ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၂၂၂ တပ်ရင်း(TRI) ဗျူဟာရဲ့ ဗျူဟာမှူးက (TRI)ဗျူဟာရှိ ရဲဘော်ရဲဘက်တွေကို ရဲစွမ်းသတ္တိနဲ့ စိတ်ဓာတ်တက်ကြွမှုတွေ မြင့်တက်စေဖို့ ရည်ရွယ်ပြီး စိတ်ဓာတ်မြှင့်တင်ရေး နဲ့ အားပေးစကားတွေ ပြောကြားခဲ့ကာ ( TRI )ဗျူဟာရဲ့ တပ်တွင်းစစ်စည်းကမ်းတွေ၊ ဥပဒေများတွေအကြောင်း သင်တန်းပို့ချမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်နစ်နာမှုတွေ လျော့နည်းစေဖို့ ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (International Humanitarian Law – IHL) နဲ့ ပတ်သက်တဲ့ သင်တန်းတွေ ပို့ချခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီသင်တန်းမှာ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေ ပျက်စီးမှုတွေ လျော့နည်းစေဖို့ ရည်ရွယ်တဲ့ စစ်စည်းကမ်းကျင့်ဝတ်တွေကို အဓိကထား သင်ကြားပို့ချခဲ့တယ်လို့ သိရပါတယ်။
IHL (International Humanitarian Law) ဟာ စစ်ပွဲအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်းတွေကို သတ်မှတ်ထားတဲ့ ဥပဒေဖြစ်ပြီး အရပ်သားတွေနဲ့ စစ်ပွဲမှာ ပါဝင်မှုမရှိတဲ့ လူတွေကို ကာကွယ်ဖို့၊ စစ်သုံးပစ္စည်းတွေနဲ့ နည်းဗျူဟာတွေကို ကန့်သတ်ဖို့၊ စစ်အတွင်း ဖမ်းဆီးခံထားရသူတွေနဲ့ ဒဏ်ရာရသူတွေကို လူသားချင်းစာနာထောက်ထားမှုနဲ့ ဆက်ဆံဖို့၊ ပြည်သူပိုင်ပစ္စည်းတွေ ပျက်စီးမှုကို လျှော့ချဖို့ စတာတွေ ပါဝင်ပါတယ်။
အဆိုပါသင်တန်းတွေကတစ်ဆင့်( TRI )ဗျူဟာရှိ ရဲဘော်တွေဟာ စစ်ပွဲအတွင်း စစ်စည်းကမ်းနဲ့ လူသားချင်းစာနာမှုဆိုင်ရာ စည်းကမ်းတွေကို လေးစားလိုက်နာဖို့နဲ့ အရပ်သားပြည်သူတွေရဲ့ ဘဝနဲ့ ပစ္စည်းဥစ္စာတွေ ကာကွယ်နိုင်အောင် ပိုမို တာဝန်ယူမှုရှိလာစေဖို့ ရည်ရွယ်ခဲ့ပြီး စစ်ပွဲအတွင်း အရပ်သားပြည်သူတွေ ထိခိုက်နစ်နာမှု လျော့နည်းလာစေဖို့ကိုပါ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
( TRI )ဗျူဟာအနေနဲ့ စစ်စည်းကမ်းနှင့်( IHL ) ဆိုင်ရာသင်တန်းတွေကို ဆက်လက်ပို့ချသွားမှာဖြစ်ပြီး ရဲဘော်ရဲဘက်တွေရဲ့ စိတ်ဓာတ်မြင့်မားရေးနဲ့ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို အဓိကထားပြီး တော်လှန်ရေးပန်းတိုင်ကို အမြန်ဆုံးရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ အောင်ဇေယျ ရှေ့တန်းစခန်းကို ဝင်ရောက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများစွာ ရရှိ

မြဝတီ ကော့ကရိတ် အာရှလမ်းပိုင်းမှာ အောင်ဇေယနာမည်နဲ့ စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ရဲ့ ယာယီစခန်းတစ်ခုကို ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ရဲ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အခြေစိုက် ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ (သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ) က အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အိုးဘိုထောင်တွင် ၅၀၅ (က)ဖြင့် အကျဥ်းကျနေသူ တစ်ထောင်ကျော်အနက် ၂၃၂ ဦးသာ လွတ်မြောက်ခဲ့ကြောင်း PPNM ထုတ်ပြန်

အကြမ်းဖက်စစ်ကော်မရှင်ဟာ မကြာခင် ကျင်းပမယ့် သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးအကျဥ်းချခံထားရသူတွေကို လွှတ်ပေးကြောင်း ကြေညာထားပေမယ့် မန္တလေး အိုးဘိုထောင်အတွင်း ပုဒ်မ ၅၀၅ (က) နဲ့ အကျဥ်းချခံထားရသူတွေထဲက ၅ပုံ ၁ပုံခန့်သာ လွတ်မြောက်လာခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
Read More

သာယာဝတီခရိုင် အမှတ်-၃ တပ်ရင်းရဲ့ အပတ်စဉ် (၂) အခြေခံစစ်သင်တန်း ပုံရိပ်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ်-၃ တပ်ရင်းရဲ့ အခြေခံ စစ်သင်တန်းအပါတ်စဉ် (၂) သင်တန်း ဓာတ်ပုံမှတ်တမ်းတွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရေဘေးအလှူဆိုပြီး PDF အယောင်ဆောင်ကာ ငွေကြေးကောက်ခံမှုတွေရှိနေ

ပဲခူးတိုင်းထဲမှာ ရေဘေးကို အကြောင်းပြပြီး ပဲခူးတိုင်းလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ PDF အယောင်ဆောင်ကာ ရွှေဆိုင်နဲ့ ရတနာဆိုင်တွေကို မသမာသူတွေက ချိန်းခြောက်စာတွေပို့ကာ ငွေကြေးတောင်းခံနေတယ်လို့ သိရပါတယ်။
Read More

မတ်လ ပထမအပတ်အတွင်း စစ်ကောင်စီတပ်မှ အလင်းဝင်လာသူနှင့် ဖမ်းဆီးခံရသည့် စစ်သုံ့ပန်း စုစုပေါင်း ၂၇ ဦး ရှိ

၂၀၂၅ ခုနှစ် မတ်လ ပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ အလင်းဝင်လာသူတွေနဲ့ ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်း စုစုပေါင်း ၂၇ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်မှာ ဖော်ပြထားပါတယ်။