မကွေးတိုင်း၊ ပွင့်ဖြူခရိုင်၊ စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီက တောင်ယာလုပ်ကိုင်သူတွေစုနေတဲ့ ယာတဲအိမ်တွေကို စက်တပ်​လေထီး (Paramotor) နဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ နှစ်အရွယ် ကလေး ၁ ယောက် အပါအဝင် အရပ်သား ၈ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်၊ ဒီနေ့မနက် အရုဏ်တက်ချိန်လောက်မှာ စေတုတ္တရာမြို့နယ်၊ မုံညှင်းကျေးရွာအနီးက မင်းလမ်းယာတဲစုကို စစ်ကောင်စီက စက်တပ်လေထီး (Paramotor) တွေနဲ့ ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ တိုက်ပွဲအခြေအနေလုံးဝမရှိတဲ့ အရပ်သားပစ်မှတ်တွေကို အကြောင်းမဲ့သက်သက် လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

“ဒီနေ့မနက် ၃ နာရီလောက်မှာ စက်တပ်လေထီးနဲ့ ဗုံး၂ ခါ လာချသွားတာပါ။ အဲ့နေရာလေးက တောင်သူတွေယာလုပ်ပြီး ယာနားမှာစုနေကြတာ။ တဲအိမ်လေးတွေက ကပ်ကပ်လေးတွေ။ အဲ့ကနေမှ ရွာငယ်လေးလိုမျိုးဖြစ်လာတာ။ အခုသိရသလောက်ဆို  လူသေတာအပြင် နေအိမ် ၃ လုံးလည်း လုံးဝပျက်စီးသွားပါတယ်” လို့ ဒေသခံအရပ်သား၁ယောက်က မောင်းကိုပြောပါတယ်။

စက်တပ်လေထီးဗုံးတွေကြောင့် တဲအိမ်စုကနေအိမ်တွေ ထိခိုက်ပျက်စီးပြီး အရပ်သား ၈ ယောက်နဲ့ နွား၂၄ ကောင် သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူ  ၅ ယောက်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲအခြေအနေမရှိဘဲ သက်သက်မဲ့ကို ဗုံးလာကြဲသွားတာပါ။ နောက်ပြီး အိပ်နေတဲ့အချိန်ကြီးဆိုတော့ ဘယ်သတိထားမိကြမလဲ” လို့ ဒေသခံအရပ်သား၁ယောက်က မောင်းကိုပြောပါတယ်။

လက်ရှိအခြေအနေအရ စေတုတ္တရာမြို့နယ်နဲ့ ထိစပ်နေတဲ့ ပွင့်ဖြူမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး ပွင့်ဖြူမြို့နယ်အတွင်းက လမ်းပိုင်းတွေကို တော်လှန်ရေးတပ်တွေက ယာယီပိတ်ပင်ထားပါတယ်။

စစ်ကောင်စီ၏ စက်တပ်လေထီးကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့စဉ် (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ချက်ချင်းရုတ်သိမ်းပေးဖို့ အာဆီယံပါလီမန်အမတ်များအဖွဲ့ တောင်းဆို

ပြည်သူလူထုအပေါ် ဖိနှိပ်ဖမ်းဆီးမှုတွေ အားကောင်းလာစေနိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ချက်ချင်းရုတ်သိမ်းပေးဖို့  လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR)က တောင်းဆိုလိုက်ပါတယ်။
Read More

နိုဝင်ဘာ ဒုတိယပတ်အတွင်း စစ်ကော်မရှင်တပ်ထံမှ အလင်းဝင်နှင့် စစ်သုံ့ပန်း စုစုပေါင်း ၁၀၉ ဦး ရှိ၊ သန္ဓေစစ်သားများ အလင်းဝင်မှု များလာ

အခုလ နိုဝင်ဘာ ဒုတိယပတ်အတွင်း စစ်ကော်မရှင်တပ်ထံကနေ အလင်းဝင်လာသူနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၁၀၉ ယောက်ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ စာရင်းအရ သိရပါတယ်။
Read More

မုံရွာ နမခမှ စစ်မှုထမ်းတပ်သား ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က စစ်မှုထမ်းတပ်သား ၂ ယောက်ဟာ‌ တော်လှန်ရေးတပ်ဖွဲ့ထံကို လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ဒို့အရေးချန်နယ်ဆီက သိရပါတယ်။
Read More

စစ်ကောင်စီကို တိုက်ခိုက်နေသည့် NUG ၊ EAO နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို နည်းပညာပိုင်းအရ ကူညီရန် အသင့်ရှိကြောင်း Federal Wings ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAO) တွေနဲ့ ဒေသတွင်း(Local) လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို နည်းပညာပိုင်းအရ ကူညီဖို့ အသင့်ရှိတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ရဲ့ (၁၄၂) ရက်မြောက်မှာ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ယူကေရောက် တိုင်းရင်းသားတွေ ပင်လုံစာချုပ် (၇၉) နှစ်မြောက် အခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ယူကေရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားတွေက ပင်လုံစာချုပ်ချုပ်ဆိုခြင်း(၇၉) နှစ်မြောက် အခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက် မနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။