မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် သတိပြုဖို့ အချက်တွေ ပါဝင်တဲ့ စာစဉ် ဖြန့်ဝေပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက် ပြုလုပ်လာတာကြောင့် ဆိပ်ဖြူမြို့နယ်အတွင်းရှိ လက်လှမ်းမှီပြီး ဆက်သွယ်ရေး ခက်ခဲတဲ့ ပြည်သူတွေဆီကို ပခုက္ကူခရိုင်အမှတ်(၁၉)တပ်ရင်းက ဒီနေ့မှာ လေကြောင်းတိုက်ခိုက်မှု အသိပညာပေးစာစဉ်တွေ ဖြန့်ဝေပေးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ က.ပ.စ(၂၂) က စက်တပ်လေထီး (Paramotor) အသုံးပြုပြီး အရပ်သား ပြည်သူတွေကို တိုက်ခိုက်မှုနဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေအတွက် သတိပြုဖို့ ရည်ရွယ်ပြီး စာစဉ် ဖြန့်‌ဝေပေးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ နိုင်ငံတစ်ဝန်း ဆေးရုံဆေးခန်းတွေအပါအဝင် အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေ တောက်လျှောက်ဆိုသလို လုပ်ဆောင်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ဖောက်ဖျက်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်များအား လာရောက်ထောက်လှမ်းသည့် ပျူစောထီးကို ပစ်ခတ်ရှင်းလင်းခဲ့ဟု ဆို

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ စက်တိုင်ရပ်ကွက်မှာ နေထိုင်တဲ့ ပျူစောထီးဖြစ်သူ အေးမျိုးအောင်ကို စစ်ဆေးနေစဉ် ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ဝက်လက်တွင် စစ်ကောင်စီတပ်သား ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ဝက်လက်မြို့နယ်မှာ စစ်ကောင်စီ တပ်သား ၆ ယောက် လက်နက်တွေ ယူဆောင်ပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတယ်လို့ People's Servant Revolution - Wetlet က ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်တွင် စစ်ကောင်စီတပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၄ ဦးသေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ တောကျီးကန်း(၇)ကောင်တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မှာ PSLF/TNLA အုပ်ချုပ်ရေးဌာနက ပြည်သူလူထုနှင့် တွေ့ဆုံ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ မိုးကုတ်ခရိုင် အုပ်ချုပ်ရေးဌာနက ဦးဆောင်ပြီး ပြည်သူလူထုနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နွေဦးတော်လှန်ရေးအတွက် အမေရိကန် မြို့ကြီးတွေမှာ ရောင်နီ လာမယ်

ရောင်နီ live 2025 ဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန်နိုင်ငံက မြို့ကြီးတွေမှာ ဂီတဖျော်ဖြေပွဲတွေ ကျင်းပသွားမှာဖြစ်ပြီး ရရှိတဲ့ အမြတ်အားလုံးကို တော်လှန်ရေးအတွက် အသုံးပြုနိုင်ဖို့ မြေပြင်ကို အမြန်ဆုံးပို့ဆောင်သွားမှာ ဖြစ်ကြောင်း တော်လှန်အနုပညာရှင်တစ်ယောက်ဖြစ်သူ အဆိုတော်လင်းလင်းက သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် အသိပေးလိုက်ပါတယ်။
Read More

လက်ရုံးတပ်များ တဖြည်းဖြည်း ပြုတ်ကျလာနေသည့် စစ်ကောင်စီ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ အမှတ် ၂ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ် (စလစ ၂) နဲ့ အမတ (၃၆၆) တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။