မြန်မာ-ထိုင်းနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေမှာအဓိက ပါဝင်ပတ်သက်နေတဲ့  တရုတ်နိုင်ငံသား ၄၀၀ ကျော်ကို ဖမ်းဆီးရရှိထားကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံပူးပေါင်းပြီး မြဝတီနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို စတင်နှိမ်နင်းနေပြီး လက်ရှိအချိန်အထိ ဖမ်းဆီးနိုင်ခဲ့တဲ့ အရေအတွက်ကို ထုတ်ပြန်လိုက်တာပါ။

ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ တရုတ်နိုင်ငံသား အယောက် ၃ဝဝ ကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သလို ဖေဖော်ဝါရီလ ၂၂ ရက်မှာလည်း အွန်လိုင်းလိမ်လည်မှုနဲ့ ဒုစရိုက်မှုလုပ်ငန်းတွေမှာ ဆက်စပ်ပါဝင်ခဲ့ကြတဲ့ တရုတ်နိုင်ငံသား (၁၁၁) ယောက် လွှဲပြောင်းခဲ့ကြောင်း ဆိုထားပါတယ်။

(ဓာတ်ပုံ စကစပြန်ကြားရေး)

မြန်မာနိုင်ငံဆိုင်ရာ  တရုတ်သံရုံးကတော့ ကျားဖြန့်လုပ်ငန်းမှာ ပါဝင်ပတ်သတ်သူ  တရုတ်နိုင်ငံသား ၈၀၀ ကျော်လောက်ရှိတယ်လို့ ကနဦးသတင်းတွေ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိတဲ့သူတွေကို  နယ်ခြားစောင့်တပ် (BGF) က မဲ‌ဆောက်ဘက်ခြမ်းကို လွှဲပြောင်းပေးပြီး ထိုင်းနိုင်ငံကဆင့် တရုတ်က လေယာဉ်နဲ့ နေ့တွင်းချင်း အသုတ်လိုက်  ပြန်လည်ခေါ်ယူနေတာ ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့ထဲက ကျားဖြန့် ဂိုဏ်း ၂ ခု ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်ကနေ ဖေဖော်ဝါရီ ၁၅ ရက်အထိ ၁၇ ရက်အတွင်း တရားမဝင်နိုင်ငံခြားသား ၈၀၀ နီးပါးကို ရှာဖွေတွေ့ရှိ ထိန်းသိမ်းထားတယ်လို့ စစ်ကောင်စီက ကနဦး ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အညာဒေသအခြေစိုက် Rocket Fighter တပ်ဖွဲ့၏ ခဲယမ်းသိုလှောင်စခန်း မီးလောင်ပျက်စီးမှု ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ ခဲယမ်းများ ပျက်စီးဆုံးရှုံးခဲ့

အညာဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် တစ်ခုဖြစ်တဲ့ Rocket Fighter တပ်ဖွဲ့ရဲ့ ခဲယမ်းသိုလှောင်စခန်း မီးလောင်မှုဖြစ်ပွားကာ ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ ခဲယမ်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲခံရပြီး စစ်သားဖြစ်လာသူက ညီဖြစ်သူရှိရာ PDF တပ်ရင်းထံ အလင်းဝင်ကာ အကြမ်းဖက်စစ်တပ်ကို ပြန်တိုက်မည်

ပဲခူးတိုင်း၊ ​တောင်ငူမြို့နယ်မှာ အိမ်ပေါ်အထိ ပေါ်တာတက်ဆွဲခံရပြီး စစ်မှုထမ်းတပ်သားဖြစ်လာသူက ညီဖြစ်သူရှိရာ PDF တပ်ရင်းထံ အလင်းဝင်ရောက်လာပြီး အကြမ်းဖက်စစ်တပ်ကို ပြန်တိုက်သွားဖို့ရှိကြောင်း နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း 803 တပ်ရင်းမှူး ရဲဘော်ရာမွန် က မောင်းကိုပြောပါတယ်။
Read More

ငလျင်ဒဏ် ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ၊ ချောင်းဦးမှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနှင့် ဗုံးသီးကြဲချတိုက်ခိုက်နေ

စစ်ကိုင်းတိုင်းရှိ မြင်းမူ၊ ချောင်းဦး ၊ မုံရွာ စတဲ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ မြင်းမူမြိုနယ်သတင်းမှန်ပြန်ကြားရေးက မနေ့က ထုတ်ပြန်ပါတယ်။
Read More

အရက်ဆိုင်တွင် ပျူစောထီး ၃ ဦး ပစ်ခတ်ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ပျူစောထီး ၃ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်မယ်လို့ CRPH ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပုလဲနယ်က အကြမ်းဖက်စခန်းတွေကို စက်တင်ဘာလအတွင်း ဗုံးအလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ အများအပြားသေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ အကြမ်းဖက်ရဲစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တစ်လအတွင်း ဒရုန်နဲ့ ဗုံးသီး အလုံး ၁၀၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။