တောင်ပိုင်းစစ်ဒေသ၊ စစ်တောင်းမြစ်ဝှမ်းလွင်ပြင်မှာရှိနေတဲ့ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးအဖွဲ့တွေကို ရန်ကုန်တိုင်း ပကဖ တိုင်းတာဝန်ခံ ရဲဘော်နောင်ရိုးနဲ့ တိုင်းဒုတာဝန်ခံ(စစ်ဘက်ရေးရာ)ရဲဘော်မင်းရန်နိုင်တို့ တွေ့ဆုံပြီး ပကဖ လုပ်ငန်းစဥ်တွေ ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
အမြန်လမ်း ထိုးဖောက်ရေး အခြေခံနယ်မြေအဖြစ် စစ်ရေးမဟာဗျူဟာအရ အလွန်အရေးကြီးတဲ့ စစ်တောင်းမြစ်ဝှမ်းလွင်ပြင်မှာ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးအဖွဲ့တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ဒေသ၊ ဗျူဟာ၊ တပ်ရင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မဟာမိတ်တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ကိုင်နိုင်​ရေးအခြေအနေတွေကို ရန်ကုန်တိုင်း ပကဖ တိုင်းတာဝန်ခံနဲ့ တိုင်းဒုတာဝန်ခံ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တိုင်းတာဝန်ခံနဲ့ တိုင်းဒုတာဝန်ခံတို့ဟာ ရန်ကုန်တိုင်းတိုက်ခိုက်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ ရှေ့တန်းစခန်းတွေအထိ သွားရောက်ကာ တပ်ဖွဲ့ဝင်တွေကို အသုံးစရိတ်ငွေတချို့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းပကဖ တိုင်းတိုက်ခိုက်ရေးတပ်ဖွဲ့ ၅ ဖွဲ့နဲ့ ခရိုင်တိုက်ခိုက်ရေးတပ်ဖွဲ့တွေက အမြန်လမ်း နယ်မြေတွေဖြစ်တဲ့ ဖြူး၊ ညောင်လေးပင် နဲ့ စစ်တောင်းမြစ်ဝှမ်း ဒေသစစ်ဆင်ရေးတွေမှာ PDF တပ်ဖွဲ့တွေနဲ့ အတူတကွ ပူးပေါင်းပါဝင်နေပြီး လူထု စည်းရုံးရေးလုပ်ငန်းတွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘက်ပြောင်း ခိုလှုံစေရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

အမှတ် (၁)စစ်ဒေသ၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ ၊ ပခုက္ကူခရိုင် P1-4019 တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ (၉) ရက် မနေ့က တပ်ခွဲ(၁)၊ (၂) နဲ့ (၃)တို့ စုပေါင်းကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖမ်းပေးရန် လူမှုကွန်ရက် ပေါ်တက်ရေးသည်ဟုဆိုကာ ရန်ကုန်မြို့နေ အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦးကို စစ်အုပ်စု ဖမ်းဆီး

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖမ်းဆီးပေးဖို့ လူမူ့ကွန်ရက်စာမျက်နှာက တဆင့် သရော်ရေးသားခဲ့တယ်ဆိုပြီး  ရန်ကုန်မြို့​နေ ဟင်းလပေးချိုင့်ဆွဲရောင်းချနေသူ အသက် ၅၀ ကျော်အရွယ် အမျိုးသားတယောက်ကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်လာပါတယ်။
Read More

ငသိုင်းချောင်းက အမြောက်တပ်ရင်းကို AA ထိုးစစ်ဆင်တိုက်ခိုက်နေ

ဧရာဝတီတိုင်း၊ ငသိုင်းချောင်း အမြောက်တပ်ရင်းကို AA နဲ့ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း တိုက်ပွဲမှာ Earthqauke People’s Defence Force တပ်စိတ်မှူး ရဲဘော် အသေးလေး ကျဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း Earthqauke People's Defence Force က အားထားရတဲ့ တပ်စိတ်မှူး ရဲဘော် အသေးလေး ကျဆုံးခဲ့ရကြောင်း အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အုတ်ဖိုမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၄ ယောက်ကို သတ်ဖြတ်ခဲ့…

ပဲခူးတိုင်း၊ အုတ်ဖိုမြို့မှာ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီတပ်က နေအိမ်တွေမှာ လာရောက်ခေါ်ဆောင်ကာ သတ်ဖြတ်လိုက်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေဆီ မရောက်အောင် ထောင်နဲ့ချီတဲ့ စက်သုံးဆီ ပီပါတွေကို စစ်ကောင်စီ ဖမ်းဆီး

တော်လှန်ရေးတပ်ဖွဲ့တွေဆီ လက်ဝယ်မရောက်ရှိအောင် စက်သုံးဆီ ပီပါထောင်နဲ့ချီကို စစ်ကောင်စီက တရားမဝင် ကုန်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးလိုက်တယ်လို့ ဒီနေ့ ဇန်နဝါရီလ ၁၃ ရက် စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။