ယနေ့ ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှာ နှစ်ငါးလုံးလှုပ်ရှားမှုအဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်” စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးအင်မတန်တင်းကြပ်ထားတဲ့ ကြားကနေ ရန်ကုန်တော်လှန်လူငယ်တွေက ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိကြုံတွေ့နေရတဲ့ အထွေအထွေကြပ်တည်းမှု၊ ကိုယ်စိတ်မလုံခြုံမှု၊ အဓမ္မစစ်သားစုဆောင်းခံရမှု၊ ဖိနှိပ်ခံရမှုတွေရဲ့ အဓိကလက်သည်းတရားခံဟာ ဖက်ဆစ်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ လက်ဝေခံလူတစ်ုကြောင့်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွေကနေ လွတ်မြောက်ဖို့ ပြည်သူလူထုကြီးအနေနဲ့ ”ခေါင်းငုံ့မနေဘဲ တော်လှန်ခြင်းနည်းလမ်းနဲ့ တုံ့ပြန်ကြဖို့၊ အထွေအထွေဖိနှိပ်မှု တွေကို အံ့တုတွန်းလှန်ရင်း မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်အာဏာသိမ်းစစ်တပ်အမြစ် ပြတ်တဲ့အထိ ဆက်လက်တော်လှန်ကြဖို့ သတင်းစကားပါးအနေနဲ့ ဒီလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသ PDF တပ်ဖွဲ့တွေရဲ့ စစ်ရေးလေ့ကျင့်ပြင်ဆင်မှု (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသက PDF တပ်ဖွဲ့ဝင်တွေရဲ့ ပြင်းပြင်းထန်ထန်  စစ်ရေးလေ့ကျင့်နေတဲ့ ရုပ်သံမှတ်တမ်းတွေကို ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မုံရွာမြို့နယ်ရှိ စစ်ကောင်စီတပ် အထိုင်စခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်တွေရှိရာ စွမ်းရည်ထက်အထိုင်စခန်း၊ မအူအထိုင်စခန်းနဲ့ သာစည်ထောင်စခန်းတွေကို ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force-Monywa ထံက သိရပါတယ်။
Read More

တော်လှန်ရေးအမည်ခံ လုပ်စားနေသည့်အဖွဲ့များကို အရေးယူသွားမည်ဟု ပုဂံပြည်ဘီလူးတပ်ဖွဲ့ ပြောကြား (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်း ‌တော်လှန်ရေးကို ပုံရိပ်ကျစေတဲ့ PDF အမည်ခံပြီး ဓားပြတိုက်ပြန်ပေးဆွဲနေတဲ့ အဖွဲ့တွေကို အရေးယူသွားမယ်လို့ ပုဂံပြည်ဘီလူးတပ်ဖွဲ့ တာဝန်ခံ ရဲဘော် ကိုဇီးက ပြောပါတယ်။
Read More

ဗန်းမော်တွင် ပစ်ချခံရသည့် အကြမ်းဖက်စစ်တပ်၏ Mi17 ရဟတ်ယာဉ်အပျက်အစီးနှင့် ရုပ်အလောင်း ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မှာ ဒီနေ့ မေလ ၂၀ ရက်မှာ KIA က ပစ်ချခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့  Mi-17 ရဟတ်ယာဉ်အပျက်အစီးနဲ့ တပ်သားအလောင်းဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ငုံ့မခံနဲ့ တုံ့ပြန်ကြ၊ ပြည်သူသာ အဓိကဟေ့ … (ဒေါက်တာတေဇာစန်း)

မန္တလေးမြို့လယ် ဈေးချိုတော်အနီးမှာ မနေ့က ဒေါက်တာတေဇာစန်း၊ ကိုနန်းလင်း (ရန်ကုန်)၊ ကိုခန့်ဝေဖြိုး (စစ်ကိုင်း) တို့အပါအဝင် လူထုသပိတ်ခေါင်းဆောင်များပါဝင်တဲ့ ဆန္ဒပြပွဲတစ်ခု လုပ်ဆောင်ခဲ့ကြပါတယ်။ အမတန်လူစည်ကားတဲ့ မန္တလေးမြို့လယ် ဈေးချိုတော်အနီးမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါစစ်အာဏာရှင်ဆန့်ကျင်ရေး၊ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးသပိတ်မှာ ဒေါက်တာတေဇာစန်းက