ထိုင်းနိုင်ငံ၊ Nong Bua ဒေသအတွင်းက ကျေးရွာတွေမှာ မြန်မာနိုင်ငံသားတွေကို ည ၉ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရဆိုတဲ့ စည်းကမ်းအပါအဝင် တခြား စည်းမျဥ်းစည်းကမ်းတွေပါဝင်တဲ့ စာရွက်တွေကို ဖြန့်ဝေနေပြီး ဖိနှိပ်မှုတွေ ပြုလုပ်နေတယ်လို့ အဲဒီဒေသအတွင်း နေထိုင်တဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေထံက သိရပါတယ်။

အဆိုပါ စာကို ထိုင်းအစိုးရ‌က ဖြန့်ဝေတာမျိုး မဟုတ်ဘဲ ကျေးရွာအတွင်းရှိ ထိုင်းလူမျိုးတွေက ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်ရာ အနီးတဝိုက်မှာ လိုက်ကပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

“အခုက အစိုးရတွေ ပေါင်းပြီး မြန်မာတွေကို နှိပ်ကွပ်နေတာလို့ပဲ မြင်တယ်၊ ကျားဖြန့်ကိစ္စကြောင့် အစစ်အဆေးလုပ်တာ တရုတ်တွေက ဘာမှ မဖြစ်ဘူး မြန်မာတွေကပဲ ကြားထဲက ခံနေရတယ်” လို့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတစ်ယောက်က မောင်းကို ပြောပါတယ်။

အဲဒီ စည်းကမ်းတွေထဲမှာ ကွမ်းတံတွေးမထွေးရ၊ ဆူဆူညံညံ မပြုလုပ်ရ၊ လောင်းကစား မပြုလုပ်ရ၊ မြန်မာလူမျိုးတွေ လိုင်စင်မရှိဘဲ ကား၊ ဆိုင်ကယ်မောင်းနှင်ခြင်းမပြုရ၊ ခွင့်ပြုချက်မရှိဘဲ အလှူပွဲလုပ်တာ၊  ပါတီပြုလုပ်တွေကိုလည်း ပိတ်ပင်ထားပြီး ည ၉ နာရီ နောက်ပိုင်း အိမ်ပြင်မထွက်ရ ဆိုတဲ့ စည်းကမ်းချက်ကိုပါ ချမှတ်ထားတာပါ။

စည်းကမ်းဖောက်ဖျက်ရင် ဒဏ်ငွေ ဘတ် ၅၀၀ ကနေ ဘတ် ၂,၀၀၀ အထိ အရေးယူခြင်း၊ ဖမ်းဆီးတရားစွဲဆိုခြင်းနဲ့ ရွာကနေ နှင်ထုတ်ခြင်း စတဲ့ ပြစ်ဒဏ်တွေကို ချမှတ်မယ်လို့လည်း ရေးသားထားတာ တွေ့ရပါတယ်။

အလားတူ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာလည်း ၁၀ နာရီနောက်ပိုင်း မြန်မာနိုင်ငံသားတွေ အပြင်ထွက်ခွင့်ကို ပိတ်ပင်ထားပြီး ၁၀ နာရီနောက်ပိုင်းမှ အလုပ်သိမ်းတယ်ဆိုရင်လည်း လုပ်ငန်းရှင်ရဲ့ ထောက်ခံစာနဲ့သာ သွားလာခွင့်ရတယ်လို့ သိရပါတယ်။

“အစ်မတို့ ဆီမှာ ည ၁၀နာရီဆိုအပြင်မထွက်ရတော့ဘူး၊ အလုပ်နောက်ကျတဲ့သူတွေကို ထောက်ခံစာ လုပ်ထားရတယ် အလုပ်က ၁၁နာရီမှ ပြီးတယ်ဆိုတာ မှန်ကန်ကြောင်း ထောက်ခံစာတို့.. မြန်မာတွေ သီးသန့် နိုင်ငံခြားသားမပါဘူး” လိပ်ကျွန်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ရွေ့ပြောင်းမြန်မာလုပ်သားတစ်ယောက်ကလည်း ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ မြန်မာသံရုံးကနေ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေရဲ့ ဗီဇာကို သက်တမ်းတိုးပေးနိုင်ခြင်း မရှိသေးတဲ့ ကာလအတွင်း ၆ လ နေထိုင်ခွင့်ပြုတယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပေမယ့် ဖမ်းဆီးမှုတွေ များစွာရှိနေကြောင်း ထိုင်းရောက် မြန်မာနိုင်ငံသားတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့ ဗီဇာသက်တမ်းတွေ ကုန်ဆုံးပြီဖြစ်ပေမယ့် မြန်မာသံရုံးက ဗီဇာသက်တမ်းတိုး လုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးတာကြောင့် ဗီဇာလျှောက်ထားတဲ့ အမည်စာရင်းနဲ့ နေထိုင်ခွင့်ပြုထားကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားတာပါ။

ဒါပေမယ့် ဗီဇာသက်တမ်းကုန်ဆုံးမှုကို အကြောင်းပြကာ မြန်မာနိုင်ငံသား အများအပြားကို နေ့စဥ်ရက်ဆက် ဖမ်းဆီးမှုတွေ ပြုလုပ်လျက်ရှိနေပြီး ဖမ်းဆီးရမိသူတွေကို စစ်ကောင်စီထံ ပြန်လည်အပ်နှံတာတွေ ရှိနေတယ်လို့ သိရပါတယ်။

“ဒီလို သက်တမ်းမတိုးပေးသေးတာနဲ့ ဖမ်းဆီးတာတွေက စစ်ကောင်စီကနေ အစီအစဥ်တကျ လုပ်နေတယ်လို့ ထင်တယ်။ ထိုင်းက တချို့ နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့ သူတွေကလည်း မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးပေးဖို့ တိုင်တန်းတာတွေ ရှိတယ်” လို့ ဘန်ကောက်မှ ရွှေ့ပြောင်းမြန်မာလုပ်သား ၁တစ်ယောက် မောင်းကို ပြောပါတယ်။

အဆိုပါ ဖမ်းဆီးခံရမှု ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့လည်း စာထုတ်ပြန်ခြင်း၊ ထိုင်းအာဏာပိုင်တွေကို ဆက်သွယ်ညှိနှိုင်းပေးခြင်း၊ တခြားသောအလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှုတွေအပေါ် တာဝန်ယူဖြေရှင်းပေးခြင်းတို့ မရှိတာကြောင့် ထိုင်းရောက် ပြည်သူတချို့က ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပြန်ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်ဝမ်အရေး တရုတ်ဘက်က ထောက်ခံရပ်တည်မယ်လို့ အကြမ်းဖက်စစ်အုပ်စု ပြောခွင့်ရ ဇော်မင်းထွန်း ဆို

"ဂျပန်ဝန်ကြီးချုပ်သစ်ရဲ့ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ပြောကြားချက်များကို ကျွန်တော်တို့ နိုင်ငံတကာမီဒီယာတွေမှာ တွေ့လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့သဘောထားကတော့ မြန်မာနိုင်ငံ အစိုးရသည် တရုတ်နိုင်ငံရဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)ကို ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိပါတယ်” လို့ ဇော်မင်းထွန်းက ဆိုလိုက်တာပါ။
Read More

ထိုင်းမှာ ယာဉ်မောင်းအိပ်ငိုက်လို့ ခရီးသွားကားတစ်စီး မတော်တဆဖြစ်၊ မြန်မာ ၁၂ ဦး အပါအဝင် ၃၆ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ Phetchaburi ပြည်နယ်၊ Khao Yoi ခရိုင်မှာ မတ်လ ၁၄ ရက် မနက် ၄ နာရီမတိုင်ခင်က ခရီးသွားကားတစ်စီး မတော်တဆဖြစ်ပွားခဲ့တာကြောင့် ခရီးသည်အားလုံး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်း Khaosod English မှာ ဖော်ပြပါတယ်။ 
Read More

နိုင်ငံရေးအခြေအနေများ အပြောင်းအလဲဖြစ်နေသည့် အိန္ဒိယတွင် မြန်မာဒုက္ခသည်များ သတိထားနေထိုင်ကြဖို့ India For Myanmar တိုက်တွန်း

အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတွေကြား နိုင်ငံရေးအခြေအနေနဲ့ မူဝါဒအပြောင်းအလဲတွေနဲ့အတူ တရားမဝင် နိုင်ငံခြားသားအရေး တင်းကြပ်လာတဲ့ အိန္ဒိယအစိုးရကြောင့် မြန်မာဒုက္ခသည်တွေအနေနဲ့ အထူးသတိပြုနေထိုင်သင့်တယ်လို့ India For Myanmar တာဝန်ရှိသူ ၁ ဦးက မောင်းကို ပြောပါတယ်။
Read More

မင်းအောင်လှိုင်က သူ့ကိုယ်သူ ဘုရင်လို့သုံးနှုန်းပြီး လက်နက်စကြာရှင် ပူတင်နှင့် တွေ့ဆုံမှုဟာ မြတ်စွာဘုရားရှင်၏ ဗျာဒိတ်တော်အရ ဖြစ်သည်ဟု ပြောဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် လုပ်ဆောင်နေသူများကို အားပေးကူညီမည်ဟု အမေရိကန် ထုတ်ပြန်

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ လုပ်ဆောင်နေသူတွေကို အားပေးကူညီသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ပြောကြားလိုက်ပါတယ်။
Read More

ဝေါ့ပါမစ် သက်တမ်းတိုးရာမှာ စလစ်ကြေး ၁၈၀၀ သွင်းစရာမလိုဘူးလို့ ဘန်ကောက်က မြန်မာသံရုံးဆို

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဝေါ့ပါမစ်သက်တမ်းတိုးရာမှာ တချို့သောအေဂျင်စီတွေပြောသလို စလစ်ကြေး ဘတ် ၁၈၀၀ သွင်းစရာမလိုဘူးလို့ ဘန်ကောက်က မြန်မာသံရုံးက ပြောဆိုကြောင်း The Nation သတင်းမှာ ဖော်ပြပါတယ်။