စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်တွေရှိရာ စွမ်းရည်ထက်အထိုင်စခန်း၊ မအူအထိုင်စခန်းနဲ့ သာစည်ထောင်စခန်းတွေကို ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force-Monywa ထံက သိရပါတယ်။

မအူအကြမ်းဖက်စစ်တပ်အထိုင်စခန်းမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့ပြီး မုံရွာမြို့ကနေ အိမ်စီးကား ၃ စီးနဲ့ ထိခိုက်ဒဏ်ရာရ တပ်သားတွေကို လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Golden Eagle Force-Monywa၊ Sun King Envoy(Monywa)LPDF၊ မုံရွာခရိုင် တပ်ရင်း(၂၇)၊ Black Flacon၊ Brother Revolution Force-Monywa၊ နယ်စီးမခြား လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း(၂၃)၊ တပ်ခွဲ (၃) ၊ ခွေးသ+တ်မုဆိုး၊ မုံရွာခရိုင် တပ်ရင်း(၁) တပ်ခွဲ(၂) ဝရဇိန်တပ်ခွဲ၊ ဇာမဏီအဖွဲ့၊ Hero Brother Monywa၊ ယင်းမာပင်ခရိုင် တပ်ရင်း(၃၀) တပ်ခွဲ ၂ နဲ့ Fire Dragon အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းတုန်းမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်မှု စစ်သား ၅ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မင်းတုန်းမြို့နယ်ရှိ ငှက်ပျင်း၊ မြောက်ပြင်၊ ကြို့ဝကျေးရွာတွေကို အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ ရာ ၅ ယောက်သေသွားခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်ထံက သိရပါတယ်။
Read More

ကျားဖြူပါတီဝင်များ၏ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေအကကြောင့် စိတ်ကျန်းမာရေးမကောင်းသူ မူးလဲ (ရုပ်/သံ)

ရန်ကုန်မြို့ ကျားဖြူပါတီဆိုင်းဘုတ်တင်ပွဲတစ်ခုမှာ ပါတီဝင်တွေရဲ့ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေအကကြောင့် စိတ်ကျန်းမာရေးမကောင်းသူ မူးလဲသွားခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာနိုင်ငံတွင်း ဒေါက်တာဇော်ဝေစိုး ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေသည့် ဘေးကင်းဆေးရုံတည်ဆောက်ရေး ပြည်သူများ အားဖြည့်ကူညီပေးကြဖို့ တိုက်တွန်း (ရုပ်/သံ)

မြန်မာပြည်တွင်းကို ပြန်လည်ရောက်ရှိကာ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ပြည်သူတွေနဲ့ တသားတည်း ပါဝင်နေတဲ့ NUG ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးဟာ ဘေးကင်းဆေးရုံတွေ တည်ဆောက်နိုင်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
Read More

မုံရွာမှာ ပြည်သူကို ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး (ရုပ်/သံ)

အာဏာရှင်ပြုတ်ကျရေးအတွက် ရဲဘော်တွေကို ကယ်တင်ပေးနေတဲ့ ဆေးမှူး (ရုပ်/သံ)
Read More

အိုးထိန်းတွင်းရွာမှာ စာသင်ကြားနေတဲ့ ကလေးငယ်နဲ့ ဆရာမတွေ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘယ်လိုသေဆုံးခဲ့ကြရလဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကြားနေတဲ့ ကလေးငယ်နဲ့ ဆရာမတွေ သေဆုံးခဲ့ပုံကို CDM ကထိကဒေါ်ရတီအုန်းက လေကြောင်း တိုက်ခိုက်မှုအပြီး စာသင်ကျောင်းကို သွားရောက်ပြီး မြေပြင်ကွင်းဆင်းပြောပြခဲ့ပါတယ်။