ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် သန်းဦးဆိုသူကို ပစ်ခတ်ရှင်းရာ လက်ပစ်ဗုံး ၂လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ကနေ သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ မနက် ၈ နာရီဝန်းကျင်မှာ အုပ်ချုပ်ရေးမှူး သန်းဦးဟာ သူ့ရဲ့ အပေါင်းအပါ ပျူစောထီး ၁ ယောက်၊ ရာအိမ်မှူး ၁ ယောက်နဲ့အတူ လက်ပံတန်းမြို့ဘက် ဆိုင်ကယ်စီးလာစဥ် လွှစင်ကုန်း တာဆုံမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၃ က ရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အုပ်ကြီးသန်းဦးရယ် စစ်မှုထမ်းရမည့် လူငယ်တွေရဲ့စာရင်း ထွေအုပ်ရုံး သွားပို့မယ်သတင်းရလို့စောင့်ပြီး ရှင်းတာပါ၊ အဲ့သတင်းအရ ရဲဘော်တွေ လွှစင်ကုန်းတာဆုံမှာ စောင့်နေတုန်း အုပ်ကြီးက ဆိုင်ကယ်၁စီး ပျူစောထီးနဲ့ ရာအိမ်မှူးက ဆိုင်ကယ်၁စီး အတူစီးလာကြတာပါ” လို့ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူး သန်းဦး

ဒီတိုက်ခိုက်မှုမှာ အုပ်ချုပ်ရေးမှူး သန်းဦးကတော့ နေရာမှာတင် သေဆုံးသွားပြီး သူ့ရဲ့ အပေါင်းအပါတွေ ထွက်ပြေးသွားတာကြောင့် လက်ပစ်ဗုံး၂လုံး၊ ငွေသားကျပ် ၁သိန်း၊ ဆိုင်ကယ် ၁စီး၊ စည်းတံဆိပ်တုံး ၂ခု၊ မှတ်ပုံတင် ၂ခု၊ စစ်မှုထမ်း အမည်စာရင်းပါ စာရွက်စာတမ်းတွေအပါအဝင် အခြားစာရွက်စာတမ်းတွေကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူး သန်းဦးဟာ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ ဖိအားပေးလူစုခြင်း၊ စစ်မှုထမ်းကြေးဆိုပြီး ပြည်သူတွေထံက ငွေကြေး အတင်းအကြပ်ကောက်ခံပြီး ငွေမပေးနိုင်သူတွေကို စစ်တပ်ခေါ် ဖမ်းဆီးခိုင်းခြင်း၊ စစ်တပ်က ထုတ်ပေးထားတဲ့  လက်ပစ်ဗုံးနဲ့ သေနတ်ပြကာ ပြည်သူတွေကို ခြိမ်းခြောက်ပြီး အကြောင်းအမျိုးမျိုးပြ ငွေကြေးကောက်ခံတာတွေကို လုပ်ဆောင်နေတာကြောင့် အခုလို အရေးယူရတာ ဖြစ်တယ်လို့ သိရပါတယ်။

သိမ်းဆည်းရရှိသည့် ပစ္စည်းများ
0 Shares:
You May Also Like
Read More

ဆစ်ဒနီမှာ တော်လှန်အနုပညာရှင် ဖြူဖြူ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပမည်

ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ တော်လှန်အနုပညာရှင် တစ်ယောက်ဖြစ်သူ ဖြူဖြူကျော်သိန်းက တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်။
Read More

တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တဲ့ အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့

KLT.PDF – ကလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အောင်ပန်းဒေသက တော်လှန်ရေးရဲဘော်တွေ ပြန်လည်စုစည်းတည်ထောင်ထားတဲ့ တပ်ဖွဲ့ဖြစ်တဲ့ Urban Task Force Aung Ban – UTF (အောင်ပန်းမြို့ပြပြောက်ကျား) တပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က တပ်ဖွဲ့တည်ထောင်တာ ၃ နှစ်ပြည့်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

NPT-PDF ရဲဘော် ၇၇ ယောက်ကို ပထမအကြိမ်အဖြစ် တပ်မှူးငယ် သင်တန်းပို့ချခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဒေသ၊နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော် (NPT-PDF) ရဲ့ ပထမအကြိမ် တပ်မှူးငယ်သင်တန်း ဆင်းပွဲ အခမ်းအနားကို မတ်လ ၁၄ ရက်မှာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်ကြီးနဲ့ မူးမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ဦးသေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU က ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချို စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးအနီးကို စစ်တပ် လေယာဉ်ဗုံးကြဲ၊ ပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ် စည်ပင်ရုံးနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲရာ ပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့ခံရသူများ စုစည်းရာ ရွေးကောက်ပွဲကော်မရှင်

အကြမ်းဖက်စစ်တပ်အလိုကျ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်ထဲက ၉ ယောက်ဟာ ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့ကနေ အရေးယူဒဏ်ခတ် ပိတ်ဆို့ထားသူတွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။