ကရင်နီဒေသက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့တွင်းအများပြည်သူတွေ ဖြတ်သန်းသွားလာမှုကို ငါးရက်တိတိ ပိတ်ထားမယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်လာပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်ကစ၍ ၂၈ ရက်အထိ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ရည်ရွယ်ကာ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မိုးဗြဲဒေသကို စစ်ကောင်စီက ပြန်လည်ရရှိဖို့ ၂၀၂၅ အတွင်း ပြန်လည်ထိုးစစ်ဆင်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။
စစ်ကောင်စီရဲ့ သာလွန်အင်အားနဲ့ထိုးစစ်ဆင်လာမှုကို KNDF နဲ့မိုးဗြဲ PDF အပါအဝင် တော်လှန်ရေးအင်အားစုတွေက ပြန်လည်ခုခံထားတာဖြစ်ပါတယ်။
စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့တိုက်ခိုက်မှု အပါအဝင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကို မိုးဗြဲဒေသမှာ ဆက်တိုက်လုပ်ဆောင်လျက်ရှိပါတယ်။
အဓိကအားဖြင့် ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းမကိုပြန်လည်ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက ပိတ်ဆို့ဖြတ်တောက်ထားပြီး မိုးဗြဲမြို့ကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
မိုးဗြဲမြို့ဟာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဖယ်ခုံမြို့နဲ့ ပြည်နယ်မြို့တော် လွိုင်ကော်မြို့အကြားတွင်တည်ရှိပြီး စစ်ရေးအရ အချက်အချာကျသည့် မြို့ဖြစ်ပါတယ်။
လွိုင်ကော်၏ အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိပြီး ဖယ်ခုံမှ ၁၀ မိုင်ကျော်သာ ကွာဝေးတာလည်းဖြစ်ပါတယ်။
မိုးဗြဲတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ ကရင်နီတပ်မတော်နှင့် NUG လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ် PDF တပ်ရင်း ၈ရင်းနှင့်၊ မြို့ပြတော်လှန်ရေးတပ်ဉီး (Urban Revolutionary Front )တို့က အဓိက စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်လျက်ရှိပါတယ်။
0 Shares:
You May Also Like
Read More

KIA ဌာနချုပ် ဗိုလ်သင်တန်း‌ကျောင်းမှာ ကျဆုံးခဲ့တဲ့ AA က ဗိုလ်လောင်း ၈ ယောက်ရဲ့ ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ကဗိုလ်သင်တန်း‌ကျောင်းမှာ စစ်တပ်​ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တဲ့ ရက္ခိုင့်တပ်တော် AA က ဗိုလ်လောင်း ၈ ယောက်ရဲ့ ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
Read More

KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဘောလခဲမြို့ တိုက်ပွဲက မှတ်တမ်းဓာတ်ပုံများ ထုတ်ပြန်လာ… (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်၊ ဘောလခဲ မြို့က တိုက်ပွဲတွေက မှတ်တမ်းဓာတ်ပုံတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ ဒုစစ်ဦးချုပ် မာဝီက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပြသထားပါတယ်။
Read More

ယင်းမာပင်ခရိုင်အတွင်း ဗုံးခိုကျင်းများ ကြိုတင်တူးထားကြဖို့ ခရိုင် (ပ.အ.ဖ) တိုက်တွန်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက မြို့တွေမှာ လေကြောင်းရန်ကာကွယ်ရေးအတွက် ကြိုတင်ပြီး ဗုံးခိုကျင်းတွေ တူးထားကြဖို့ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁ယောက်ကို ချင်းတွင်းကာကွယ်ရေး အထူးတပ်ဖွဲ့ (CDF) ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ လဝကရုံးကနေ ကိုယ်လွတ်ရုန်းထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့(CDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲလို့ ဒေသခံ ၅ဦးထက်မနည်း သေဆုံး၊ အယောက် ၂ဝ ခန့် ဒဏ်ရာရ

“ဒဏ်ရာရတဲ့သူက ၁၅၊ ၂၀ ဝန်းကျင်လောက်ရှိတယ်။ သေဆုံးတာက လောလောဆယ်သိရတာ ၅ယောက်။ ရှာလို့မရသေးတာတွေလည်း ရှိနေသေးတယ်”လို့ မိုးကုတ်မြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

ရွာငံမြို့နယ်ထဲမှာ စစ်အုပ်စုနဲ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ်သား ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရ၊ လက်နက်တစ်လက်သိမ်းဆည်းရရှိ

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ အပြန်အလှန် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေ‌ဆုံးသူတွေရှိတယ်လို့ DANU STATE NATIONAL DEFENCE ARMY တပ်ဖွဲ့က ဒီနေ့ နိုဝင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ‌အောက်တိုဘာ ၃၀ ရက် နေ့လယ် ၂ နာရီလောက်မှာ ရနဲကျေးရွာအနီး ရိက္ခာသယ်ပြီးပြန်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး၊ စစ်ကော်မရှင်တပ်ဘက်က ၂ ဦးသေဆုံး ၁ ဦးထိမှန်ဒဏ်ရာရကာ MA -1 တစ်လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ် ။