မန္တလေးမြို့က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးဝန်ထမ်းတွေ သတ်ဖြတ်ခံရမှုနဲ့ ဖောက်ခွဲတိုက်ခိုက်မှုတွေကို MDY PDF ကလုပ်ဆောင်ခဲ့ကြောင်းနဲ့ လုပ်ဆောင်ခဲ့သူ ၆ ယောက်ကို ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ဖေဖော်ဝါရီလ ၁၉ရက်နေ့ ထုတ်ပြန်ချက်အရ ချမ်းမြသာစည်မြို့နယ်နဲ့ စဉ့်ကိုင်မြို့နယ်တို့ကနေ အထက်ပါအမှုတွေအတွက် တရားခံလို့ သတ်မှတ်ထားတဲ့ အမျိုးသား ၆ယောက်ကို ဖမ်းဆီးရမိထားကြောင်း၊ ထိုအမျိုးသားတွေကို MDY-PDF တပ်ရင်း ၅၊ တပ်ရင်းမှူး မင်းသန့်ကျော်(ခ) ဗိုလ်ဖောင်းဒိုင်းက ခိုင်းစေခဲ့တာဖြစ်ကြောင်း ပြောထားပါတယ်။

မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်ကလည်း မြို့ပြ တော်လှန်ရေးရဲဘော်တွေ ဖမ်းဆီးခံရမှုဟာ အမှန်တကယ်ဖြစ်ကြောင်းနဲ့ MDY PDF က မဟုတ်ဘဲ ခရိုင်တပ်ရင်းတွေကသာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီအပေါ် MDY PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကို ဆက်သွယ်မေးမြန်းရာမှာလည်း ” ကျွန်တော်တို့ တပ်ဖွဲ့ဝင်များ မဟုတ်ပါဘူး” လို့ ဖြေဆိုပါတယ်။

စစ်ကောင်စီဝါဒဖြန့် မီဒီယာများ ထုတ်ပြန်သည့် ဖမ်းဆီးရမိသူများနှင့် လက်နက်များ

“ဖမ်းဆီးခံရတာကတော့အမှန်ပါ။ သူတို့ကတော့ MDY PDF လို့ သုံးတာပေါ့။  ဒါပေမယ့် ခရိုင်ရင်းပါ။ မန္တလေးခရိုင် ရင်း (၅)အောက်ကပါ။ အဓိကကတော့ UGတွေ ဖမ်းခံရတယ်ပေါ့။ သက်ဆိုင်ရာအဖွဲ့တွေက သူတို့လူလို့ မထုတ်ပြန်သေးတော့ ကျနော်လည်း အတိအကျ အထင်နဲ့ပြောလို့ မရပါဘူး။ ဖမ်းခံရတာတွေက CCTV ကလိုက်တာလည်း အများဆုံးဖြစ်နိုင်တယ်။ မစ်ရှင်လုပ်ထားတဲ့ Record ရလို့လိုက်တာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ရဲဘော်တွေရဲ့လုပ်ဆောင်မှုတွေက အောင်မြင်ထားတာဆိုတော့ အခုလို ဖမ်းဆီးခံလိုက်ရတာဟာ ဆုံးရှုံးမှု တော်တော်လေး ကြီးမားတယ်လို့ ပြောရပါမယ်။ နောက်ပြီး အခုဆို မြို့ပြ UG အရေအတွက်က အရင်ကထက် အများကြီးပိုနည်းလာပါတယ်။ ” လို့ မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်တစ်ယောက်က မောင်းကိုပြောပါတယ်။

လက်ရှိအခြေအနေတွေအရ စစ်ကောင်စီဟာ မြို့ပြတွေမှာသာ အုပ်ချုပ်ရေးယန္တရားကို အခိုင်အမာတည်ဆောက်ထားနိုင်တော့သလို အညာဒေသက ပျူစောထီးနဲ့ စစ်တပ်သတင်းပေးတွေလည်း တော်လှန်ရေးအားကောင်းရာ ကျေးလက်အညာတွေထက် စစ်အုပ်စုအခိုင်အမာရှိတဲ့ မြို့ပြကိုပဲ ပိုပြီးအခြေချလာကြတယ်လို့ တော်လှန်ရေးအင်အားစုတွေက သုံးသပ်ပြောဆိုပါတယ်။

“အခုဆို မြို့တိုင်း၊ ရပ်ကွက်တိုင်းလိုလိုမှာ စစ်တပ်သတင်းပေး အသွင်ယူတာတွေ ပိုများလာတယ်။ ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ အသွင်ယူထားတယ်ပေါ့။ မီနီအိုးဝေမောင်းတာတွေ၊ ဆိုင်ကယ်ကယ်ရီတွေ စသဖြင့် နေရာတိုင်းမှာ သူတို့ချင်းခြေချင်းလိမ်နေကြတယ် ပြောရမယ်။ အဲ့ဒါကြောင့် UG တွေအနေနဲ့လည်း အထူးဂရုစိုက်ပြီး သတိကြီးကြီးထား လုပ်ဖို့လိုပါတယ်။ လုပ်ငန်း​ဆောင်တာတွေကို အခွင့်အရေးရရင်ရသလို လုပ်တာမျိုး၊ တောက်လျှောက်လုပ်တာမျိုးထက် လုံခြုံရေးပိုင်းကို သေချာလေး အစီအစဥ်ဆွဲပြီးမှသာ ဉာဏ်လေးနဲ့ယှဥ် လုပ်ဆောင်ကြပါလို့ပဲ အကြံပြုချင်ပါတယ်။” လို့မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်တစ်ယောက်က မောင်းကိုပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် မီဒီယာများ ထုတ်ပြန်သည့် လက်နက်များ

ဖေဖော်ဝါရီလ ၂ရက်နေ့နဲ့ ၄ရက်နေ့တွေမှာ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက် နဲ့ စဉ့်ကိုင်မြို့နယ်တို့က ကိုထွန်းထွန်းမြင့်၊ ကိုနန်းဝင်းစိုး(ခ) ကိုနိုင်ဝင်းစိုး၊ ကိုအောင်အောင်(ခ) အောင်လေး၊ ကိုဇော်ဇော်ထွန်း(ခ) ဇော်သက်(ခ) ဖက်တီး၊ ကိုသူရိန်ထွန်းနဲ့ ကိုမင်းခန့်(ခ) ဂူဂူးတို့ကို သတ်ဖြတ်မှု၊ ဖောက်ခွဲမှု၊ ကင်းလုံခြုံရေးယူပေးမှု၊ ကူညီဆောင်ရွက်ပေးမှု စတဲ့အချက်တွေနဲ့ စစ်ကောင်စီက စွပ်စွဲဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးကတည်းက အရပ်သားတွေကို အကြောင်းအမျိုးမျိုးပြ ဖိနှိပ်ရင်း၊ စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်အာဏာပိုင်ဆိုသူတွေကို မန္တလေးမြို့အပါအဝင် နေရာတော်တော်များများမှာ တော်လှန်ရေးအင်အားစုတွေက အဓိကထား ပစ်ခတ်ရှင်းလင်းနေကြတဲ့အတွက် စစ်ကောင်စီဘက်ကလည်း အပူတပြင်း ဖမ်းဆီးနိုင်ဖို့​​ ကြိုးစားလာနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြင်းမူမြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ မြို့ပေါ်နေရာတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့နယ်တွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် ထိမှန်သေဆုံးခဲ့ကြောင်း ချောင်းဦး ပကဖထံက သိရပါတယ်။
Read More

PSLF/TNLA ရဲ့ တရားဥပဒေစိုးမိုးရေး (အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စိုးမိုးနယ်မြေတစ်နေရာမှာ တရားဥပဒေစိုးမိုးရေး (အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ ၅ ဦး သေဆုံးခဲ့သည့် ကျုံဒိုးမြို့၊ ပိုင်ရပ်ကျေးရွာ နေအိမ်စာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု နိုင်ငံတကာက ပိတ်ပင်ထားသည့် Cluster ဗုံးအမျိုးအစား စစ်ကောင်စီ အသုံးပြုခဲ့

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ပိုင်ရပ်ကျေးရွာမှာ မူလတန်း ကလေးငယ် ၃ ယောက် အပါအဝင် ပြည်သူ ၅ ယောက် သေဆုံးစေခဲ့တဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ Cluster ဗုံးအမျိုးအစားကို အသုံးပြုခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရှမ်းမန်းစစ်ဆင်ရေးမှာ တပ်ရင်းတစ်ခုလုံးနီးပါး ပူးပေါင်းခဲ့တဲ့ ရေဦး PDF အိမ်ပြန်ရောက်ပြီ

ရှမ်းမန်းစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၄ - ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ မနေ့က ညနေပိုင်းမှာ မိခင်တပ်ရင်းရှိရာ ရေဦးမြို့နယ်ကို ပြန်လည်ရောက်ရှိပြီလို့ သိရပါတယ်။
Read More

မွန်ပြည်လွတ်မြောက်ရေးတပ်တော်ရဲ့ GD-2 ဒရုန်းတပ်ဖွဲ့ တပ်သားသစ်များ လက်ခံနေ

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (Mon Libration Army - MLA) ရဲ့ Galon Drone Team - 2 (Multi-Rotor) ဒရုန်းတပ်ဖွဲ့မှာ ပြည်သူလူထုကို ကာကွယ်ပြီး အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တော်လှန်လိုတဲ့ လူငယ်တွေကို စိစစ်လက်ခံနေတယ်လို့ MLA က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။