ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း သရက်ခရိုင် အမှတ်(၄) တပ်ရင်းက ကွပ်ကဲတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၈) နဲ့ အပတ်စဥ် (၉) သင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ရေးအခြေအနေအရ လွတ်မြောက်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်ကို အလေးပြုခြင်း၊ ကျဆုံးအာဇာနည်ရဲဘော်တွေကို အလေးပြုခြင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ သစ္စာဓိဌာန် (၄)ချက်ကို ရွတ်ဆိုခြင်း၊ သင်တန်းဆင်းရဲဘော်တွေကို လက်နက်ပေးအပ်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် တပ်ရင်းတာဝန်ရှိသူတွေက မိန့်ခွန်းပြောကြားခဲ့ပြီး ထူးချွန်ဆုရ သင်တန်းသားတွေကို ဆုချီးမြှင့်တာတွေ ပြုလုပ်ကာ တော်လှန်ရေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သီတင်းကျွတ်လပြည့်နေ့မှာ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီ NUG ပြည်ထောင်စုဝန်ကြီးချုပ် သွားရောက်တွေ့ဆုံ (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၁၇ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) မှာ မြေပြင်တော်လှန်ရေးရဲဘော်တွေဆီကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သွားရောက်တွေ့ဆုံခဲ့ပြီး ရဲဘော်တွေကလည်း ပြည်ထောင်စုဝန်ကြီးချုပ်ကို အလေးပြုခြင်းနဲ့ ဂါရဝပြုကန်တော့ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဟန်ပြအပစ်ရပ်သက်တမ်း (၁) လ တိုးထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်တွင် လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးဖြင့် ဆက်လက်တိုက်ခိုက်နေ

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မေလ ၆ ရက်ကနေ ၃၁ ရက်အထိ အပစ်ရပ် သက်တမ်း (၁)လ ထပ်တိုးထားပေမယ့် တအာင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေတွေမှာ မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနဲ့ လေကြောင်း အသုံးပြုတိုက်ခိုက်ခြင်းတွေ နေ့စဥ် ပြုလုပ်နေတယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကပစ (၆) နှင့် ၁၀ မိုင်သာ ကွာဝေးသည့် ညောင်ကျိုးတိုက်ပွဲ အပြင်းထန်ဆုံးအခြေအနေ ရောက်ရှိနေ၊ စစ်ကောင်စီ ဒုတပ်ရင်းမှူး သေဆုံးသွား

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် (AA) ကနေ ထိုးစစ်ဆင်တိုက်ပွဲဖြစ်ပွားလျက်ရှိရာ တိုက်ပွဲမှာ အပြင်းထန်ဆုံးအခြေအနေကို ရောက်ရှိနေပြီး စစ်တပ်ဘက်မှာ ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း သေဆုံးထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရန်ကုန်တွင် မနေ့ညက ၃ ကြိမ် ငလျင်လှုပ်ခဲ့ပြီး ဒီမနက် ၁ ကြိမ် ထပ်မံလှုပ်ခတ်

ရန်ကုန်မြို့အနီးကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု ဒီနေ့မနက်ပိုင်းမှာ လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာနဲ့ ထိုင်းအတွက် စတားလင့်က ဆက်သွယ်ရေးအတွက် အကူအညီပေးမည်ဟု ကမ်းလှမ်း

ပြင်းထန်စွာ ငလျင်ဘေးကြုံတွေ့ခဲ့ရတဲ့ မြန်မာနဲ့ ထိုင်းအတွက် ဆက်သွယ်ရေးများလိုအပ်ပါက အီလွန်မတ်ရဲ့ စတားလင့်က ပံ့ပိုးကူညီပေးပို့ အသင့်ရှိတယ်လို့ Space X က ထုတ်ပြန်ပါတယ်။
Read More

မြန်မာစစ်တပ်ပိုင် Mytel ကို အမေရိကန် ပိတ်ဆို့အရေးယူ

စစ်ကောင်စီရဲ့ အကျိုးအမြတ်များစွာ ပါဝင်ပတ်သက်နေတဲ့ Mytel ကုမ္ပဏီကို အမေရိကန်က ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။