ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားက စစ်ကောင်စီနဲ့ သဘောတူ လက်မှတ်ရေးထိုးလိုက်တယ်လို့ ရုရှားစီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်‌နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်ကဏ္ဍအပါအဝင် အခြားသော ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှား စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့ တွေ့ဆုံမှုအပြီး ပြောဆိုခဲ့ပြီးနောက် အခုလို ထားဝယ်အထူးစီးပွါးရေးဇုန်အတွက် သဘောတူညီမှု ရရှိခဲ့ကြောင်း ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံတည်ဆောက်ရေးအပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့  ရုရှားနဲ့ စစ်ကောင်စီတို့ သဘောတူ လက်မှတ်ထိုးလိုက်တာပါ။

ပဉ္စမအကြိမ် မြန်မာ-ရုရှား အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး (ဓာတ်ပုံ စကစပြန်ကြားရေးဝန်ကြီးဌာန)

ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Maxim RESHETNIKOV ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နဲ့ သဘောတူ လက်မှတ်ထိုးခဲ့တာလို့ သိရပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက်ထွက်ခွာနေစဉ် အာဏာသိမ်းစစ်တပ် အားကိုးနေရတဲ့ ရုရှားက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ စတင်ပြုလုပ်ဖို့ ပြင်ဆင်လာတာလည်း ဖြစ်ပါတယ်။

စစ်လက်နက်နဲ့ စစ်သုံးပစ္စည်း အဓိကရောင်းချနေတဲ့ ရုရှားနဲ့ မြန်မာစစ်တပ်ဆက်ဆံရေးဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် ပိုမိုထင်ရှားလာပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင်က ရုရှားကို မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းတွေ လာရောက်လုပ်ကိုင်ဖို့ မကြာခဏ ဖိတ်ခေါ်လေ့ရှိပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့လယ် မီးရထားရုံးချုပ်ဟောင်းနေရာက ပန်နီဆူလာဟိုတယ်စီမံကိန်း ရပ်ဆိုင်း၊ ရင်းနှီးမြှုပ်နှံထားတဲ့ငွေ အားလုံးကို ဆုံးရှုံးငွေအဖြစ် သတ်မှတ်

ရန်ကုန်မြို့က အမေရိကန်ဒေါ်လာသန်း ၁၃၀ ကုန်ကျမယ့် ပန်နီဆူလာဟိုတယ်စီမံကိန်းကို  ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း  Nikkei Asia သတင်းမှာ ရေးသားဖော်ပြထားပါတယ်။
Read More

မြန်မာနိုင်ငံက တင်သွင်းလာတဲ့ စားသောက်ကုန်တချို့ စားသုံးဖို့မသင့်လျော်ကြောင်း အမေရိကန် ထုတ်ပြန်

မြန်မာနိုင်ငံကနေ တင်သွင်းလာတဲ့ အသင့်စား စားသောက်ကုန်တချို့ဟာ ကျန်းမာရေးအတွက် မသင့်လျော်ကြောင်း အမေရိကန် အစားအသောက်ဘေးကင်းရေးနဲ့ စစ်ဆေးရေးဝန်ဆောင်မှုဌာန (FSIS) က သတိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ပျက်စီးနေ ဟု TCRW ထုတ်ပြန်

တနင်္သာရီတိုင်းအတွင်းက စစ်ကောင်စီရဲ့ လုပ်ငန်းတွေဖြစ်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်နေမှုနဲ့ ပတ်သက်ပြီး ၃လတာ စောင့်ကြည့်ထားတဲ့ အစီရင်ခံစာကို Tanintharyi Coalition Resource Watch (TCRW) က ထုတ်ပြန်ပါတယ်။
Read More

ရုရှားနှင့် လုပ်ဆောင်မည့် ထားဝယ်အထူးစီးပွါးရေးဇုန်ကို အရပ်ဘက်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများ ကန့်ကွက်

မြန်မာနိုင်ငံမှာ ရုရှားက ဝင်ရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်ကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်ကြောင်း မတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွါးရေး ဖွံ့ဖြိုးတော့မည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော၊ ငွေကြေးဖောင်းပွမှု ဖြေရှင်းဖို့ MMQR စနစ်ကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် စတင်မိတ်ဆက်

(MMQR) ဒစ်ဂျစ်တယ်ငွေပေးချေမှု ချိတ်ဆက်စနစ် က နိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွါးရေးအဆောက်အအုံဖွံ့ဖြိုးလာဖို့ လမ်းစဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ဗဟိုဘဏ်က အပ်ငွေနဲ့ ချေးငွေ အတိုးနှုန်းတွေကမြှင့်တင်လိုက်ခြင်းက နိုင်ငံရဲ့ စီးပွားရေးကို အထိနာနိုင်ဟုဆို

ဗဟိုဘဏ်က အပ်ငွေနဲ့ ချေးငွေ အတိုးနှုန်းများကို မြှင့်တင်လိုက်ခြင်းက နိုင်ငံရဲ့ စီးပွားရေးအခြေအနေကို ပိုမိုဆိုးရွားစွာ ဦးတည်စေတယ်လို့ လုပ်ငန်းရှင်တွေကဆိုပါတယ်။