စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၀ ယောက် သေဆုံးပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ (၂၁)ရက် မနက်ပိုင်းမှာ ပန်းဆက်ကျေးရွာ ပျူစောထီးစခန်းကနေ ထွက်လာတဲ့ အင်အား (၁၀၀)ကျော်ပါဝင်တဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပျူစစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ ဗိုလ်သံလုံးကင်းစခန်းကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ဆက်ပြီး စစ်ကြောင်းထိုးလာရာ သင်တောရွာနဲ့ ညောင်ပင်သာရွာ အနောက်ဘက်တောကြားအရောက် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)(အထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့တပ်ခွဲ-၂)၊ UCLAတပ်ဖွဲ့နဲ့ မင်းကင်းမြို့နယ် PDF တပ်ရင်း(၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်း ထိခိုက်သေဆုံးမှုတွေကြောင့် ပြန်လည်ဆုတ်ခွာဖို့ ပြင်ဆင်နေချိန်မှာ မင်းကင်းမြို့နယ် PDF တပ်ရင်း(၄)၊ မင်းကင်းမြို့နယ် ပကဖ ရွေ့လျားတပ်ဖွဲ့၊ မင်းကင်းမြို့နယ် Local တပ်ပေါင်းစု၊ ကနီမြို့နယ် ပကဖ၊ ကျောက်လုံးကြီးအဖွဲ့၊ SRFအဖွဲ့ ၊မဟူရာ Dragon အဖွဲ့၊ စစ်ကိုင်း တပ်ရင်း(၃)၊ ချင်းတွင်းတော်လှန်ရေးအဖွဲ့တွေ တပ်ကူရောက်ရှိလာပြီး အကြမ်းဖက်စစ်ကြောင်းကို ဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် အကြမ်းဖက်စစ်ကြောင်းဟာ ထိခိုက်သေဆုံးမှု များပြားလာပြီး ထွက်ပေါက်မရှိ ဖြစ်နေချိန် စစ်ကောင်စီရဲ့ လေတပ်က ဂျက်ဖိုက်တာ လေကြောင်းပစ်ကူ ရောက်လာကာ ညနေပိုင်းမှာတော့ အကြမ်းဖက်စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ကလေးခရိုင် ပကဖ က ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက လက်လုပ်သေနတ် (၃) လက်၊ ကာဘိုင် (၁) လက်၊ MA ကျည်ဘောက် (၅) ခု၊ ကာဘိုင်ကျည်ဘောက် (၆) ခု၊ ဗုံးသီး (၂) လုံး၊ i-con (၂) လုံး၊ ကာဘိုင်

ကျည် (၁၂၀) တောင့်၊ 7.62 ကျည် (၁၅) တောင့်၊ 5.56 ကျည် (၁၅) တောင့်၊ ဖုန်း (၁) လုံးနဲ့ ဆေးကတ် (၅) ကတ် ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီ စစ်သုံ့ပန်း တစ်ယောက် အရှင်ဖမ်းမိခဲ့ပြီး အလောင်း(၄)လောင်း တွေ့ရှိခဲ့သလို အကြမ်းဖက်စစ်ကြောင်းက ထိခိုက်ဒဏ်ရာရသူများပြားကာ နောက်ထပ် ၆ ယောက် သေဆုံးခဲ့တယ်လို့ ကလေးခရိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ကလည်း ရဲဘော် ၄ ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာတွေရခဲ့ပြီး သူတို့ဟာ ကလေးခရိုင်၊ အထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ တပ်ခွဲ ၂ က ရဲဘော် ၃ ယောက်နဲ့ လက်ချိန်ကျေးရွာ ပကဖ က ရဲဘော် ၁ ယောက်တို့ ဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်သား အလောင်း(၄)လောင်းနှင့် သိမ်းဆည်းရရှိသည့် စစ်အသုံးဆောင်ပစ္စည်းများ (ဓာတ်ပုံ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့)

0 Shares:
You May Also Like
Read More

ဖားအံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၃) ဦး သေဆုံး၊ (၁၇) ဦး ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် သေဆုံးပြီး (၁၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်းကို စစ်ကော်မရှင်တပ် ဗုံးကြဲ၊ ဒေသခံ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ငတရော်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွား၊ စစ်ကား ၁ စီး ထိခိုက်ပျက်စီး…

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၂၆၂ အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တို့ နှစ်ဖပ်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ Aung San's Land Natmaukအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပေါ်တာဆွဲခံခဲ့ရတဲ့ ပြည်သူ့စစ် လူငယ် ၃ဦး ULF စစ်ကြောင်းထံလက်နက်နှင့်တကွ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် တော်လှန်ရေးအင်အားစုဖြစ်တဲ့ ယင်းမာပင်မြို့နယ် ပကဖ (လက်ရုံးတပ်) ULF စစ်ကြောင်းထံကို ပြည်သူ့စစ် လူငယ် ၃ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက် ခိုလှုံလာခဲ့တယ်လို့ ULFစစ်ကြောင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာကို စစ်ကောင်စီ လေကြောင်းမှ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်များအပါ ပြည်သူ ၃၀ ဦးခန့် သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ အယောက် ၃၀ ခန့် သေဆုံးခဲ့တယ်လို့ ကနဦး သိရပါတယ်။
Read More

စစ်ရှောင်တွေကို ဖမ်းသွားတဲ့ PDF အယောက်ဆောင် စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး ၁၀ ယောက် သေ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ PDF အယောင်ဆောင်ပြီး စစ်ရှောင်အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁၀ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံက သိရပါတယ်။