တပ်မတော်ကဆင်နွှဲနေတဲ့ တရားသောစစ်ကို ပြည်သူတွေက ထောက်ခံအားပေးနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝါဒဖြန့်ပြောကြားလိုက်ပါတယ်။။
ငြိမ်းချမ်းရေးကို လိုလားတဲ့ ဒေသခံတွေနဲ့ပူးပေါင်းကာ အကြမ်းဖက်သောင်းကျန်းသူတွေကို တိုက်ခိုက်ရှင်းလင်းသွားမယ်လို့ တိုင်းပြည်ကို အကြမ်းဖက်အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင်က တော်လှန်ရေးအင်အားစုတွေကို ခြိမ်းခြောက်ပြောဆိုလိုက်တာပါ။
“ တပ်မတော်ကဆင်နွှဲနေတဲ့ တရားသောစစ်အပေါ် တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ ပြည်သူလူထုတစ်ရပ်လုံးက ဝန်းရံထောက်ခံအားပေးနေပါတယ်”လို့ မင်းအောင်လှိုင်ကပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဖေဖော်ဝါရီ ၂၁ ရက်နံနက်ပိုင်းက ဗထူးမြို့၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(ဗထူး)စစ်ရေးပြကွင်း၌ကျင်းပတဲ့ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၈) မှာ ထည့်သွင်းပြောကြားလိုက်တာပါ။
လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ဟာ NUG၊ CRPH၊ PDF အဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး အကြမ်းဖက်လုပ်ငန်းတွေလုပ်ဆောင်နေတယ်လို့ နိုင်ငံတစ်ဝန်းက လူသားမျိုးနွယ် တစ်ခုလုံးကို စစ်ရာဇဝတ်မမှုကျူးလွန်နေတဲ့ မင်းအောင်လှိုင်ကဆိုပါတယ်။
တော်လှန်ရေးအင်အားစုများကို အကြမ်းဖက်အဖွဲ့များလို့ ရည်ညွှန်းကာ မင်းအောင်လှိုင်က ထာဝရငြိမ်း ချမ်းရေးရရှိပြီး ပြည်ထောင်စုနှင့်အတူ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက်အာဏာရရှိရေးကိုလုပ်ဆောင်နေကြတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ကဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေဟာ ပြည်သူတွေနဲ့ နိုင်ငံ့ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ဖိအားပေးခြင်းများကိုလည်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ထောင်နဲ့ချီတဲ့ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးအကျဉ်းချထားတဲ့ မင်းအောင်လှိုင်ကပြောပါတယ်။
မင်းအောင်လှိုင်က သူ့ရဲ့တပ်ဖွဲ့ဝင်တွေကို ဒေသခံ ပြည်သူတွေကို အကြမ်းမဖက်အနိုင်မကျင့်ဘဲ စစ်ဆင်ရေးတာဝန်တွေကို ထမ်းဆောင်ဖို့လည်း ရွာလုံးကျွတ်မီးရှို့ စစ်ကြောင်းထိုးနေတဲ့ သူရဲ့စစ်တပ်ကို မှာကြားပြောဆိုခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

လမ်းပေါ်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ယာဉ်ထိန်းရဲမေတစ်ယောက် မိုင်းခွဲခံရပြီး စိုးရိမ်လူနာအဖြစ် ဆေးရုံရောက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ငွေတောင်းကြမ်းတဲ့ ယာဥ်ထိန်းရဲမေ သဲသဲ ဆိုသူ မိုင်းခွဲတိုက်ခံရပြီး ထိခိုက်ဒဏ်ရာ​ပြင်းထန်တာကြောင့် နေပြည်တော် စစ်ဆေးရုံမှာ တက်ရောက်ကုသနေရကြောင်း မင်းဘူးခရိုင်၊ အမှတ် ၄ တပ်ရင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လောင်းရှည်မှာ စစ်တပ်နဲ့ PDF တွေ ၂ရက်တာ တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်က ၃ ယောက် သေပြီး၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ လောင်းရှည်တိုက်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ၂ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက် သေကာ ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း People Defense Force - Saw ထံက သိရပါတယ်။
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ စစ်သင်တန်းပြီးမြောက်လာတဲ့ ရေးပြောက်ကျားတပ် ထူးချွန်ဆုရရဲဘော်များကို ဂုဏ်ပြု

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ(၃၃)၊ ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း(၂)၊ ရေးပြောက်ကျားတပ် (YGF)က အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF သင်တန်းဆင်းရဲဘော်တွေကို ဂုဏ်ပြုတဲ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သပိတ်ကျင်းမှာ အပစ်ရပ် ကြေညာထားသည့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦး ပျက်စီးမှုတွေ ရှိတယ်လို့ ပြင်ဦးလွင် ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီ​နေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံခရိုင် အမှတ်(၉) တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁၆) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း (Myingyan Black Tiger-MBT) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၆) သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှု ပြုလုပ်…

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ အသက်ဆုံးရှုံးနေတဲ့အပေါ် “ STOP THE JUNTAS WAR ON THE CHILDREN OF MYANMAR - ဒို့ကလေး တွေကို သတ်ဖြတ် နေတဲ့ ဖက်ဆစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ အမြန်ဆုံး ရပ်” ဆိုတဲ့ စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။