စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ၇၅၃ တပ်ရင်းက တပ်ဖွဲ့ဝင် ၉ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်က ဟုမ္မလင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီတပ်ဖွဲ့ SNA တပ်ဖွဲ့ဝင် ၉ ယောက်က ဟုမ္မလင်းမြို့နယ် တိုက်နယ် ၃ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ နဲ့ ချိတ်ဆက်ကာ လက်နက်တွေနဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာသော SNA တပ်ဖွဲ့ဝင် ၉ ယောက်ဟာ G-3 သေနတ် ၃ လက်၊ AK ဒင်ခေါက် ၁ လက်၊ AK ၁ လက်၊ ကီးချန်း ၁ လက်၊ G-3 ကျည် ၁၉၅ တောင့်၊ 7.62 ကျည် ၆၀၇ တောင့် တို့ ယူဆောင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာသူတွေကို ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး အလင်းဝင်လာသူတွေရဲ့ မိသားစုဝင်တွေနဲ့ပါ တွေ့ဆုံစေခဲ့တယ်လို့ ဟုမ္မလင်း ပကဖ က ဆိုပါတယ်။

ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်မှုတွေကိုလည်း ပေးခဲ့သလို အခြားတော်လှန်အင်အားစုတွေကလည်း အလင်းဝင်လာတဲ့ SNA ရဲဘော်တွေကို လာရောက်တွေ့ဆုံကာ စိတ်ဓာတ်ခွန်အားပေးပြီး လိုအပ်တာတွေ ဖြည့်ဆည်းပေးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် မနေ့က ခန္တီးခရိုင်ပေါင်းစပ်ညှိနိူင်းရေးအဖွဲ့က ဦးဆောင်ပြီး အလင်းဝင်လာတဲ့ SNA ရဲဘော်တွေကို ဂုဏ်ပြုငွေ ချီးမြှင့်ခြင်း အခမ်းအနားကျင်းပခဲ့ရာ အခမ်းအနားကို ခန္တီးခရိုင်ကွပ်ကဲရေးအဖွဲ့၊ ခန္တီးခရိုင်အမှတ် ၁၊ ၂ ၊ ၃ တပ်ရင်းက ခေါင်းဆောင်တွေ၊ ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံတွေ၊ ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ၊ လူသားစာနာတာဝန်ခံ၊ ကျန်းမာရေးတာဝန်ခံ၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၊ ဘဏ္ဍာရေးတာဝန်ခံ၊ စည်ပင်တာဝန်ခံ၊ ဆက်သွယ်ရေးတာဝန်ခံ၊ သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့နဲ့အတူ ဒေသခံတိုင်းရင်းသားတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

SNA ရဲဘော်တွေအနေနဲ့ ပြည်သူတွေဘက်က ရပ်တည်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံချင်ရင် ဟုမ္မလင်းမြို့နယ် ပကဖ ကို ဆက်သွယ်နိုင်ပြီး SNA ရဲဘော်တွေကို လှိုက်လှဲစွာ ကြိုဆိုနေတယ်လို့ ဟုမ္မလင်းမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဒီဇင်ဘာ ၁၀ ရက်နေ့ အပြင်မထွက်၊ အသံတိတ်သပိတ် ပြုလုပ်မည်

“လူ့အခွင့်အရေးပျောက်ဆုံးနေတဲ့ နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေရဲ့ တိတ်ဆိတ်ခြင်းနဲ့ ကြွေးကြော်သံကို ကမ္ဘာတစ်ဝှမ်းက ကြားအောင် လုပ်ဆောင်ရမယ်” လို့ GSCB က ဆိုပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အဦးတွေကို မြို့ပြတော်လှန်ရေးအဖွဲ့တွေ ဆက်တိုက်ဆိုသလို တိုက်ခိုက်လာ

အကြမ်းဖက်စစ်ကောင်စီရဲ့ အဓိကအာဏာတည်မြဲရာ ရန်ကုန်မြို့ပြမှာ မြို့ပြတော်လှန်ရေးအဖွဲ့တွေရဲ့လှုပ်ရှားမှုတွေ စက်တင်ဘာလထဲ ဆက်တိုက်ဆိုသလို တွေ့လာရပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၆ ဦး စစ်ကောင်စီကြောင့် သေဆုံးခဲ့ရ

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့ရတယ်လို့မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က မတ်လ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
Read More

လားရှိူးတွင် နေရပ်မပြန်နိုင်သေးသည့် ကျောက်မဲစစ်ဘေးရှောင်နှင့် နမ္မတူစစ်ဘေးရှောင်တို့ စုစုပေါင်း (၃၀၀၀) ဝန်းကျင်ထိ ရှိလာဟု SSPP ထုတ်ပြန်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိူးမြို့အတွင်း နေရပ်ကို မပြန်နိုင်သေးတဲ့ ကျောက်မဲမြို့နယ်နဲ့ နမ္မတူမြို့နယ်မှ စစ်ဘေးရှောင် စုစုပေါင်း (၃၀၀၀) ဝန်းကျင်အထိ ရှိလာတယ်လို့ Shan State Progress Party / Shan State Army (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့နယ်ကို စစ်တပ်က ထိုးစစ်ဆင်ခဲ့ချိန် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့၊ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ စစ်သားများ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးရှိ လယ်တဲမှာ တိမ်းရှောင်နေတဲ့ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံမှာ မြန်မာရွေ့ပြောင်းလုပ်သား နှစ်သိန်းကျော် တရားမဝင် လုပ်သားများအဖြစ် လုပ်ကိုင်နေကြောင်း ရက် ၁၂၀ စီမံချက်အတွင်း စစ်ဆေးတွေ့ရှိခဲ့ဟုဆို

ထိုင်းမှာ မြန်မာလုပ်သားတွေ ရက် ၁၂၀ ကျော် စီမံကိန်းအတွင်း နှစ်သိန်းတစ်သောင်း နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။