များ

“MBT တပ်ဖွဲ့ကပေးတဲ့ တာဝန်ကို ထမ်းဆောင်ရင်းနဲ့ ၁လပိုင်း ၃၁ ရက်နေ့မှာ အဖမ်းခံလိုက်ရတာပါ၊ ပြီးတော့ ၂လပိုင်း ၁ရက်နေ့မှာတော့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်” လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။ 

MBT တပ်ဖွဲ့အနေနဲ့ ရဲဘော်မိုးကြိုးရဲ့ သေဆုံးအလောင်းကို မရခဲ့တာကြောင့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှသာ အမိန့်ပြန်တမ်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရဲဘော်မိုးကြိုးဟာ ကျဆုံးချိန်မှာ အသက် ၄၀ ဝန်းကျင်အရွယ်ဖြစ်တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

တောင်သာမှာ စစ်တပ်က စက်တပ်လေထီးတွေနဲ့ ၂ ရက်ဆက် ဗုံးကြဲမှုကြောင့် ပြည်သူ ၄ ယောက် သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စက်တပ် လေထီးတွေနဲ့ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ - တောင်သာမြို့နယ်ဆီက သိရပါတယ်။
Read More

စစ်ကောင်စီက လက်လွှတ်လိုက်ရသည့် ဒေသများကို ဦးစားပေး အရှိန်မြှင့်တိုက်ခိုက်နေ

စစ်ကောင်စီက သူတို့လက်လွှတ်လိုက်ရတဲ့ ဒေသတွေကို ဦးစားပေးပြီး အရှိန်မြှင့်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့  လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့  (HRW) က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြိတ်ခရိုင် PDF အမှတ် ၂ တပ်ရင်း၏ ‎၇၈ နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား… (ဓာတ်ပုံသတင်း)

ဇူလိုင်လ ၁၉ ရက်ဒီနေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

တပ်မ ၉၉ ယာယီနည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်ကို AA နှင့် ပူးပေါင်းတပ်များ ဖမ်းဆီးရမိ၊ ဂုတ်စီးရိုးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ နီးပါး သေဆုံး

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီးတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်၊ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်ကို ရက္ခိုင့်တပ်တော်(AA) နဲ့ ပူးပေါင်းတပ်တွေ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဗန်းမော်မြို့ အပြီးသတ်သိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ်များ ယနေ့ ပြန်လည်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မေလ ၂၇ရက် ဒီနေ့မှာ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းအချို့ သိမ်းပိုက်ရရှိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရွေးကောက်ပွဲအလွန်မှာ သိက္ခာ၊ သမာဓိရှိတဲ့ လွှတ်တော်တွေဖြစ်နေဖို့လိုတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြော 

စစ်ကောင်စီက ၎င်းတို့ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ ပြီးစီးပါက သိက္ခာ၊ သမာဓိရှိတဲ့ လွှတ်တော်တွေ ဖြစ်ရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။