မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ခမရ ၂၀၇ အနီးရှိ ကာကင်းစခန်းကို ဒရုန်း၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက် မနေ့က နေ့လည်ပိုင်းမှာ သိမ်ဇရပ်မြို့အနီး ခမရ(၂၀၇)၊ ဟိန်းမြန်မာကျောက်မိုင်းအနီးရှိ ကာကင်းစခန်းကို စစ်ကောင်စီတပ်က အင်အားဖြည့်တင်းထားကြောင်း သတင်းရရှိလို့ အင်းတကော်မြို့ပကဖ (ဒရုန်းအဖွဲ့) နဲ့ ဝေါမြို့နယ်ပကဖတို့က ဒရုန်း၊ ၆၀ မမ တို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် KNU/KNLA ဦးဆောင်ပြီး ကျိုက်ထိုပကဖ၊ သိမ်ဇရပ်ဒေသ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ကဝမြို့နယ် ပကဖ (ဒရုန်းအဖွဲ့)က သိမ်ဇရပ်မြို့၊ ဟိန်းမြန်မာကျောက်မိုင်းမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီ(၁၈) ရက်‌ မွန်းလွဲပိုင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး  နောက်ဆက်တွဲ သတင်းစုံစမ်းမှုအရ တိုက်ခိုက်မှုဖြစ်ပွားရာနေရာကို လူနာတင်ယာဉ်(၂)စီး အချိန်အပိုင်းခြားနဲ့ ဝင်ရောက်သွားတယ်လို့ ကဝမြို့နယ် ပကဖ က ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရိဒ်ခေါ်ဒါရ်မြို့မှ CNDF တပ်များ ပြန်လည်ဆုတ်ခွာ၊ ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ဆွေးနွေးမှုများ ဆက်လက်ရှိနေ …

" မြေပြင်စစ်ရေးဖိအားကြောင့် CNO/CNDF က ပြန်လည်ဆုတ်ခွါသွားတာပါ။ အခုလက်ရှိမှာတော့ မူလ ဒေသခံပြည်သူတွေ လက်ထဲ ပြန်ရောက်ပါပြီ။ Rihkhuadar စစ်ရှောင်တွေ ၈၀ ရာခိုင်နှုန်းလောက်တော့ ပြန်လာနေကြပြီ" လို့ CNF ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဗန် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လှည်းကူးရှိ ခမရ ၂၁၁ ကို လမ်းကြုံ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့၊ လှည့်ကူးမြို့နယ်က စစ်ကောင်စီရဲ့ ခမရ ၂၁၁ ဂိတ်ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေး၊ ကျုံလောင်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အနီးအနားကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 
Read More

ချင်းပြည်နယ်၊ မင်းတပ်မြို့အဝင် တောတန်းတစ်လျှောက် တောမီးများ လောင်နေ

မကွေးတိုင်းကနေ ချင်းပြည်နယ်၊ မင်းတပ်မြို့အဝင် တောတန်းတစ်လျှောက်မှာ တောမီးတွေ လောင်ကျွမ်းနေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၂ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကသာမြို့သိမ်းတိုက်ပွဲကြောင့် စစ်ရှောင်နေရသည့်နေရာကို အကြမ်းဖက်စစ်တပ်လေကြောင်း ဗုံးကြဲ

တော်လှန်ရေးအင်အားစုတွေ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ကသာမြို့ ပတ်ဝန်းကျင်ကို အကြမ်းဖက်စစ်တပ်က ဇန်နဝါရီလ ၂ ရက် ဒီကနေ့ မနက်စောပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသားတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

တောင်ရင်းရွာ ၁၄ မိုင်လမ်းဆုံအနီး စစ်တပ် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၆ ဦးအထိ တိုးလာနေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။