စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် သင်တောရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားနဲ့ ပျူစောထီး ၄ ယောက်သေကာ ၁ ယောက် ဖမ်းမိခဲ့တယ်လို့  ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုထံက သိရပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းက မင်းကင်းမြို့နယ် တောင်ဖြူရွာ၊ ပန်းဆက်ရွာနဲ့ ကျောက်ခဲတက်ရွာတို့ကနေ အင်အား ၁၀၀ ဝန်းကျင်နဲ့ သင်တောရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၃ တပ်ရင်း တပ်ခွဲ ၂ – Mahauurar Dragon PDF ၊ မဟူရာ ကျားကျေးရွာ ပကဖ၊ မင်းကင်း Local ယူနီယံတပ်ပေါင်းစု၊ သင်တော Local PDF အဖွဲ့၊  CSRAF (LPDF)၊ MHR PDF ၊ သင်တော ပကဖ၊ မင်းကင်း တပ်ရင်း ၁၊ စစ်ကိုင်း တပ်ရင်း ၃၊ ပင်နင်းလိုကယ်နဲ့ အခြား ပူးပေါင်းမဟာမိတ်တပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကန်နီရွာမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့နေရာကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်း ကန်နီရွာမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့နေရာကို နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ဒရုန်းနဲ့ ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

စစ်ကော်မရှင်၏ အတုယောင်ရွေးကောက်ပွဲတွင် မပါဝင်ကြဖို့ သခင်ဖိုးလှကြီး မကွေးခရိုင် ပကဖ တပ်ခွဲ ၆ ရဲဘော်များ တောင်းဆို (ရုပ်/သံ)

စစ်ကော်မရှင်က ဒီဇင်ဘာလအတွင်း ပြုလုပ်မယ်လို့ ကြေညာထားတဲ့ အတုယောင်ရွေးကောက်ပွဲကို ပြည်သူလူထု ပါဝင်ခြင်းမပြုလုပ်ကြဖို့ သခင်ဖိုးလှကြီး မကွေးခရိုင် ပကဖ တပ်ခွဲ ၆ ရဲဘော်တွေက မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။
Read More

Sky Villa ကွန်ဒိုအောက်တွင် ပိတ်မိနေသည့် သမီးကို မိဘများ အော်ဟစ်အားပေးစကားပြော (ရုပ်/သံ)

မန္တလေးမြို့ Sky Villa ကွန်ဒို အဆောက်အအုံအောက်မှာ ပိတ်မိနေတဲ့ သမီးကို မိဘတွေက အော် ဟစ်အားပေးစကား‌ပြောနေတဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ရက်အသုံးပြုသူတွေက မျှဝေလျက်ရှိပါတယ်။
Read More

နေပြည်တော်တွင် အဆောက်အအုံအောက် ၄၄ နာရီကြာ ပိတ်မိနေသည့် လူငယ် ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သစ္စာ ၂ လမ်းက အဆောက်အအုံအောက်မှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့ ငလျင်ကြောင့် ပိတ်မိနေတဲ့ အမျိုးသား လူငယ် ၁ ယောက်ကို ၄၄ နာရီကြာပြီးနောက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

သိမ်ဇရပ်မြို့ရှိ ခမရ ၂၀၇ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ အခြေစိုက် ခမရ  ၂၀၇ တပ်ရင်းကို ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းက ၆၀ မမ ၊ Multi Drones၊ Fixed Wing Drone တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Inntakaw People's Defence Force -IPDF  ထံက သိရပါတယ်။
Read More

အမှတ် ၁၀၀၉ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရဲဘော်တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေမှု မှတ်တမ်း (ရုပ်/သံ)

အမှတ် ၁၀၀၉ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရဲဘော်တွေရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Inle People Defense Force-IPDF က ထုတ်ပြန်လိုက်ပါတယ်။