ကရင်နီပြည်နယ်မှာ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်နဲ့ ပဲခူးတိုင်း၊ သုံးဆယ်မြို့ တို့ကနေ စစ်မှုထမ်းသင်တန်း တက်ခဲ့ရတဲ့ စစ်သားသစ် ၂ ယောက် အလင်းဝင်ရောက်လာတယ်လို့ Karenni Army BA-5 ဆီက သိရပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက် မနေ့က ညပိုင်းမှာ ဘောလခဲကနေ ဖားဆောင်းဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းမှာ လိုက်ပါလာတဲ့ ကျောက်ဆည်မြို့နယ်နဲ့ သုံးဆယ်မြို့ တို့က စစ်မှုထမ်း တပ်သားသစ် ၂ ယောက် အလင်းဝင်ရောက်လာတယ်လို့ Karenni Army BA-5 က ဆိုပါတယ်။
အလင်းဝင်လာသူ ၂ ယောက်ဟာ စစ်မှုထမ်း အပတ်စဉ် ၄ က ဖြစ်ပြီး လက်နက်တွေ မယူဆောင်လာနိုင်ပေမယ့် လက်ပစ်ဗုံး ၂ လုံး ယူဆောင်လာသလို ဟိုပုံးမြို့နဲ့ ရမည်းသင်းမြို့တို့မှာ စစ်သင်တန်း တက်ရောက်ပြီးနောက် ကရင်နီပြည်နယ်ကို ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ငလျင်ဘေးသင့်နေလည်း စစ်ဆက်တိုက်မည်ဟု မင်းအောင်လှိုင် ခြိမ်းခြောက်

ငလျင်ကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က အပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက်လက် တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
Read More

လက်ပန်လှလေကြောင်းတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူ အားလုံး အရေးယူနိုင်အောင် လုပ်ဆောင်မည်ဟု NUG က ထုတ်ပြန်

စစ်ကောင်စီက လက်ပန်လှကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုအတွက် အပြစ်ပေးအရေးယူနိုင်ဖို့ လုပ်ဆောင်မယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့  လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်က ကျေးရွာတွေကို စစ်ကြောင်းထိုးပြီးနောက် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ယောက်ထက်မနည်း ပြန်မလွတ်သေး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးပြီးနောက် ပြန်ဆုတ်ချိန်မှာ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ယောက်ထက်မနည်းကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၃ ကြိမ်မြောက် ရှော့တိုက်ဒုံးပစ်ခတ်မှုမှာ ၄ လုံး အောင်မြင်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိနိုင်

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကို Mission 22 အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၄လုံးအောင်မြင်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။
Read More

ဆက်ကြေးကောက်မည့် ပျူများကို ကြားဖြတ်တိုက်ခိုက်၊ ၈ ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဝက်တိုး (တောင်)ရွာရှိ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ စိန်ဗေဒါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ အမှုတွဲမှာပါဝင်တဲ့ နိုင်ကျဉ်း ၅ယောက်ကို လာမယ့် ၂၄ ရက်နေ့မှာ သေဒဏ်ပေးတော့မယ်လို့ သတင်းတွေထွက်ပေါ်နေ

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် (မောင်ကျော်)၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ သေဒဏ်ကြိုးမိန့်ချခံခဲ့ရတဲ့ အမှုမှာ အမှုတွဲအနေနဲ့ ပါဝင်နေတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၅ယောက်ကို လာမယ့် စက်တင်ဘာ၂၄ ရက်နေ့မှာ ပြစ်ဒဏ်စီရင်ချက် ချတော့မယ်လို့ ထောင်တွင်းနီးစပ်သူတွေထံက သိရပါတယ်။