မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ရေးအခြေအနေတင်းမာမှုတွေ ရှိနေတဲ့ လမ်းပိုင်းတစ်ချို့ကို အရပ်သားပြည်သူတွေ အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်တွန်းပါတယ်။
ပွင့်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေရှိနေသလို ထပ်ပြီး ရှိလာနိုင်တဲ့အခြေအနေတွေကြောင့် အခုလို လမ်းပိုင်းသတိပေးချက် ထုတ်ပြန်ထားတာလို့လည်း သိရပါတယ်။
” ဒီရက်ပိုင်းပွင့်ဖြူမှာအဓိကပါ။ ပုသိမ်-မုံရွာလမ်း အနောက်ခြမ်းကို စစ်ကြောင်းထိုးနေတာရှိတယ်။ ပြည်သူတွေကိုလူသားဒိုင်းလုပ်နေတာတွေလည်းရှိတယ်။ ဒါကြောင့်ပါ” လို့ မင်းဘူးခရိုင် ကွပ်ကဲရေးရုံး ပြန်ကြားရေးဌာနက မောင်းသတင်းဌာနကို ပြောပါတယ်။
အဲ့ဒီအတွက် ပွင့်ဖြူမြို့နယ်အတွင်းက ဝါစိုက်ပျိုးရေးတပ် နဲ့ အနီးတဝိုက်အပါဝင် ဆည်တော်-စံပြလမ်း မြောင်းဘောင်လမ်း၊ ဆည်တော်-စံပြ မြောင်းဘောင်တောင်ဘက်ကုန်ထုတ်လမ်း၊ ပုသိမ်-မုံရွာလမ်း သုံးမိုင်နဲ့ ရှစ်မိုင် လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာခြင်းမလုပ်ဖို့အတွက် မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက် မနက်အစောပိုင်းမှာလည်း ပုသိမ်-မုံရွာလမ်းပိုင်းက မဲဇလီဆည်တော်စစ်ဆင်ရေးဂိတ်ကို တော်လှန်ရေးတပ်တွေ သွားရောက်တိုက်ခိုက်ပြီးတဲ့နောက် ပွင့်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ရှိခဲ့သလို စစ်ကောင်စီက ပွင့်ဖြူမြို့နယ်အတွင်းက ရွာတွေကို အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးဝင်တာ၊ လက်နက်ကြီးပစ်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်ကစလို့ ပုသိမ်- မုံရွာလမ်းအတိုင်းစစ်​ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား ၃ မိုင်ပေါက်၊ ကြီးအုံကြီးဝ တမံတွေမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်ကလည်း ပွင့်ဖြူမြို့နယ်၊ ဝါစိုက်ပျိုးရေးတပ်ရဲ့ရှေ့တန်းဂိတ်ဖြစ်တဲ့ ကျစ်ကိုင်းဂိတ်ကို မင်းဘူးခရိုင် အမှတ် ၇တပ်ရင်းနဲ့ပူးပေါင်းအဖွဲ့တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
အဲ့ဒီတိုက်ခိုက်မှုပြီးတဲ့​နောက်မှာ​တော့ စစ်ကောင်စီက စလင်းဘက်ကနေ ထပ်တိုး အင်အား ၅၀ နီးပါးကို ဝါစိုက်ပျိုးရေးတပ်အတွင်း ဖြည့်တင်းကာ စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့လည်း သိရပါတယ်။
ပုံစာ – ပွင့်ဖြူမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

စဉ့်ကူးမြို့နယ်က စစ်ရှောင် ၇၅၀ ကျော်ကို အဝတ်အထည်၊ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေတွေ PDF အမှတ် ၁၂၂၂ တပ်ရင်း ပေးအပ်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က စစ်ဘေးရှောင် ပြည်သူတွေနဲ့ သက်ကြီးရွယ်အို ၇၅၀ ကျော်ကို ဆန်၊ ဆီ၊ အဝတ်အထည်နဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၁၂၂၂) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

တောင်လည်စစ်ဆေးရေးဂိတ်ကို ထွက်လာသည် စစ်အုပ်စု အရာရှိအဆင့်အပါ ၆ ဦး မိုင်းဆွဲခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် တောင်လည်စစ်ဆေးရေးဂိတ်ကို ထွက်လာတဲ့ စစ်အုပ်စုအရာရှိအဆင့်အပါ ၆ ​ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် ၃၆၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

မိစ္ဆာစစ်တပ်ကြောင့် မရှုမလှ အသက်ပေးခဲ့ရတဲ့ စီပါရွာသားတွေအတွက် ပရိတ်တရားနာ ပြုလုပ်ပေး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်စွာ သတ်ဖြတ်မှုကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသခံတွေ သေဆုံးခဲ့ရပြီး သေဆုံးသူတွေအတွက် ပရိတ်တရားနာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ပဲခူးတိုင်းက ရေဘေးသင့်ပြည်သူတွေအတွက် NUG ဝန်ကြီးဌာနက ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမျိူးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အမျိုးသမီး တကိုယ်ရည် သန့်စင်သုံးပစ္စည်းတွေ၊ ကလေးငယ်တွေအတွက် စားစရာ အာဟာရတွေနဲ့ လိုအပ်တာတွေကို ပေးဝေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်က စစ်မှုထမ်းဆင်း စစ်သား ၆ ဦး သေနတ် ၅ လက်၊ ခဲယမ်းများနှင့်အတူ ဒီးမော့ဆို DMO Local PDF ဆီ အလင်းဝင်လာ .

ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို DMO Local PDF ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းဆင်း စစ်သား ၆ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG အစိုးရက တစ်ပတ်တိုးချဲ့ထားတဲ့ ထိုးစစ်ရပ်စဲရေးကာလမှာ နိုင်ငံတကာက စောင့်ကြည့်ရေးယန္တရားထူထောင်ပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရက ငလျင်ဘေးကြောင့် ထိုးစစ်ရပ်စဲရေးကာလကို တစ်ပတ်တာ တိုးချဲ့ထားရာ နိုင်ငံတကာအနေနဲ့ စောင့်ကြည့်ရေးယန္တရားထူထောင်ပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီနေ့ပြုလုပ်တဲ့ စစ်ကိုင်းငလျင်ကြီး (Major Earthquake) တုံ့ပြန်ရေးလုပ်ငန်းစဉ်အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။