စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း PDF တပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီက ဝင်ရောက်စီးနင်းစဉ်  အပြန်အလှန်တိုက်ပွဲဖြစ်ပွားရာ PDF တပ်ဖွဲ့ဝင်တစ်ယောက် ကျဆုံးခဲ့ရပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက် မနက် ၃ နာရီမှာ မြင်းမူမြို့နယ်အခြေစိုက် Moe Nyo Revolution Force (M.N.R.F) စခန်းတစ်ခုကို  စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း M.N.R.F တပ်ဖွဲ့က အသက် ၁၈ နှစ်အရွယ် ရဲဘော် ဘိုမင်းချီ မြင့်မြတ်စွာ ကျဆုံးကာ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပါတယ်။

0 Shares:
You May Also Like
Read More

ပိတ်လှောင်မှုများကြားမှ ကြိုးစားရုန်းထွက်ခဲ့ကြသည့် အဘွားနှင့် မြေး ၂ ယောက် (ရုပ်/သံ)

မန္တလေးမြို့ Sky Villa ကွန်ဒိုမှာ ပြိုကျနေတဲ့ အဆောက်အအုံအောက်ကနေ အဘွားနဲ့ မြေးဖြစ်သူ ၂ယောက် ရုန်းထွက်ပြီး အသက်ရှင်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မြေပြန့်ဒေသကို မဟာဗျူဟာထိုးစစ်ဆင်နိုင်ဖို့ အထူးလှုပ်ရှားတပ် – Special Regiment မှ အတွေ့ အကြုံရှိ ရဲဘော်ဟောင်းတွေနဲ့ ရဲဘော်သစ်တွေ ဖိတ်ခေါ် (ရုပ်/သံ)

အထူးလှုပ်ရှားတပ် - Special Regiment မှ မြေပြန့်ဒေသကို မဟာဗျူဟာထိုးစစ်ဆင်နိုင်ဖို့ အတွေ့ အကြုံရှိ ရဲဘော်ဟောင်းတွေနဲ့ ရဲဘော်သစ်တွေ ဖိတ်ခေါ်လျက်ရှိပါတယ်။
Read More

မြိုင်တွင် ပြည်သူပိုင်ပစ္စည်း ခိုးယူနေသည့် စစ်အုပ်စု အလစ်တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ သေနတ် ၁ လက် ရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာအတွင်း ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ဆည်မြို့ မူကြိုကျောင်းပြိုကျမှုအတွင်း သေဆုံးသွားသည့် ဆရာမနှင့် ကလေးငယ်များကို ‌‌ရေစက်ချအမျှဝေပြီး အမိန့်စာပြန် (ရုပ်/သံ)

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က Bright Kids မူကြိုကျောင်း ငလျင်ဒဏ်ကြောင့် ပြိုကျမှုအတွင်း သေဆုံးသွားတဲ့ ကျောင်းဆရာမ၊ စျေးရောင်းသူအမျိုးသမီးနဲ့ ကလေး ၂၅ ယောက်အတွက် ဒီနေ့ ဧပြီ ၂ ရက်မှာ ရေစက်ချအမျှဝေပြီး အမိန့်စာပြန်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောက်မြို့ကနေ ရန်ကုန်သွားတဲ့ လမ်းမှာ ပေါ်တာဆွဲခံခဲ့ရတဲ့ တပ်သား စန်းဝင်းနိုင် (ရုပ်/သံ)

စစ်ကော်မရှင်တပ်ရဲ့ တပ်သား စန်းဝင်းနိုင်ဟာ ချောက်မြို့ကနေ ရန်ကုန်သို့ သွားရောက်စဉ် ချောက်ဂိတ်မှာ အဓမ္မတပ်သားစုဆောင်းခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ပေါ်တာဆွဲခံရပြီးနောက် ရှမ်းပြည်နယ်မှာ စစ်သင်တန်း ၃ လ တက်ရောက်ခဲ့ပြီး ကယားပြည်နယ် လွိုင်ကော်ကနေတစ်ဆင့် ဒီမော့ဆိုမြို့သို့ ပို့ဆောင်ခံရစဉ် တော်လှန်ရေးတပ်တွေဘက်ကို လက်နက်နဲ့အတူ အလင်းဝင်ခဲ့သူဖြစ်ပါတယ်။