ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
မူးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ခလရ-၇၄တပ်က ဖေဖော်ဝါရီလ (၁၈) ရက် ညပိုင်းမှာ ၁၂၀ မမ လက်နက်ကြီး (၂) လုံးကို ပစ်ခတ်ခဲ့ရာ ညောင်ပင်သာ ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုအတွင်း အရပ်သား (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်အနေနဲ့ ညောင်လေးပင်ခရိုင်အတွင်း န့စဥ် အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေ စိုးရိမ်ကြောက်ရွံ့ကာ အသက်ရှင်သန်နိုင်ရေးအတွက် လုပ်ကိုင်စားသောက် သွားလာနေထိုင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ပုံစာ − အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ…
0 Shares:
You May Also Like
Read More

ငလျင်ဘေးသင့် ပြည်သူတွေအနေနဲ့ ကရင်နီပြည်ကို လာရောက်ခိုလှုံမည်ဆိုလျှင် အတက်နိုင်ဆုံး ကြိုဆိုပံ့ပိုးပေးမည်ဟု IEC အသိပေးကြေညာ၊ ငလျင်ဘေးကို အကြောင်းပြု ပိုမိုဆိုးရွားတဲ့ ဖိနှိပ်ကန့်သတ်မှုများ လုပ်ဆောင်လာနိုင်သည်ကိုလည်း သတိကြီးစွာ တုံ့ပြန်ဖို့ IEC သတိပေး

ငလျင်ဒဏ်ခံ ပြည်သူတွေအနေနဲ့ ကရင်နီပြည်ကို လာရောက်ခိုလှုံမယ်ဆိုရင် အတက်နိုင်ဆုံး ကြိုဆိုပံ့ပိုးပေးသွားမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ဒီနေ့မှာ အသိပေးကြေညာထားပါတယ်။
Read More

မိုးဗြဲ PDF ကယ်ဆယ်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ရန် သူနာပြုဆရာမ ၂ ဦး ခေါ်ယူနေ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးဗြဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကယ်ဆယ်ရေးတပ်ဖွဲ့ (MPRT) မှာ တာဝန်ထမ်းဆောင်ဖို့အတွက် သူနာပြုဆရာမ ၂ ယောက် ခေါ်ယူမယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ငါန်းဇွန်တွင် အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီ ကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာအင်အားဖြည့်တင်းဖို့လာတဲ့ အကြမ်းဖက် စစ်ကောင်စီကားတွေကို လမ်းပိုင်းတစ်နေရာကနေ​ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း TGYR-Youth Guerrilla Counter Revolution-NZ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ငလျင်ဒဏ်သင့် မန္တလေးရဲ့ နာမည်ကျော် စျေးချို တောင်/မြောက်တိုက်တန်းကြီးမှ အဆောက်အအုံများကို ဖျက်သိမ်းမည်

ငလျင်ဒဏ်သင့်ခဲ့တဲ့ မန္တလေးရဲ့ နာမည်ကျော် စျေးချိုတော်ရဲ့ နေရာအချို့မှာ ကြံ့ခိုင်မှု အားနည်းနေတာကြောင့် ဖျက်သိမ်းမှုတွေ ပြုလုပ်သွားမယ်လို့ စျေးအကျိုးတော်ဆောင်အဖွဲ့တွေထံက သိရပါတယ်။
Read More

နွားထိုးကြီးတွင် မီးရှို့လူသတ်သည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်အုပ်စု ၁၀ ဦး သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

⁨⁨⁨ပြည်သူများကို အတင်းအကြပ် စစ်မှုထမ်းထဲ ထည့်နေသည့် ပျူစောထီး ဇရပ်မှာ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဦးတိုကညင်ပင်အုပ်စု၊ ဦးတိုမြန်မာစုကျေးရွာမှာနေထိုင်တဲ့  ပျူစောထီး ခင်မောင်ဝင်းဟာ ကျေးရွာနေ ပြည်သူတွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၃⁩) ထံက သိရပါတယ်။