ပြည်ပက မြန်မာသံအမတ်နဲ့ သံတမန် အယောက် သုံးဆယ်ကို NUG အမည်ပျက်စာရင်းသတ်မှတ်လိုက်တယ်လို့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အမည်ပျက်စာရင်းသတ်မှတ်ခံရတဲ့အထဲမှာ လန်ဒန်မြို့က မြန်မာသံရုံးနဲ့ လော့စ်အိန်ဂျလိစ်မြို့က မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွေ နဲ့ပြညပနိုင်ငံတွေက သံအမတ်တွေ အဓိကပါဝင်ခဲ့တာပါ။

အထူးသဖြင့် သံရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သံအမတ်ကြီးတွေနဲ့ သံတမန် အမျိုးသား ၂၈ ယောက်၊ အမျိုးသမီး နှစ်ယောက်တို့ ပါဝင်တယ်လို့ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်မှာ အမိန့်ညွှန်ကြားချက်တွေကို နာခံပြီး CDM ဝန်ထမ်းတွေကို ဖိအားပေးအကျပ်ကိုင်တာ၊ လက်ရှိဖြစ်နေတဲ့ အမှန်တရားတွေကို ဖုံးကွယ်ပြီး စစ်အာဏာရှင်နဲ့ ပူးပေါင်းနေတာကြောင့်အမည်ပျက်စာရင်းသွင်းရခြင်းဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

၄င်းတို့ဟာ နိုင်ငံတကာအသိုင်းအဝိုင်းကို မဟုတ်မမှန်သတင်းတွေ ဖြန့်ဝေတာ၊ ကြေညာချက်ထုတ်ပြန်တာတွေ လုပ်နေကြတယ်လို့လည်း ဆိုပါတယ်။

0 Shares:
You May Also Like
Read More

မာနယ်ပလောစစ်ဆင်ရေးအတွင်း ပါဝင်ခဲ့သည့် KNDO၊ ABSDF ရဲဘော်များနှင့် Federal Wings ရဲဘော်များကို KNLA မှ ဂုဏ်ပြုလွှာချီးမြှင့်

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဗဟိုဌာနချုပ်မှာ ဇူလိုင်လ (၁၆) ရက်က ပြုလုပ်ခဲ့တဲ့ (၇၈) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDO နေ့အခမ်းအနားမှာ မာနယ်ပလောဒေသ ပြန်လည်ရရှိရေး ပါဝင်တိုက်ပွဲဝင်ခဲ့သူတွေကို ဂုဏ်ပြုလွှာတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြိတ်ခရိုင် PDF အမှတ် ၂ တပ်ရင်း၏ ‎၇၈ နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား… (ဓာတ်ပုံသတင်း)

ဇူလိုင်လ ၁၉ ရက်ဒီနေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့က ပြည်သူနေအိမ် အများအပြား ပျက်စီးဆုံးရှုံး

ရှမ်းပြည်နယ်၊ တအာင်းပြည် တပ်မဟာ (၂) နယ်မြေ၊ နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် အများအပြား ပျက်စီးရှုံးဆုံးနေတယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သတင်းထုတ်ပြန်လာပါတယ်။
Read More

တော်လှန်ရေးကာလ ၄ နှစ်တာအတွင်း ပကဖ ရဲဘော် ၁ ထောင်ကျော် ကျဆုံးခဲ့

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်ကျော်ကာလမှာ တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော် ၁၀၀၀ ကျော် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က ဒီနေ့မှာ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
Read More

မလိဝမ်းကျေးရွာ ရဲစခန်းနှင့် အမှတ် (၅၈၂) ခြေမြန်တပ်ရင်း တိုက်ခိုက်ခံရအပြီး စစ်အုပ်စုက သတင်းဖုံးဖိထား၊ လုံခြုံရေးတင်းကြပ်မှုများ လုပ်ဆောင်လာ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ မလိဝမ်းကျေးရွာ ရဲစခန်းနဲ့ အမှတ် (၅၈၂) ခြေမြန်တပ်ရင်းတို့ အလစ်အငိုက် တိုက်ခိုက်ခံရပြီး တိုက်ပွဲအတွင်း ထိခိုက်သေဆုံးခဲ့တဲ့ စစ်သားနဲ့ ရဲတွေရဲ့ သတင်းကို အကြမ်းဖက်စစ်တပ်က ဖုံးဖိထားကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ် မီးရှို့ခဲ့တဲ့ အိုမကျေးရွာ ဒေသခံတွေကို ကူညီထောက်ပံ့မှုပြုလုပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ အိုမကျေးရွာက နေအိမ် ၁၉အိမ်ကို ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်းက ထောက့်ပံငွေတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။