ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက် အကြောင်းမဲ့ ထိုးနှက်ခံရမှုအတွက် သွားရောက်တိုင်ကြားကြရာမှာ ထောင်အာဏာပိုင်တွေက အဲ့လိုတောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သေနတ်ဖောက်ပြီး ရိုက်နှက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၂၃ ရက် မနက် ၈နာရီဝန်းကျင်အချိန်မှာ ပြည်အကျဉ်းထောင်ထဲက စားရိပ်သာတာဝန်ခံ (ဖိုခေါင်း) ဖြစ်သူ အကျဉ်းသားလင်းထိန် ဆိုသူက ဘာအကြောင်းပြချက်မှ ပြောဆိုခြင်းမရှိဘဲ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကို လက်သီးနဲ့ ထိုးခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အကျဉ်းထောင်အတွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား (၁၀၀)ကျော်ခန့်က မိန်းဂျေးရှေ့ကို သွားရောက်ပြီး ထောင်မှူး(နှစ်ပွင့်အရာရှိ) ဦးကျော်အောင်ထံ ကျူးလွန်သူ လင်းထိန်ကို အရေးယူပေးဖို့ ငြိမ်းချမ်းစွာ တင်ပြတောင်းဆိုနေစဥ်မှာ  အကျဉ်းထောင်ဗဟိုကင်းကနေ သေနတ်(၂)ချက် ပစ်ဖောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အကျဉ်းထောင်ဝန်ထမ်း တစ်ပွင့်အရာရှိ တေဇာဝင်းရဲ့ အမိန့်ပေးစေခိုင်းမှုကြောင့်  ထောင်

ဝန်ထမ်း ဥက္ကာမိုး အပါအဝင် အကျရုံးမှာ တာဝန်ကျနေတဲ့ အခြားရာဇဝတ်အကျဉ်းသားဖြစ်သူ စူပါဖိုး၊ အခန်းစာရေး ငတိတို့အဖွဲ့က နိုင်ငံရေးအကျဉ်းသားတွေကို  ဝါးဆစ်တုတ်တွေ၊ သစ်သားတုတ်တွေ၊ ဓားတွေကိုင်ဆောင်ပြီး ဝင်ရောက်ရိုက်နှက် ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“လာတိုင်လို့ဆိုတာထက် လာရောက်တင်ပြနေစဉ်မှာပဲ ဖြေရှင်းနေစဉ်အတွင်းမှာပဲ ရုတ်တရက် ဝင်ရောက်ရိုက်နှက်ခံရတဲ့ အခြေအနေ ဖြစ်ခဲ့တာပေါ့နော်၊ ဒါကတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ၊ ဒါကြောင့်မို့ ထောင်ထဲမှာ သူတို့ရဲ့ လက်ကိုင်တုတ်တွေကို ဒီလို လက်နက်ပေးသုံးတာမျိုးတွေ၊ အလျဉ်းမသင့်ရင် သေဆုံးနိုင်လောက်တဲ့အထိ အသုံးပြုလို့ရတဲ့ တုတ်၊ ဓား၊ လက်နက်တွေကို ပေးသုံးတာကို တာဝန်ကျတဲ့ အကျဉ်းဝန်ထမ်းကို တာဝန်ယူဖို့ ပြောချင်ပါတယ်၊ အဓိက ပါဝင်ကျူးလွန်သူတွေကို စုံစမ်းပြီး အရေးယူဆောင်ရွက်ပေးဖို့ ပြောချင်ပါတယ်” လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။

ဒီဖြစ်စဉ်ကြောင့် နိုင်ငံရေးအကျဉ်းသား (၅) ယောက်မှာ ဖူးယောင်ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ခြေထောက် ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

PPNM အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မတရားဖိနှိပ်မှုမပြုဖို့၊ ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက် အရေးယူပေးဖို့ တောင်းဆိုထားပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူ ရပ်တည်သွားမှာဖြစ်သလို ဆက်လက်စောင့်ကြည့် ဝန်းရံသွားမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အမေရိကန်ရောက် ကိုထိန်လင်း နယူးယောက်မြို့ရှိ ကုလဆိုင်ရာ မြန်မာသံရုံးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံ…

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံရုံးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ် အဲရစ် (ခ) ကိုထိန်လင်း သွားရောက်ခဲ့ပြီး ကုလဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ကြို့ပင်ကောက်ကရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့နေ

ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရေစကြိုမှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်အပါ ၉ ဦးသေဆုံး၊ ၉ ဦး အရှင်ဖမ်းဆီးရမိ…

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၉ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Myingyan Black Tiger (MBT) က သတင်းထုတ်ပြန်ပါတယ်။
Read More

မြဝတီ-ဝေါ်လေ ကားလမ်းက စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို ထပ်ပြီးသိမ်းပိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း ၂ (Venom Column) က ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြို့ပေါ်မှာ ရည်စားနဲ့ သွားတွေ့ရင်း လုပ်သက် ၂၅ နှစ်ရှိ ဒုတပ်ကြပ် အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ လုပ်သက်၂၅နှစ်ရှိ ဒုတပ်ကြပ် ၁ယောက်နဲ့ ပျူစောထီး ၁ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ KBU-တောလေးအဖွဲ့က ထုတ်ပြန်ပါတယ်။