ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း သရက်ခရိုင် အမှတ်(၄) တပ်ရင်းက ကွပ်ကဲတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၈) နဲ့ အပတ်စဥ် (၉) သင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ရေးအခြေအနေအရ လွတ်မြောက်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်ကို အလေးပြုခြင်း၊ ကျဆုံးအာဇာနည်ရဲဘော်တွေကို အလေးပြုခြင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ သစ္စာဓိဌာန် (၄)ချက်ကို ရွတ်ဆိုခြင်း၊ သင်တန်းဆင်းရဲဘော်တွေကို လက်နက်ပေးအပ်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် တပ်ရင်းတာဝန်ရှိသူတွေက မိန့်ခွန်းပြောကြားခဲ့ပြီး ထူးချွန်ဆုရ သင်တန်းသားတွေကို ဆုချီးမြှင့်တာတွေ ပြုလုပ်ကာ တော်လှန်ရေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထီးလင်းရဲစခန်းမှ နိုင်ကျဥ်း ၁၃ ဦး လွတ်မြောက်မှုအတွက် ရဲတပ်ကြပ် ၂ ဦးကို အချုပ်ခန်းထဲမှာ စစ်ဆေးရင်း သေဆုံးသွား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့မရဲစခန်းမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၃ ယောက် ထွက်ပြေးလွတ်မြောက်သွားမှုနဲ့ ပတ်သက်ပြီး အဆိုပါရဲစခန်းက ရဲတပ်ကြပ် ၂ ယောက်ကို ဇွန်လ ၁၈ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။
Read More

ထိုင်းနိုင်ငံမှာ မြန်မာရွေ့ပြောင်းလုပ်သား နှစ်သိန်းကျော် တရားမဝင် လုပ်သားများအဖြစ် လုပ်ကိုင်နေကြောင်း ရက် ၁၂၀ စီမံချက်အတွင်း စစ်ဆေးတွေ့ရှိခဲ့ဟုဆို

ထိုင်းမှာ မြန်မာလုပ်သားတွေ ရက် ၁၂၀ ကျော် စီမံကိန်းအတွင်း နှစ်သိန်းတစ်သောင်း နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်မည်ဟု ကြေညာ

မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်ကောင်မရှင်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်မှာ ပြုလုပ်သွားမယ်လို့ ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ကြေညာလာပါတယ်။
Read More

ချောက်မှာ အကြမ်းဖက်စစ်တပ်က မြေပြင်ဝေဟင် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလို့ အရပ်သား ၂သောင်းကျော် ထွက်ပြေးနေရ၊ တိုက်ပွဲအတွင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတ ကျဆုံးခဲ့

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အင်အားအလုံးအရင်းသုံးကာ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ၃ ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကလေးငယ်ကို စင်ပေါ်ခေါ်ယူပြီး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်ကာ ဟာသပြတ်လုံးထုတ်ခဲ့သည့် အောင်ဇမ္ဗူဇာတ် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရ

ကလေးငယ်တစ်ဦးကို ဇာတ်စင်ပေါ်ခေါ်ယူပြီး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်ကာ ဟာသ ပြတ်လုံးထုတ်ခဲ့တဲ့ အောင်ဇမ္ဗူဇာတ်အဖွဲ့ဟာ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးကာလ ၅နှစ်နီးပါး ရောက်လာချိန် တော်လှန်ရေးကျင့်ဝတ် ချိုးဖောက်မှုများ ရှိလာဟု ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား.. ဖက်ဆစ်စစ်တပ်၏ အမူအကျင့်များ ကူးစက်မခံရဖို့နှင့် တော်လှန်ရေးကိုယ်ခံအားကောင်းဖို့လိုကြောင်း သတိပေး..

“တော်လှန်ရေးအချိန်ကာလ ကြာမြှင့်လာတာနဲ့အမျှ တော်လှန်ရေးတာဝန်တွေကို ထမ်းရွက်ကြတဲ့အခါမှာ လုပ်ပိုင်ခွင့်၊ အာဏာနဲ့ ကိုင်စွဲထားတဲ့ လက်နက်တွေအပေါ်မှာ သာယာပြီး တချို့လည်း တော်လှန်ရေးကျင့်ဝတ်၊ စံနှုန်းတွေနဲ့ လွဲချော်လာတာကို တွေ့ရပါတယ်။ ကျနော်တို့ဟာ ပြည်သူလူထုက ပေးအပ်ထားတဲ့ တာဝန်တွေကို ထမ်းရွက်နေကြတာဖြစ်ပါတယ်။ ရာထူးအာဏာဆိုတာ တာဝန်အတွက်သာ ဖြစ်ပါတယ်။ အာဏာစည်းစိမ်အတွက် မဟုတ်ပါဘူးဆိုတာ သတိချပ်ဖို့ လိုအပ်ပါတယ်” လို့ ဆိုပါတယ်။