ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ ကို ပြည်ပရောက်မြန်မာတွေက နိုင်တဲ့ဘက်ကကူညီပေးကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့တွင် ကျင်းပတဲ့ ချင်းအမျိုးသားနေ့ အခမ်းအနားမှာ သံအမတ်ကြီးက ထည့်သွင်းပြောကြားလိုက်တာပါ။

(ဓာတ်ပုံ Nay Lewis)

“စစ်တပ်က မတရားစစ်အာဏာသိမ်းခဲ့တဲ့ ၄ နှစ်ကျော်အတွင်းမှာ ကျနော်တို့ ချင်းပြည်သူတွေရော တနိုင်ငံလုံးက ပြည်သူတွေအနေနဲ့က တကယ့်ကို ဆိုးရွားလွန်းတဲ့နေ့ရက်တွေ ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့ ကျနော်တို့ ပြည်သူတွေခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေ လွတ်မြောက်အောင် မြန်မာနိုင်ငံတွင်းက ပြည်သူတွေ၊ ပြည်ပမှာ ရှိတဲ့ မြန်မာြပည်သားတွေကနေ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီပေးကြပါလို့ “ တိုက်တွန်းပြောကြားလိုက်တာပါ။

မြန်မာပြည်တွင်းမှာမဟုတ်ပေမယ့်လည်း ပြည်ပရောက်မြန်မာတွေအနေနဲ့ ပြည်တွင်းက ပြည်သူတွေနည်းတူ အခက်အခဲတွေရှိပါကလည်း အချင်းချင်းကူညီရိုင်းပင်းရင်း စစ်အာဏာရှင်ကို ဖြုတ်ချဖို့ အချိန်နဲ့အမျှကြိုးစားကြဖို့လည်း သံအမတ်ကြီးကဆိုပါတယ်။

ချင်းအမျိုးသားနေ့ အခမ်းအနားကို သံအမတ်ကြီးနဲ့အတူ NUG ကတာဝန်ရှိသူအချို့လည်း တက်ရောက်ခဲ့ပြီး ချင်းအမျိုးသားနေ့အခမ်းအနားမှာ ဝင်ရောက်ဆင်နွှဲခဲ့ကြပါတယ်။

(ဓာတ်ပုံ Nay Lewis)
0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့်ဒေသများအတွက် ဗြိတိန်နှင့် ဩစတေးလျအစိုးရတို့ ငွေကြေးဆိုင်ရာ ကူညီထောက်ပံ့မှုများ စတင်ပေးအပ်

ဗြိတိန်နဲ့ ဩစတေးလျ အစိုးရတွေက မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ အင်အားပြင်းငလျင်အတွက်  သက်ဆိုင်ရာ အဖွဲ့အစည်းတွေကတဆင့် ငွေကြေးထောက်ပံ့ကူညီမှုတွေပြုလုပ်သွားမယ်လို့ သက်ဆိုင်ရာ သံရုံးတွေကနေ အသီးသီးထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ် စတင်၊ မတ်လ ၄ ရက်နေ့တွင် ပူတင်နှင့် တွေ့ဆုံမည်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဒုတိယအကြိမ်မြောက် ရုရှားနိုင်ငံခရီးစဉ်အဖြစ် ဒီနေ့ မတ်လ ၃ ရက်မှာ နေပြည်တော်လေဆိပ်ကနေထွက်ခွါသွားပြီ ဖြစ်ပါတယ်။
Read More

ငလျင်ဒဏ်သင့် မြန်မာအတွက် ဒေါ်လာ ၂ သန်း အမေရိကန် ကူညီမည်

ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၂ သန်းထောက်ပံ့ကူညီသွားမယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ရာထူးတာဝန်မှ ဆိုင်းငံ့

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ နယ်စပ်အရေး ဖုန်းပြောဆိုတဲ့ အသံဖိုင် ပေါက်ကြားပြီးနောက် ထိုင်းလွှတ်တော်အမတ်တွေရဲ့ တောင်းဆိုချက်အရ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ရာထူးတာဝန်ကနေ ယာယီဆိုင်းငံ့ထားတယ်လို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

မြန်မာပြည်သူတွေဟာ ကုလအပေါ် မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ လျော့ပါးသွားပြီဟု ဦးကျော်မိုးထွန်း ပြော

မြန်မာပြည်သူတွေဟာ ကုလသမဂ္ဂအပေါ် မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ လျော့ပါးလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

မြောက်ဦးဆေးရုံကို စစ်တပ် တိုက်ခိုက်မှုအပေါ် တုန်လှုပ်ခြောက်ခြားမိကြောင်း WHO အကြီးအကဲ ပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုဟာ လူသားမျိုးနွယ်အပေါ် တိုက်ခိုက်မှုဖြစ်ပြီး လူပေါင်းများစွာရဲ့ ကျန်းမာရေးစောင့်ရှောက်ခံယူမှုအပေါ် ကြီးကြီးမားမား နှောင့်ယှက်ဖျက်ဆီးလိုက်တာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရော့စ် (Tedros) က ပြောကြားလိုက်ပါတယ်။