အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဖိလစ်ပိုင်နိုင်ငံမှာ ဖေဖော်ဝါရီလ (၂၁) ရက်က ကျင်းပတဲ့ FORUM ON THE HUMAN RIGHTS AND HUMANITARIAN SITUATION IN MYANMAR အခမ်းအနားကို တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအခမ်းအနားကို ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေးကော်မရှင်( The Commission on Human Rights of the Philippines-CHR) နဲ့ Burma Solidarity-Phillippines လူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ အရပ်ဘက်အဖွဲ့အစည်းက ဦးစီးကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အခမ်းအနားမှာ NUG ဝန်ကြီးက လက်ရှိတော်လှန်ရေးအင်အားစုတွေရဲ့ ကြိုးပမ်းမှု၊ တိုးတက်နေမှုအခြေအနေတွေ၊ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်ချိုးဖောက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေ၊ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာပြည်သူတွေအပါအဝင် လူနည်းစုတွေ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အာဆီယံနဲ့ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့၊ အကြမ်းဖက်စစ်အုပ်စုကို လက်နက်နဲ့ စပ်ဆက်ပစ္စည်းတွေ ထောက်ပံ့ကူညီတာတွေ မပြုလုပ်ဖို့ NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် NUG ဝန်ကြီးက အကြမ်းဖက်စစ်အုပ်စုကို စီးပွားရေးပိတ်ဆို့မှုတွေကို အခုထက်ပိုမိုလုပ်ဆောင်ပေးဖို့၊ အာဆီယံအနေနဲ့ မြန်မာ့အရေးကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ကြိုးပမ်းဆောင်ရွက်ဖို့၊ အကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်မပြုဖို့ အစရှိတဲ့အချက်တွေကိုလည်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအခမ်းအနားမှာ ရှေ့ပြေးအသံ(Progressive Voice) က ဒေါ်ခင်ဥမ္မာကလည်း ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုခေါင်းစဉ်နဲ့ ပါဝင်ဆွေးနွေးခဲ့ပြီး အခမ်းအနားကို မြန်မာ့အရေးကို တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေတဲ့ ဖိလစ်ပိုင်နိုင်ငံရှိ အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးဆိုင်ရာနိုင်ငံတကာ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ သံတမန်တွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

အီရန်ကို ဗုံးကြဲသည့် စစ်ဆင်ရေး ထရမ့်ကိုယ်တိုင် စောင့်ကြည့်ကွပ်ကဲမှု ပုံရိပ်များ အိမ်ဖြူတော် ထုတ်ပြန်

အီရန်နိုင်ငံရဲ့ နျူကလီးယား သုတေသန စခန်းတွေကို အမေရိကန်လေတပ်က ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကို စစ်ရေး ကွပ်ကဲမှုအခန်း (situation room)​ကနေ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် စောင့်ကြည့်ကွပ်ကဲနေတဲ့ ဓာတ်ပုံတွေကို အိမ်ဖြူတော်က ထုတ်ပြန်လာပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို ငြင်းပယ်၊ NUG နှင့် CRPH သာ ပြည်သူလူထုကိုယ်စားလှယ်ဟု ဥရောပသမဂ္ဂပါလီမန် သတ်မှတ်

လာမယ့် ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အကြမ်းဖက်စစ်တပ် ကျင်းပဖို့ ပြင်ဆင်နေတဲ့အတုအယောင်ရွေးကောက်ပွဲကို ဥရောသမဂ္ဂပါလီမန်က ငြင်းပယ်လိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထပ်မံအသိအမှတ်ပြုကြောင်း ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

တရုတ်ငြိုငြင်မှာစိုးလို့ ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို အာဏာသိမ်းစစ်ကောင်စီ ပြည်ဝင်ခွင့် မပြု

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ထိခိုက်မှာ စိုးတာကြောင့် အာဏာသိမ်း စစ်ကောင်စီက ငလျင်အတွက် လာရောက်မယ့် ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို ပြည်ဝင်ခွင့်မပြုတာ ဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာပါတယ်။
Read More

တရားရုံး ရက်ချိန်းမတိုင်မီ သက်ဆင် ထိုင်းပြန်ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ၎င်းရဲ့ အငြင်းပွားဖွယ် ဆေးရုံတက်မှုအတွက် တရားရုံးဆုံးဖြတ်ချက်ချမယ့် ရက်ချိန်းမတိုင်မတိုင်မီ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းမှာ စင်္ကာပူကနေ ဘန်ကောက်ကို ပြန်ရောက်လာပါတယ်။
Read More

ငလျင်ဒဏ်သင့်ဒေသများအတွက် ဗြိတိန်နှင့် ဩစတေးလျအစိုးရတို့ ငွေကြေးဆိုင်ရာ ကူညီထောက်ပံ့မှုများ စတင်ပေးအပ်

ဗြိတိန်နဲ့ ဩစတေးလျ အစိုးရတွေက မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ အင်အားပြင်းငလျင်အတွက်  သက်ဆိုင်ရာ အဖွဲ့အစည်းတွေကတဆင့် ငွေကြေးထောက်ပံ့ကူညီမှုတွေပြုလုပ်သွားမယ်လို့ သက်ဆိုင်ရာ သံရုံးတွေကနေ အသီးသီးထုတ်ပြန်ပါတယ်။
Read More

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ ထိုင်းနိုင်ငံမှ ၁၅ ဦးသေဆုံးပြီး ထိုင်းပြည်သူ ၁ သိန်းကျော် စစ်ဘေးရှောင်နေရ

ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့အကြား ဒုတိယနေ့အဖြစ် နယ်စပ်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ရာ ထိုင်းနိုင်ငံက ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းအစိုးရက ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။