စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်ကဏ္ဍအပါအဝင် အခြားသော ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့တွေ့ဆုံစဉ်မှာ ရုရှားက ပြောကြားလိုက်ပါတယ်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအပြင် ဓာတ်မြေသြဇာထုတ်လုပ်ရေး၊ ရေနံနှင့်ဓာတုထုတ်ကုန်ပစ္စည်းထုတ်လုပ်ရေးတို့မှာပါ ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်ဖို့ အသင့်ရှိနေတယ်လို့ ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးက မင်းအောင်လှိုင်နဲ့ ဖေဖော်ဝါရီ ၂၂ ရက် မနေ့က တွေ့ဆုံစဉ်မှာ ပြောကြားလိုက်တာပါ။

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက်ထွက်ခွာနေစဉ် အာဏာသိမ်းစစ်တပ် အားကိုးနေရတဲ့ ရုရှားက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ စတင်ပြုလုပ်ဖို့ ပြင်ဆင်လာခရတာလည်း ဖြစ်ပါတယ်။

(ဓာတ်ပုံ စကစပြန်ကြားရေး)

စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းအဓိကရောင်းချတဲ့ ရုရှားနဲ့ မြန်မာစစ်တပ်ဆက်ဆံရေးဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် ပိုမိုထင်ရှားလာပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင်က ရုရှားကို မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းတွေ လာရောက်လုပ်ကိုင်ဖို့ မကြာခဏဖိတ်ခေါ်လေ့ရှိပါတယ်။

ရုရှားဟာ အာဏာသိမ်းမြန်မာစစ်တပ်ကို စစ်လက်နက်နဲ့ လောင်စာဆီတွေ အဓိက ထောက်ပံ့ ရောင်းချနေပြီး စစ်တပ်က ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကိုလည်း တရုတ် နည်းတူ ထောက်ခံအားပေးမယ်လို့ တရားဝင်ပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်-စစ်တွေကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို AA ကစတင်တိုက်ခိုက်

စစ်တွေမြို့ ရန်ကုန်-စစ်တွေ ကားလမ်းပိုင်းရှိ စစ်တပ်စခန်းတွေကို AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ ရခိုင်ပြည်နယ်က စစ်ရေးစသတင်းအရင်းအမြစ်တွေထံကသိရပါတယ်။
Read More

ပဲခူးတိုင်း စိုးမိုးနယ်​မြေအတွင်းရှိ လမ်းများကို ရန်ကုန်တိုင်း ပကဖ ပြုပြင်ပေးနေ

ပဲခူးတိုင်းအတွင်းရှိ စစ်တောင်းမြစ်ဝှမ်းဒေသ၊ ကျေးရွာအချို့မှာ ကာကွယ်​ရေးဝန်ကြီးဌာနလက်အောက်ရှိ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ - ၃ က ရဲဘော်​တွေဟာ ရာသီဥတုဒဏ်ကြောင့် ပျက်စီးသွားတဲ့ လမ်း​တွေကို ကျေးရွာသူ၊ ကျေးရွာသား​တွေနဲ့ အတူတူပူးပေါင်းပြီး ပြန်လည်ပြုပြင် ဆောင်ရွက်နေတယ်လို့ ပကဖ အသံက မနေ့က သတင်းဖော်ပြပါတယ်။
Read More

ဧရာဝတီတိုင်းထဲ ရောက်လာတဲ့ ရခိုင်စစ်ရှောင်တွေကို စစ်ကောင်စီလက်အောက်ခံတွေက အကြောင်းအမျိုးမျိုးပြ လိုက်လံမောင်းထုတ်နေ

ရခိုင်ဒေသ တိုက်ပွဲတွေကြောင့် ဧရာဝတီတိုင်းထဲ စစ်ဘေးရှောင်လာသူတွေကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရဲ နဲ့ စစ်သားတွေက လိုက်လံမောင်းထုတ်မှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ဘေးရှောင်တချို့ထံက သိရပါတယ်။
Read More

တောင်ငူ-သံတောင်လမ်းပိုင်းမှာ စစ်သားတွေတိုက်ခိုက်ခံရပြီး ၃ ယောက် သေ၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ လောင်းရှည်တိုက်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ၂ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက် သေကာ ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း People Defense Force - Saw ထံက သိရပါတယ်။
Read More

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာတောင်ထိပ်မှာ တည်ထားတဲ့ တောင်ပေါ်ဘုရားက ဗုဒ္ဓ​ရုပ်ပွားတော်တွေ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံထားရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က လအိကျေးရွာ တောင်ပေါ်မှာတည်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံထားရတဲ့အတွက် ပြည်သူတွေကြား ထိတ်လန့်မှု ဝေဖန်မှုတွေဖြစ်နေကြတယ်လို့ ဒေသခံတွေဆီက တဆင့် သိရပါတယ်။
Read More

ဖြူးမှာ တိုက်ပွဲတွင်း စစ်သုံ့ပန်း ၂ဦးကို အရှင်ဖမ်းမိပေမဲ့ သေနတ်လု ထွက်ပြေးတာကြောင့် ရှင်းလင်းခဲ့ရဟုဆို

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်း စစ်သား ၂ဦးကို အရှင်ဖမ်းမိခဲ့ပေမယ့် စစ်ဆေးနေစဉ်အတွင်း သေနတ်လု ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ဖြူးမြို့နယ် ပကဖက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့၊ မနက် ၁၀ နာရီခွဲဝန်းကျင်အချိန်မှာ ဖြူးမြို့နယ်၊ ဇေယျာဝတီ အရှေ့တောင်ဘက်၊ ကြပ်ကွင်းကျေးရွာ၊ ကြပ်ကွင်းတာဝါတိုင်အနီးမှာ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးရဲဘော်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။