တအာင်းတပ်မတော် TNLA ရဲ့ တအာင်းပြည်ပညာရေးကောင်စီ (TLEC) က လာမယ့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် TNLA စိုးမိုးနယ်မြေက အခြေခံပညာစာသင်ကျောင်းများ ဆက်လက်ဖွင့်လှစ်သွားနိုင်ဖို့ လိုအပ်နေတဲ့ ဆရာ၊ ဆရာမတွေ ခေါ်ယူသွားမယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
TLEC အနေနဲ့ ပညာရေးအတွက် အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ ဆရာမ များစွာ လိုအပ်နေတာကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးက စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပညာရေးဌာနကနေ CDM ပြုလုပ်ထားတဲ့ ဆရာ၊ ဆရာမ အယောက် (၅၀၀) နဲ့ TLEC မှာ တာဝန်မထမ်းဆောင်ရသေးတဲ့ ဆရာ၊ ဆရာမ အသစ် (Preservice teacher) အယောက် (၁၀၀၀) ခေါ်ယူခန့်အပ်သွားမယ်လို့ ဆိုပါတယ်။
၂၀၂၂-၂၀၂၃ပညာသင်နှစ်ကစတင်ပြီး ပညာရေးကို အကောင်အထည်ဖော်ဆောင်လာခဲ့တဲ့ TLEC ဟာ TNLA စိုးမိုးနယ်မြေအတွင်းရှိ ကျောင်းနေအရွယ် ကျောင်းသူကျောင်းသားတွေ ပညာရေးအခွင့်အလမ်းရရှိကာ အရည်အသွေးပြည့်မီတဲ့ ပညာရေးစနစ်ဖြစ်ပေါ်လာစေဖို့နဲ့ ပညာရေးစနစ်ကို ပိုမိုကောင်းမွန်လာစေဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
TLEC အနေနဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ အခြေခံပညာ စာသင်ကျောင်းပေါင်း (၆၀၀)ကျော်၊ ကျောင်းသူကျောင်းသား (၆၆၀၀၀)ကျော်၊ ဆရာ၊ ဆရာမ (၃၅၀၀)ကျော်နဲ့ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်လည်း ကျန်ရှိနေတဲ့မြို့နယ်တွေအတွင်းက အခြေခံပညာစာသင်ကျောင်းပေါင်း (၇၀၀) ကျော် ဆက်လက်ဖွင့်လှစ်သွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ TLEC က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မြိုင်တွင် ရိက္ခာပြတ်ပြီး ငတ်နေသည့် သရက်ကန်ပျူစောထီးများ အကြမ်းဖက်စစ်တပ်ကို အကူအညီတောင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ သရက်ကန်ရွာ ပျူစောထီးတွေက ရွာထဲ ငတ်ပြတ်နေမှုကြောင့် အကြမ်းဖက်စစ်ကော်မရှင်ထံ ရိက္ခာချပေးဖို့ တောင်းဆိုနေကြကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
Read More

ပေါက်ခေါင်းရှိ ကျေးရွာများအား မီးရှို့နေသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၁ဦး သေဆုံးပြီး လက်နက်များနှင့် မူးယစ်ဆေးများ သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က ကျေးရွာတွေကို မီးပတ်ရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ ယောက် သေဆုံးခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်ပိုင်ရဲရင့်နိုင်၏ တပည့်ဖြစ်သူ နှစ်ကြီးကျအကျဉ်းသား ပြူးကြီးဆိုသူမှ ခြိမ်းခြောက်နေ

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်အတွင်းရှိ သီးသန့် (က/ခ) တိုက်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ကြီးပြစ်ဒဏ်ကျ အကျဉ်းသား ပြူးကြီးဆိုသူမှ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
Read More

မြင်းမူမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး ၂ နှစ်အရွယ် ကလေးငယ်​ သေဆုံး၊ ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ၂ နှစ်သား ကလေးငယ် ၁ယောက် သေဆုံးပြီး အရပ်သား ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နောင်ချိုနဲ့ ပြင်ဦးလွင်အစပ်မှာ ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်တပ်မိသားစုအသိုင်းအဝိုင်းတွေ ဒုတိယအကြိမ်ပြောင်းရွှေ့နေကြ

ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ဂန့်ဂေါရွာအနီးမှာ ထိတွေ့တိုက်ပွဲတွေဖြ​စ်ပွားနေချိန် ဘယ်လောက်မှမဝေးတော့တဲ့ ပြင်ဦးလွင်မြို့နယ်မှာ စစ်တပ်အသိုင်းဝိုင်းမိသားစုဝင်တွေ ပြောင်းရွှေ့နေကြသလို စစ်ကောင်စီကလည်း ခုခံစစ်အတွက် အထူးသတိပြုနေကြတယ်လို့ သိရပါတယ်။
Read More

ဖြူးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၂) ယောက် သေပြီး ၆ နှစ်အရွယ် ကလေးငယ် ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မျက်နီကွင်းကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF တပ်ရင်း (၃၅၀၂) တို့ ဒီဇင်ဘာလ (၂၆)ရက် မနေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။