ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းဆုံ၊ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်မှာရှိတဲ့ ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက် မနေ့က ညပိုင်းမှာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းတွေ အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ်အခြေအနေတွေ စုံစမ်းနေဆဲဖြစ်တယ်လို့ Operation Flame က ဆိုပါတယ်။

မိုင်းခွဲတိုက်ခိုက်မှုကို Operation Flame အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဆက်ပြီးတော့လည်း ရန်ကုန်တော်လှန်ရေးမဟာမိတ်တွေနဲ့ အတူလက်တွဲကာ အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ Operation Flame က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာ ပျူစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာ ပျူစောထီးစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ (မြိုင်) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အောင်ပန်းမှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူများအတွက် ၄ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ စစ်အာဏာရှင်တွေကို အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ကျဆုံးခဲ့သူတွေနဲ့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူတွေအတွက် (၄)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ရှမ်းတောင်အထူးတပ်ဖွဲ့ (P3.-9702) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို တော်လှန်ရေးတပ်များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်သေဆုံး

ပဲခူးတိုင်း တောင်ငူမြို့က တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ ဌာနချုပ်ဝန်းထဲက အဆောက်အအုံတွေပေါ် ကျရောက်ပေါက်ကွဲခဲ့လို့ ၅ ယောက်သေပြီး အရာရှိတွေအပါ ၄ ယောက်ထိခိုက်သွားတယ်လို့ Brave…
Read More

နွားထိုးကြီးမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ဦး အလင်းဝင်လာ

မန္တလေးတိုင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နွားထိုးကြီးမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ယောက် အလင်းဝင်ရောက်လာတယ်လို့ မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းဆီက သိရပါတယ်။
Read More

သီပေါရောက် စစ်ရှောင်များကို တအာင်းအမျိုးသမီးအဖွဲ့အစည်း စားနပ်ရိက္ခာ ကူညီထောက်ပံ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဆွတ်လန်းကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်က လိုအပ်တဲ့ စားနပ်ရိက္ခာတွေ သွားရောက် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့ပေါ် ရပ်ကွက်များမှ အရပ်သား ၉ ဦးအထိ စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်ထား…

" မြို့ပေါ်ရပ်ကွက်ပေါင်းစုံကနေ ဖမ်းတယ်။ စစ်တယ်။ ပြန်လွှတ်တယ်။ သတ်ချင်ရင်သတ်တယ်။ ဇူလိုင်လ ၁၈ ရက်ကတည်းက လုပ်တာဆိုတော့ အရေအတွက်က ရာနဲ့ချီနေပါပြီ။ မြို့ပေါ်မှာ ရပ်ကွက်ကြီး ၆ ရပ်ကွက်၊ ရပ်ကွက်ငယ်တွေနဲ့ဆို ၁၅ခုပေါ့။ သူတို့ကတစ်ရပ်ကွက်ချင်းကိုအထိုင်ချပြီးဖမ်းနေတာပါ။ " လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံကိုသန့် က မောင်းသတင်းဌာနကို ပြောပါတယ်။