ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေတွေက အရပ်သားတွေနေထိုင်ရာ ကျေးရွာတွေကို တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေရာ တစ်ပတ်အတွင်း အရပ်သား ပြည်သူ ၁၄ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း KIA တပ်မဟာ(၈) အုပ်ချုပ်နယ်မြေရှိ မြစေတီရွာ၊ တပ်မဟာ (၂) အုပ်ချုပ်နယ်မြေ တနိုင်း-လီဒိုလမ်းရှိ ဝါရာဇွပ်ကျေးရွာ၊ တပ်မဟာ(၅)နယ်မြေရှိ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန် ဒေသရှိ ဝက်ယင်းရွာနဲ့ နန်းအီရွာ၊ တပ်မဟာ(၃) အုပ်ချုပ်နယ်မြေရှိ ကျေးရွာတစ်ရွာ၊ မံစီမြို့နယ်ရှိ မံသာရွာ တို့ကို တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက် မနေ့ကလည်း စစ်ကောင်စီဟာ KIA တပ်မဟာ (၁၁)၊ တပ်ရင်း(၁၂) နယ်မြေကို  လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ 

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၄ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာရရှိခဲ့သလို ပြည်သူလူထုနေအိမ်တွေနဲ့ အများပြည်သူပိုင်နေရာတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ KIA က ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်ကလည်း မိုးမောက်မြို့နယ်၊ ဝက်အင်းရွာကို စစ်ကောင်စီတပ် လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံမှုအတွင်း ကလေးငယ် ၃ ယောက် အပါအဝင် မိသားစုဝင် ၇ ယောက် သေဆုံးခဲ့ပါသေးတယ်။

KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအနေနဲ့ ခလရ(၂၃၆)၊ အမတ(၃၆၆)နဲ့ စကခ(၂၁) ဌာနချုပ်တွေမှာ တိုက်ပွဲပြင်းထန်နေပြီး ခလရ(၂၃၆) တပ်ရင်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ KIA သတင်းပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြို့ပေါင်း ၈၀ ကျော် လက်လွှတ်ထားရသည့် စစ်ခေါင်းဆောင် သူ့စစ်တပ်ကို စစ်ပွဲမှာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုကြဖို့ မှာကြား

စစ်ကောင်စီရဲ့ စစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝဖို့ လိုအပ်ပြီး စစ်ပွဲတွေမှာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုနိုင်ဖို့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်သင့်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

မြဝတီမြို့တွင် အကြမ်ဖက်စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြန်လည် လုပ်ဆောင်လာ

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ အကြမ်းဖက်စစ်တပ်က လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတာတွေ ပြန်လည် လုပ်ဆောင်လာနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ညောင်လေးပင်တွင် စစ်ကောင်စီတပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၄ ဦးသေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ တောကျီးကန်း(၇)ကောင်တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးကာလအတွင်း စိန်ခေါ်မှုများစွာကြား တရားမျှတမှု ရှာဖွေသွားမည်ဟု အမျိုးသမီးအခွင့်အရေးနှင့် လူ့အခွင့်အရေးအဖွဲ့အစည်း (၂၅) ဖွဲ့ ထုတ်ပြန်ကြေညာ…

အမျိုးသမီးတွေကို ရာဇဝတ်မှုကျူးလွန်တာဟာ တော်လှန်ရေးကာလအတွင်း တရားဥပဒေလမ်းကြောင်းအရ တရားစွဲဆို အပြစ်ပေးဖို့ စိန်ခေါ်မှုများစွာ ရှိနေပေမယ့် နည်းလမ်းပေါင်းစုံနဲ့ တရားမျှတမှုကို ရှာဖွေသွားမယ်လို့ မတ်လ ၈ ရက် ဒီနေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ အမျိုူသမီးများနေ့”မှာ အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်း (၂၅) ဖွဲ့က ပူးတွဲ သဘောထား ထုတ်ပြန်ထားပါတယ်။
Read More

ဘူးသီးတောင်မှာ စစ်ကောင်စီ လက်ပါးစေ လက်နက်ကိုင်အဖွဲ့တွေရဲ့ အခိုင်အမာစခန်းနေရာတွေကို ၄ နေရာကို သိမ်းပိုက်ပြီး အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ အခိုက်အမာစခန်းနေရာ ၄ ခု ကို တိုက်ခိုက်သိမ်းပိုက်ပြီး အကြမ်းဖက်သမား အလောင်းတွေနဲ့ အကြမ်းဖက်စစ်ကောင်စီက တပ်ဆင်ပေးထားတဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ကထုတ်ပြန်ထားပါတယ်။
Read More

နာမည်ကြီး ဝါရင့် ရွှေနိုင်ငံ ပုံနှိပ်ထုတ်ဝေမှုလုပ်ငန်းကို စစ်ကောင်စီ လိုင်စင်ပိတ်သိမ်း

မြန်မာနိုင်ငံက ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းတွေထဲမှာ နာမည်ကြီး ဖြစ်တဲ့ ရွှေနိုင်ငံ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေရေးလုပ်ငန်းကို စစ်ကောင်စီက လိုင်စင်ပိတ်သိမ်းလိုက်တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ ရွှေနိုင်ငံ စာပေနှင့် ပိုစတာဖြန့်ချိရေးလုပ်ငန်းရဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာတယ်လို့ နိုဝင်ဘာ ၁၄ ရက်ထုတ် သတင်းစာမှာ ဖော်ပြလာပါတယ်။ ရွှေနိုင်ငံစာပေနှင့်ပိုစတာဖြန့်ချိရေးဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၁၁ (ခ)နဲ့ ပုဒ်မ ၁၈ တို့ကို လိုက်နာဖို့ ပျက်ကွက်ကြောင်းတွေ့ရှိတယ်ဆိုပြီး ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကစလို့ ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အရေးယူတဲ့ ပုဒ်မကိုသာ ဖော်ပြထားပြီး အရေးယူတဲ့ အကြောင်းအရင်းကိုတော့ တိကျစွာ ဖော်ပြထားခြင်းမရှိပါဘူး ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် ထုတ်ပြက္ခဒိန်မှာ အများပြည်သူ ရုံးပိတ်ရက်တွေကို မှားယွင်းဖော်ပြမှုနဲ့ ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းတချို့ကို ခေါ်ယူသတိပေးမှုတွေ ပြုလုပ်ခဲ့ပြီး ဒီလို သတိပေးမှုတွေထဲမှာ ရွှေနိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ် မှားယွင်းဖော်ပြမှုနဲ့ စစ်ကောင်စီက ပုံနှိပ်လုပ်ငန်း ၅ခုထက်မနည်းကို ခေါ်ယူသတိပေးမှုတွေ ပြုလုပ်ခဲ့တာပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ စာပေထုတ်ဝေရေးလုပ်ငန်းတချို့ကို မကြာခဏ အရေးယူလျက်ရှိနေပြီး တော်လှန်ရေးနဲ့ပတ်သက်ဆက်နွယ်တဲ့ စာရေးဆရာတွေ၊ အနုပညာရှင်တွေရဲ့ စာအုပ်တွေ ဖြန့်ဝေရောင်းချခွင့်တွေကို ပိတ်သိမ်းလျက်ရှိနေပါတယ်။ မနေ့က နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း Destiny Book House ကထုတ်ဝေပြီး စာရေးသူ မဟူရာရေးသားတဲ့ 1500 miles To you ဆိုတဲ့ စာအုပ်ကို ညစ်ညမ်းစာပေအဖြစ် သတ်မှတ်ကာ ပုံနှိပ်သူနဲ့ ထုတ်ဝေသူတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စာပေလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ အနုပညာဖန်တီးခွင့်တွေ လုံး၀ကျဆင်းသွားပြီး အမျိုးသားရေးယဉ်ကျေးမှုဆိုတဲ့ စံနှုန်းတွေနဲ့ တိုင်းတာကာ စစ်ကောင်စီက အကြောင်းမဲ့ အရေးယူမှုတွေ ပြုလုပ်နေတယ်လို့ စာပေအသိုင်းအဝိုင်းက ဝေဖန်ထောက်ပြထားကြပါတယ်။