ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာမှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအ၀င် ဒေသခံ (၃) ယောက် သေဆုံးပြီး (၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက် ညပိုင်းက စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။။
စစ်ကောင်စီတပ် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက်(၈)နှစ်အရွယ် ကလေးငယ်အပါ ၃ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၅)လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၂ရက် ဒီနေ့ ညသန်းခေါင်ကျော်ချိန်မှာလည်း စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ နောင်ချိုမြို့နယ်၊ ရွှေမုဠောကျေးရွာကို ဗုံး (၅)လုံးနဲ့ တောင်ရှည်ကျေးရွာကို ဗုံး (၂၇)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ (၁) ယောက် သေဆုံးပြီး နေအိမ်အများအပြား ထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်ကလည်း နောင်ချိုမြို့နယ်၊ လောက်ဖန်းကျေးရွာမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၁) ယောက် သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် ဒေသခံ (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၆)လုံး ထိခိုက်ပျက်စီးသွားခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲမဖြစ်ပွားဘဲ အရပ်သားတွေကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်အောင် စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်က ကာကွယ်နိုင်ဖို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ဖေဖော်ဝါရီလ ၂၂ ရက် ဒီနေ့အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း အသုံးပြု တိုက်ခိုက်မှုကြောင့် TNLA စိုးမိုး နယ်မြေအတွင်း ကလေးတစ်ယောက် အပါအ၀င် အရပ်သား ၆ ယောက် သေဆုံးခဲ့ပြီး ကလေး ၁ ယောက်အပါအဝင် ၁၅ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မင်းကင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ စစ်ဘေးရှောင်တွေ ကယ်ထုတ်နေတဲ့ ကျောင်းသားတော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ကာ နှစ်ဖက်ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ စစ်ဘေးရှောင်တွေကို ကယ်ထုတ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိကာ စစ်ရှောင်စခန်းတစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Student's Revolutionary Force (S.R.F) ရဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် Bravo က မောင်းကိုပြောပါတယ်။
Read More

လယ်ထွန်မည့် ပျူစောထီးများ ချုံခိုတိုက်ခိုက်ခံရပြီး ၂ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ လယ်ထွန်ဖို့ထွက်လာတဲ့ ပျူစောထီးတွေကို ချုံခိုတိုက်ခိုက်ရာ ၂ ယောက် သေဆုံးပြီး လက်နက်နဲ့ ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Ngwe Dwin Revolution Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အာဏာသိမ်းစစ်တပ်က မြို့နယ်ပေါင်း ၁၀၀ ကျော်မှာ မဖြစ်မနေ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေ

စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားတယ်လို့ ယူဆရတဲ့ နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၁၀၀ကျော်မှာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို ပြောဆိုလိုက်ပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်ဟု ယူကေနှင့် ဩဇီသံရုံး ထုတ်ပြန်

“ဆက်လက်ဖြစ်ပွားနေသော အကျပ်အတည်းအတွက် ငြိမ်းချမ်းသည့် အဖြေရှာဖွေရာတွင် အတားအဆီးဖြစ်မည်ကို မိမိတို့ အထူးစိုးရိမ်ပါသည်။ လက်ရှိမြန်မာနိုင်ငံရှိ အခြေအနေသည် လွတ်လပ်၍ တရားမျှတပြီး လူတိုင်းအကျုံးဝင်သည့် ရွေးကောက်ပွဲကျင်းပရန်အတွက် လိုအပ်သည့်အရာများ မပြည့်စုံနေပါဘူး” လို့ သြစတြေးလျအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီက မြန်မာပြည်တောင်ပိုင်းကို ထိုးစစ်အသွင်ပြောင်းလာလို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အရေအတွက်မြင့်တက်

စစ်ကောင်စီက မြန်မာပြည်တောင်ပိုင်းဒေသကို ထိုးစစ်အသွင်ပြောင်းလာပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အရေအတွက် မြင့်တက်လာတယ်လို့  Rehmonnya Institute for Civic Engagement - RICE  က ထုတ်ပြန်ပါတယ်။  
Read More

တောင်ကုတ်မြို့က အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာရှိတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ သိရပါတယ်။