(၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အနေနဲ့ CDF-Kanpetlet စစ်ဦးစီးချုပ်ရုံး ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကြီးကို ကန်ပက်လက်မြို့နယ်၊ မြို့မ အားကစားဘော်လုံးကွင်းကြီးမှာ အောင်မြင်စွာပြန်လည်ကျင်းပနိုင်ခဲ့တယ်လို့ Chin Defence Force – Kanpetlet က ထုတ်ပြန်ထားပါတယ်။
Chin Defence Force – Kanpetlet ရဲ့ နွေဦးတော်လှန်ရေး (၄) နှစ်တာကာလအတွင်း မှောင်မိုက် ကြမ်းတမ်း ခက်ခဲတဲ့ကာလမှာ ပြည်တွင်းပြည်ပက ပြည်သူတွေရဲ့ ဝိုင်းဝန်းထောက်ပံ့မှု၊ CDF – Kanpetlet ခေါင်းဆောင်တွေနဲ့ ရဲဘော်ရဲမေတွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ မဟာမိတ်အင်အားစုတွေရဲ့ ဝိုင်းဝန်းပံ့ပိုးကူညီမှုတွေကြောင့် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ထူးနေ့မြတ်ကို အခုလို ဇာတိမြေ ကန်ပက်လက်မြို့မှာ ပြန်လည်ကျင်းပနိုင်ခဲ့တာဖြစ်တယ်လို့ CDF – Kanpetlet က ဆိုပါတယ်။
၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်တပ် အာဏာသိမ်းယူပြီးနောက် ကန်ပက်လက်မြို့နယ်ရှိ ပြည်သူတွေနဲ့ ကျောင်းသားလူငယ်များစွာဟာ တောထဲတောင်ထဲမှာ နည်းအမျိုးမျိုးနဲ့ တော်လှန်တိုက်ပွဲဝင်ခဲ့ရင်း တစ်ချို့ဟာ အသက်၊ ခန္ဓာကိုယ်၊ ပိုင်ဆိုင်မှုတွေနဲ့ လူ့အခွင့်အရေးမျိုးစုံကို ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးကာလတစ်လျှောက် CDF – Kanpetlet ရဲဘော်ရဲမေတွေ အစဉ်အမြဲ ကြွေးကျော်ခဲ့တဲ့ ” ငါတို့မြို့ ငါတို့ပိုင်တယ် ” ဆိုတဲ့ ကြွေးကျော်သံဟာ ရာနှုန်းပြည့် အောင်မြင်ခဲ့ပြီဖြစ်တယ်လို့ Chin Defence Force – Kanpetlet က ထုတ်ပြန်ထားပါတယ်။
ချင်းညီနောင်စစ်ဆင်ရေးအဖြစ် CDF – Kanpetlet အပါအဝင် ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေဟာ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှာစတင်ခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်မှာ ကန်ပက်လက်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

စစ်မှုထမ်းဆင်း စစ်သား ၁ ဦး မော်လမြိုင် ရှေ့တန်း ပို့ဆောင်ခံရချိန် လက်ပစ်ဗုံး ၂ လုံးနှင့်အတူ ထွက်ပြေးအလင်းဝင်လာ…

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ရှေ့တန်းကို ပို့ဆောင်ခံရချိန် စစ်မှုထမ်းဆင်း စစ်သား ၁ ယောက် လက်ပစ်ဗုံး ၂ လုံးနဲ့အတူ ထွက်ပြေးအလင်းဝင်လာတယ်လို့ People Defence Force - Chauk - သခင်ဖိုးလှကြီးတပ်ခွဲက မနေ့က ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တိုက်ပွဲဝင်နေတဲ့ 96 Soldiers PDF တော်လှန်ရဲဘော်များ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

PLA ထိန်းသိမ်းထားသည့် ဆင် ၁၃၈ ကောင်ထဲက အကောင် ၆၀ ကို TNLA လွှဲပြောင်းတာဝန်ယူ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှာ ဆင်အကောင်ရေ ၁၃၈ ကောင်နဲ့အတူ ဆင်ဦးစီးမိသားစုဝင်တွေကို ထိန်းသိမ်းထားရှိရာကနေ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ထံ ဆင်အကောင် ၆၀ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်သာ စွပ်ကျယ်စက်ရုံမှ ဒုရဲတပ်ကြပ်နှင့် ရဲတပ်သားတို့ အရက်၊ ဘီယာ ထွက်ဝယ်ရင်း အဖမ်းခံရ

မန္တလေးတိုင်း၊ တောင်သာမြို့ အမှတ် (၁) စွပ်ကျယ်စက်ရုံမှာ တာဝန်ကျနေတဲ့ ဒုရဲတပ်ကြပ်နဲ့ ရဲတပ်သားတို့ကို အရက်၊ ဘီယာ ထွက်ဝယ်ချိန် အရှင်ဖမ်းမိခဲ့တယ်လို့ Taung Tha People Defense Force (တောင်သာ ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မွန်လူငယ်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကနေ ဘုံသဘောတူညီချက် ထုတ်ပြန်

"ဒီလိုပွဲတွေက မွန်လူငယ်တွေ ကြားထဲမှာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တခြားဒေသနဲ့စာရင် မွန်တွေက ဘာမှမလုပ်ဘူးဆိုပြီး ဖြစ်တယ်ပေါ့နော်။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။ တော်လှန်ရေးအစပိုင်းမှာ မွန်လူငယ်တွေကို ဦးဆောင်မှုပိုင်း ကောင်းကောင်းမပေးနိုင်ခဲ့တာပါ။ ဘာလုပ်ရမှန်းမသိ လမ်းပျောက်သွားကြတယ်ပေါ့နော်။ တချို့ကလည်း နိုင်ငံခြားထွက်သွားတယ်။ အခုတော်လှန်ရေးမှာ ပညာတတ်လူငယ်တွေ လိုအပ်လာတော့ သူတို့အနေတဲ့ ဒီကိုလာဖို့က ခက်သွားပြီ။ အဲဒီတော့ ဒီလိုလူငယ်တွေ တော်လှန်ရေးမှာ ပြန်ပြီး ပါ၀င်နိုင်ဖို့က ဒီလိုဆွေးနွေးပွဲတွေကနေပဲ ဆွဲခေါ်ရမှာဖြစ်တယ်။ နောက်ထပ်လည်း ဒီလိုဆွေးနွေးပွဲတွေ ထပ်လုပ်သွားဖို့ရှိပါတယ်။"
Read More

ကိုယ်ဝန်ဆောင်ပြည်သူ အမျိုးသမီး၏ သားဦးကို စလင်း (ပကဖ) ဆေးတပ်သားများ အောင်မြင်စွာ မွေးဖွားပေး

မကွေးတိုင်း၊ စလင်းမြို့နယ် တော်လှန်ရေးစိုးမိုးနယ်မြေအတွင်းရှိ ကိုယ်ဝန်ဆောင်ပြည်သူ အမျိုးသမီးတစ်ယောက်ရဲ့ သားဦးကို စလင်း (ပကဖ) ဆေးတပ်သားတွေက အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။