မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ကျောက်တိုင်ဆေးရုံက စစ်ကောင်စီစခန်းနဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ – ကပစ ၁၂ က ထွက်လာတဲ့ စစ်တပ်ဖောကား ၁ စီးကို တိုက်ခိုက်ရာ စစ်သားနဲ့ ရဲ ၁၀ ယောက်သေဆုံးပြီး အရာရှိတွေအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်(USB Army) တာဝန်ခံ ကိုဗဟိန်းက မောင်းသတင်းဌာနကို ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၉ ရက်ညနေပိုင်းက သရက်မြို့အခြေစိုက် ကပစ ၁၂ ကနေ ထွက်လာတဲ့စစ်ကောင်စီ ဖောကား ၁ စီးကို သရက်-မင်းတုန်းလမ်းပိုင်း၊ မင်းတုန်းမြို့၊ အလယ်ချောင်းရဲစခန်းအနီးမှာ တော်လှန်ရေးတပ်တွေ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ဖောကားဒရိုင်ဘာဖြစ်သူ ဒဏ်ရာဗရပွနဲ့ ကားကို မောင်းပြေးသွားခဲ့ပြီး ပစ်ခတ်မှုဖြစ်တဲ့နေရာနဲ့ ၁ မိုင်ကျော်အကွာ၊ စိုင်ဒိုးကျေးရွာနားအရောက် လမ်းဘေးထိုးကျသွားခဲ့တယ်လို့သိရပါတယ်။
အဆိုပါကားဒရိုင်ဘာအပါဝင် ကားပေါ်လိုက်ပါလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င် ၈ ယောက် သေဆုံးပြီး အရာရှိ ၂ ယောက်နဲ့ တပ်သား ၂ယောက် ဒဏ်ရာအပြင်းထန်ရရှိသွားတယ်လို့ အထူးလှုပ်ရှားတပ်(USB Army) တာဝန်ခံ ကိုဗဟိန်းက ပြောပါတယ်။
ထိခိုက်သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကိုလည်း စစ်အုပ်စုတွေက ကပစ (၁၂) ကို အရပ်သားကားတွေနဲ့အတူ ပြန်လည်သယ်ထုတ်သွားခဲ့ပြီး ဒဏ်ရာရရှိတဲ့အရာရှိတွေကိုတော့ မကွေးစစ်ဆေးရုံကို ပို့ဆောင်ကာ အခြားအဆင့် ၂ ယောက်ကိုတော့ မင်းတုန်းဆေးရုံမှာ လုံခြုံရေးယူပြီး အရေးပေါ်ကုသနေတယ်လို့ ကိုဗဟိန်းက ပြောပါတယ်။
ဒါ့အပြင် နောက်တစ်နေ့ ဖေဖော်ဝါရီလ ၂၀ ရက် မနက်အစောပိုင်းမှာလည်း ပုသိမ်-မုံရွာလမ်းပိုင်း၊ မင်းတုန်း၊ ကျောက်တိုင်ဆေးရုံအတွင်းက အင်အား (၅၀) ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မိနစ် ၄၀ ကြာမြင့်ခဲ့တဲ့ အဲ့ဒီတိုက်ပွဲမှာ ရဲ ၂ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူတွေနဲ့ အသေးစားဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။
” ကျနော်တို့ တိုက်ပွဲဖော်ဆောင်ခဲ့တာ မင်းတုန်း​မြို့အရှေ့ခြမ်းနဲ့ မြောက်ဘက်ခြမ်းတွေမှာပါ။ ကျနော်တို့အနေနဲ့ အခုထိတော့ ထိုးစစ်အဆင့်ကို မရောက်သေးပါဘူး။ ပြောက်ကျားစစ်စနိုင်တုန်းလို့ပဲ ပြောရပါမယ်။ ထိုးစစ်ကိုရောက်ဖို့ လက်နက်ခဲယမ်းအင်အား၊ လူအင်အား အစစအရာရာ ပြင်ဆင်ရပါဦးမယ်။ အင်အားထောင်ချီရှိတဲ့ ကပစ တွေက မင်းတုန်းမြို့အနီးအနားတွေမှာ ရှိနေပါတယ်။ ဒါကြောင့် ပြင်ဆင်နေရတုန်းပါ။” လို့ မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်(USB Army) တာဝန်ခံ ကိုဗဟိန်းက မောင်းသတင်းဌာနကို ပြောပါတယ်။
အထက်ပါ တိုက်ခိုက်မှုတွေကို မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်(USB Army) က ဦးဆောင်မှုနဲ့ မင်းတုန်းမြို့နယ် ပကဖ နဲ့ အထက်မင်းလှ မြို့နယ် ပကဖ တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ၂ ရက်ဆက် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်ကလည်း မင်းတုန်းမြို့တောင်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ တ​ပ်စွဲထားတဲ့ မြောက်ပြင်ရွာ ဘုန်းကြီးကျောင်းကို သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါသေးတယ်။
ပုံစာ – မင်းတုန်းမြို့နယ်အတွင်း စစ်ရေးဖော်ဆောင်နေတဲ့ မင်းတုန်း ပကဖ တပ်ဖွဲ့ဝင်များ…
0 Shares:
You May Also Like
Read More

ဗန်းမော်မြို့ပေါ်က နေရာသုံးနေရာမှာ အဓိကတိုက်ပွဲတွေ ပြင်းထန်နေ၊ မြို့ရဲ့နေရာအများစုကို KIA က စတင်ထိန်းချုပ်

KIA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ထဲမှာ နေရာ သုံးနေရာမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ဘုတလင်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့မြောက်ပိုင်းက ကျေးရွာတချို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့…

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်ကာကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာအနီးတဝိုက်သို့ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားစည်းရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပဲခူးရိုးမ တိုက်ပွဲအတွင်း နယ်မြေအသာစီး ရယူနိုင်သည့် PDF များကြောင့် စစ်ကောင်စီဘက်က ၆ ဦးသေ၊ အများအပြားထိခိုက်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ရေးပစ်မှတ်မဟုတ်သည့် ခင်ဦးမြို့နယ် ဗျူဟာလမ်းပိုင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၁ ဦး မီးလောင်သေဆုံးပြီး ၆ ဦး ဒဏ်ရာရ

အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ခင်ဦးမြို့နယ်က ဗျူဟာလမ်းပိုင်းကို လေကြောင်းတိုက်ခိုက်မှု များစွာပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ပေါင်းတည်မှာ စစ်ကြောင်းထိုးလာတာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ယောက်ထက်မနည်း ထိခိုက်သွားတယ်လို့ ၃၆၀၁ PPDF တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။