စစ်ကိုင်းတိုင်း၊ ရွှေဘို မြို့နယ်၊ ညောင်ကိုင်းကျေးရွာအတွင်း တပ်စွဲနေတဲ့ ပျူစောထီးနဲ့ အကြမ်းဖက်စစ်တပ်ကို စခန်းစွန့်ခွာ ထွက်ပြေးစေဖို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က နည်းလမ်း မျိုးစုံ အသုံးပြု ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပကဖ အသံ သတင်းဖော်ပြထားပါတယ်။
ညောင်ကိုင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ရိက္ခာလမ်းကြောင်းပိတ်ဆို့ခြင်း၊ ဒရုန်းနဲ့ လက်နက်ချစည်းရုံးစာ ကြဲချခြင်းတွေ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီလ (၂၁) ရက် မနေ့က စခန်းကို စွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့ ညောင်ကိုင်းရွာ စစ်တပ်စခန်းကို ဝင်ရောက် ရှင်းလင်းရာ ကိုးလုံးကျည် ပြောင်းချော (၁) လက် နဲ့ ကျည် (၄၈) တောင် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျေးရွာအတွင်း တွေ့ရှိရတဲ့ သက်ကြီးရွယ်အို နဲ့ ကျန်းမာရေး မကောင်းသူ (၅၆) ယောက်ကိုလည်း ပကဖ အဖွဲ့ဝင်တွေက စားနပ်ရိက္ခာတွေ ပေးအပ်ခဲ့သလို ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
စခန်းကို ပိတ်ဆို့ထားချိန်ကာလ အတွင်း စခန်းတွင်းက ပျူစောထီး နဲ့ အကြမ်းဖက် တပ်ဖွဲ့ဝင်တွေ အလံဖြူထောင် လက်နက်ချအောင် ရွှေဘိုမြို့နယ် ပကဖ အဖွဲ့က ဒရုန်းနဲ့ အကြိမ်ကြိမ် စာကြဲချ စည်းရုံးတာတွေ လုပ်ဆောင်ခဲ့ရာ ချိတ်ဆက် အလင်းဝင်ရောက်သူတွေလည်း ရှိခဲ့သလိ့ ဆေးလိပ်သောက်တက်သူတွေကိုပါ စခန်းပိတ်ဆို့ခံရချိန်ကာလအတွင်း ရွှေဘို မြို့နယ် ပကဖ က ဒရုန်း နဲ့ ဆေးလိပ်တွေကြဲချ အလင်းဝင်ဖို့ စည်းရုံးဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ စိုးမိုးနယ်မြေ ကျဉ်းမြောင်းလာပြီး အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ စိုးမိုးနယ်မြေ ပိုမို ကျယ်ပြန့်လာစေဖို့ ပြည်သူ့စစ်မဟာဗျူဟာနဲ့အညီ ရွှေဘိုမြို့နယ် ပကဖ အဖွဲ့က ဆောင်ရွက်နေသလို လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ရခိုင်တစ်ပြည်လုံးမှာ စစ်ရှုံးနေတာကို လက်ခံဖို့ မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ပြော

စစ်သားတွေရဲ့ အသက်ကိုငဲ့ညှာပြီး ရခိုင်တစ်ပြည်လုံးမှာ စစ်ရှုံးနေတာကို မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ လက်ခံပေးပါလို့ AA က သုံးပန့်အဖြစ် ဖမ်းဆီးထားတဲ့ နပခ တိုင်းစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကပြောကြားလိုက်ပါတယ်။
Read More

Urban Operation Column ၏ 7 july ​အောက်​မေ့ဖွယ်အခမ်းအနား

၆၃ နှစ်ပြည့်​ 7 July ​အောက်​မေ့ဖွယ်အခမ်းအနားကို ဇွန်လိုင်လ ၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ကရင်နီပြည်နယ်ရှိ တပ်ရင်းရုံး စခန်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ Urban Operation Column က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ဘက်ဂျက်ငွေ အကြောင်းပြပြီး ထောင်မှာ အစားအသောက်‌ လျှော့ကျွေး

အာဏာသိမ်း စစ်ကောင်စီဟာ ဘက်ဂျက်ငွေကို အကြောင်းပြပြီး အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို အစားအသောက်တွေ လျှော့ကျွေးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် ကိုရင် (၂) ပါး အပါ ပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် ကိုရင် (၂) ပါး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၄)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်တွင် စစ်ကော်မရှင်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်၊ သာမဏေတစ်ပါးနှင့် ပြည်သူလူထု (၄) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် သာမဏေတစ်ပါးနဲ့ ပြည်သူ (၄) ယောက် သေဆုံးပြီး (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်ဗျူဟာနယ်မြေ၊ ၇ မိုင်ကျေးရွာတိုက်ပွဲမှာ PDF ရဲဘော် ၁၂ ဦး ကျဆုံး

မန္တလေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာနယ်မြေက ၇ မိုင်ကျေးရွာတိုက်ပွဲမှာ မိုးကုတ်ဗျူဟာက PDF ရဲဘော် ၆ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။