စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ပြည်သူတွေကို ဖမ်းဆီးပြီး ကျေးရွာတွေကို မီးရှို့နေတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူ ၁၅ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင် တပ်ရင်း ၄ က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်‌မှာ ကန့်ဘလူအခြေစိုက် စစ်ကောင်စီရဲ့ ၆၀၀၆ အမြောက်တပ်ရင်းကနေ အင်အား (၁၂၀) ခန့် တင်‌ဆောင်လာတဲ့ ကားတွေဟာ ဇီးကုန်း သကြားစက်(ကစရ) ကို ရောက်ရှိလာပြီး ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းမှာတော့ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပေါ်ရှိ ကွင်း(၉) စစ်ကောင်စီ အထိုင်စခန်းကနေ အင်အား(၂၀၀)ခန့်နဲ့ ပေကြီးရွာဘက် ခြေလျင်စစ်ကြောင်းထိုးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ပေကြီးရွာက ပြည်သူအယောက် (၃၀)ခန့်ကို ဖမ်းဆီးခဲ့ရပြီး ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ ပါဝင်သလို ပေကြီးရွာကိုလည်း တစ်ရက်အတွင်း (၃)ကြိမ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် အကြမ်းဖက်စစ်ကြောင်းရဲ့ အင်အား တစ်ဝက်ခန့်က ငှက်ပျောတိုင်းကျေးရွာဘက် ဆက်လက်ထွက်ခွာလာရာ တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးသူ (၁၀) ယောက်ခန့် ရှိတယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း ၄ က ဆိုပါတယ်။

အဲဒီအကြမ်းဖက်စစ်ကြောင်းဟာ စစ်ဘေးရှောင်‌ပြည်သူတွေရှိရာ နေရာတွေကို ဒရုန်းနဲ့ အကြိမ်(၂၀)ခန့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ပြည်သူတွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကြောင်းဟာ ပေကြီးရွာနဲ့ ထနောင်းသုံးပင်ရွာက ပြည်သူပိုင်ပစ္စည်းတွေကို ကားတွေနဲ့ သယ်ဆောင်ပြီး ကွင်း(၉)၊ ယမနေနဲ့ ဇီးကုန်းသကြားစက်(ကစရ)သို့ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ အဆိုပါ စစ်ကြောင်းဟာ ခမရ (၃၆၁)တပ်ရင်းနဲ့ ပျူစောထီးခေါင်းဆောင် ဝါသဝ ရဲ့ ပျူစောထီးတွေ ပါဝင်တဲ့ ပူးပေါင်းစစ်ကြောင်းဖြစ်ပြီး သင်တန်းဆင်းပြီးခါစ စစ်ကောင်စီ တပ်သားသစ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဖေဖော်ဝါရီလ (၂၁) ရက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပေကြီးရွာရှိ စစ်ကောင်စီတပ်တွေ ထပ်မံထိတွေမှုဖြစ်ပွားရာ စစ်ကောင်စီတပ်က (၅) ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း ၄ က ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ ပေကြီးရွာ၊ ငှက်ပျောတိုင်းရွာ၊ ငှက်ပျောတိုင်းလျှပ်စစ်မီးရုံးတို့မှာ တပ်စွဲထားတယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း ၄ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ် ဒရုန်းနဲ့ jumper တွေ အသုံးများလာတာကြောင့် တော်လှန်ရေးတပ်တွေ ပိုမိုသတိထားဖို့နဲ့ ပိုမိုအားဖြည့်ကူညီပေးကြဖို့ လိုအပ်လာနေ

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မြေပြင်မှာ အမြဲလိုလို စစ်ရေးရှုံးနိမ့်နေတာကြောင့် လေကြောင်းတိုက်ခိုက်မှုကို အဆက်မပြတ် အသုံးပြုနေတဲ့အပြင် ဒရုန်းတွေ jumper တွေလည်း ပိုမိုအသုံးပြုလာတာကြောင့် မပေါ့ဆကြဖို့နဲ့ အထူးဂရုစိုက်ကြဖို့ ဒရုန်းတီထွင် ထုတ်လုပ်နေတဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ ပြီးခဲ့တဲ့…
Read More

မြင်းမူမြို့က စစ်စခန်းကို ဒရုန်းတွေနဲ့ တိုက်ခိုက်၊ စစ်သားတွေ ထိခိုက်သေဆုံးနိုင်သလို တော်လှန်ရေးဘက်က ဒရုန်းတစ်စီး ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးရဲဘော်တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Defence Force - MMU က ထုတ်ပြန်ထားပါတယ်။
Read More

ဖားဆောင်းမြို့ ခလရ ၁၃၅ တပ်ရင်းစခန်းသိမ်းတိုက်ပွဲတွင် ၁၉ နှစ်နှင့် ၂၀ နှစ်အရွယ် တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၁၃၅ တပ်ရင်းစခန်းသိမ်းတိုက်ပွဲမှာ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် (အမှတ်-၁၁၀၈ တပ်ရင်း)က ထုတ်ပြန်ပါတယ်။
Read More

လှည်းကူးရှိ ခမရ ၂၁၁ ကို လမ်းကြုံ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့၊ လှည့်ကူးမြို့နယ်က စစ်ကောင်စီရဲ့ ခမရ ၂၁၁ ဂိတ်ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နမ့်ခမ်းနဲ့ လောက်ကိုင်ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

MNDAA နဲ့ TNLA တို့ထိန်းချုပ်ထားတဲ့ နမ့်ခမ်းနဲ့ လောက်ကိုင်မြို့တို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဘုတလင်နယ်ကို စစ်အုပ်စုက ထိတွေ့ပစ်ခတ်မှုမရှိဘဲ စက်တပ်လေထီးနဲ့ ၂ ရက်တိုင် ပစ်ခတ် ၊ ဒေသခံတစ်ဦးထိမှန်ဒဏ်ရာရ…

" အခြေအနေကတော့ ဘာမှထူးခြားမှုမရှိပါဘူးဗျ ၊ သပ်သပ်ကို လာကြဲတာပါ၊ နေအိမ်ကတော့ ပျက်ဆီး ဆုံးရှုံးမှုမရှိပါဘူးခင်ဗျ ၊ ဒဏ်ရာရတဲ့တစ်ယောက်က သူ့အိမ်မှာနေရင်းအစထိမှန်သွားတာ" လို့ ရွာဇော်ကြီးတော်လှန်အသံမှ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။