ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ဟာ မြန်မာနိုင်ငံကို Black List စာရင်းထဲ ဆက်လက်သတ်မှတ်ထားဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်ရဲ့ ဥက္ကဌကိုယ်တိုင် FATF ရဲ့ မျက်နှာစုံညီအစည်းအဝေးကို တက်ရောက်ခဲ့ပြီး Black List စာရင်းကနေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဆက်လက်ပြီး Black list စာရင်းထဲမှာ မြန်မာပြည်ကိုထည့်သွင်းထားလိုက်တာ ဖြစ်ပါတယ်။

ငွေကြေးခဝါချမှုဆိုင်ရာ အရေးယူတိုက်ဖျက်ရေး နဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အရေးယူမှုတွေမှာ လုပ်ဆောင်စရာတွေ ကျန်ရှိနေသေးပြီး အခြေအနေတိုးတက်လာခြင်း မရှိလို့ မြန်မာနိုင်ငံကို Black List စာရင်းထဲထည့်သွင်းရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

FATF အဖွဲ့ရဲ့ မျက်နှာစုံညီအစည်းအဝေးကို ပြင်သစ်နိုင်ငံမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေတက်ရောက်စဉ်မှာပဲ မြန်မာပြည်ကို Black List စာရင်းထဲမှာ ဆက်လက်သက်တမ်းတိုးလိုက်ခြင်းလည်း ဖြစ်ပါတယ်။ 

ပြီးခဲတဲ့ ၂၀၂၂ ခုနှစ်က  ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)ရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ မြန်မာနိုင်ငံကို black list စာရင်း ထည့်သွင်းသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တီမောလက်စ်တီကို အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့် စစ်ကောင်စီကန့်ကွက်

တီမောလက်စ်တီ အစိုးရဟာ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရေးမူကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေရင် “တီမောလက်စ်တီကို အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်ပေးဖို့ စဉ်းစားချက်တွေကို ပြတ်ပြတ်သားသား ပယ်ချမှာဖြစ်တယ်” လို့ စစ်ကောင်စီခန့် အာဆီယံ-မြန်မာ အထွေထွေ အကြီးတန်း အရာရှိများ အစည်းအဝေး (SOM) ခေါင်းဆောင် ဟန်ဝင်းအောင် လက်မှတ်ရေးထိုးထားတဲ့ အဲဒီစာမှာ ဖော်ပြထားပါတယ်။
Read More

မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီးနောက် NUG အစိုးရနှင့် မနက်ဖြန်မှာ တွေ့ဆုံမည်ဟု မလေးရှားဝန်ကြီးချူပ်က ပြော

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီကနေ့ ဧပြီ ၁၇ ရက် ညနေပိုင်းက တွေ့ဆုံခဲ့အပြီးမှာတော့၊ မလေးရှားဝန်ကြီးချူပ်က မနက်ဖြန် ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေနဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးသွားမယ်လို့ သူရဲ့လူမှုကွန်ရက် X မှာ ရေးသားထားပါတယ်။
Read More

ဘန်ကောက် ဆန္ဒပြပွဲအနီး မြန်မာ ၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်မှာရှိတဲ့ အနုစာဝရီကျောက်တိုင် - Victory Monument မှာ ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် နုတ်ထွက်ရေး ဆန္ဒပြနေကြတဲ့ ဧရိယာ အနီးတတိုက်က မြန်မာနိုင်ငံသား ၇ ယောက်နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်မပြုရန် တရုတ်ကို NUG တိုက်တွန်း၊ မင်းအောင်လှိုင်ကို စစ်ရေးပြအခမ်းအနား ဖိတ်ကြားမှု မြန်မာပြည်သူများ၏ တန်ပြန်တုန့်ပြန်မှုကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေဟု ဆို

တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို အသိမှတ်ပြုမှု ဆိုင်းငံထားဖို့၊ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှုကို ငြင်းပယ်ဖို့နဲ့ စစ်ခေါင်းဆောင်ကို ယာယီသမ္မတလို့ ရည်ညွှန်းကိုးကားနေတာကို ရပ်စဲဖို့ဆိုတဲ့ အချက်တွေ ပါဝင်တဲ့ တိုက်တွန်းစာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စု၏ ရွေးကောက်ပွဲကို လေ့လာသူ စေလွှတ်မည်ဟု ထိုင်းပြော၊ ရွေးကောက်ပွဲကို တရားဝင်ဖြစ်စေဖို့ ရည်ရွယ်ခြင်းမဟုတ်ဟု ဆို

ဒီလကုန်ပိုင်းမှာ ပြုလုပ်ဖို့လျာထားတဲ့ မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေကို လေ့လာသူတယောက် စေလွှတ်ဖို့ စီစဉ်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ဒီဇင်ဘာလ ၁၉ ရက်မှာ ပြောဆိုထားပါတယ်။
Read More

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာများ၏ ဒုက္ခ ပိုမိုကြီးလေးခဲ့သည်ဟု ကုလနှင့် နိုင်ငံတကာကို သံအမတ်ကြီး ဦးကျော်မိုးထွန်း အသိပေး

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ ဒုက္ခဟာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာ  ပိုမိုဆိုးရွားလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။