ချင်းပြည်နယ် မြို့တော် ဟားခါးကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ခိုလှုံလာတယ်လို့ Senthang Revolution Force – SRF က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက် ဒီနေ့မှာ ဟားခါးမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် MA 1 နှစ်လက်နဲ့ အလင်းဝင်ခိုလှုံလာတယ်လို့ Senthang Revolution Force က ဆိုပါတယ်။

Senthang Revolution Force အနေနဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကို ဆုကြေးငွေနဲ့ အခြားအဖိုးတန်ပစ္စည်းတွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ ဆက်လက်မလုပ်ဆောင်ချင်တော့ဘဲ အလင်းဝင်ဖို့ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း အမြဲတမ်းကြိုဆိုနေတယ်လို့ Senthang Revolution Force က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီတပ်ထံမှ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၂၇၀ ဦး ရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ဇွန်လအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဆီက အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း အယောက် ၂၇၀ ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

တောင်သာမှာ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်၊ လက်နက် ၂ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်ရာ လက်နက် ၂ လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိပြီး စစ်တပ်စစ်ကြောင်းက ငါ့သရောက်မြို့နယ်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းကနေ မြန်မာပြည်ဆီ နေရပ်ပြန်ပို့ခံရတဲ့ ၁၂၇ ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီကနေ စောင့်ခေါ်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေ

ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ရနောင်းမြို့၊ အကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ နေရပ်ပြန်ပို့ခံခဲ့ရတဲ့ မြန်မာ ၁၂၇ ယောက်က်ု ကော့သောင်းမြို့ စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်တွေက စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။
Read More

အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်က မိုးကုတ်မြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်…

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ဧပြီလ (၂)ရက်ကနေ (၂၂)ရက်အထိ အပစ်ရပ်ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် တရားဝင် လူသတ်လိုင်စင် မရစေဖို့ မဲမပေးကြရန် KNU နှိုးဆော်

အကြမ်းဖက်စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲထည့်ပြီး စစ်တပ်ကို တရားဝင် လူသတ်လိုင်စင် မပေးဖို့နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မလုပ်မိစေဖို့ ကရင်အမျိုးသားအစည်းအရုံး KNU နှိုးဆော်လိုက်ပါတယ်။
Read More

ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှုး၊ ပဲခူးတိုင်းစစ်ဌာန စစ်ဆင်ရေးမှုးတို့နှင့် ပဲခူးခရိုင် ပကဖ ရဲဘော်များ တွေ့ဆုံ… (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူးနဲ့ တိုင်းစစ်ဌာနစစ်ဆင်ရေးမှူးတို့ဟာ ကရင်အမျိုးသားအစည်အရုံး (KNU) တပ်မဟာ (၁) နယ်မြေအတွင်းရှိ ပဲခူးခရိုင်ပကဖ ရဲဘော်တွေနဲ့ တော်လှန်ရေးနယ်မြေအတွင်း တစ်နေရာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။