စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ဆေးရုံ ၂ ရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ နှစ်ရက်အတွင်း ဗုံးကြဲတိုက်ခိုက်ရာ ကျန်းမာရေးစေတနာ့ ဝန်ထမ်း ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ People’s Healthcare Network (Kalay) က ထုတ်ပြန်ထားပါတယ်။

ကလေးမြို့နယ် တောင်ပိုင်းမှာ တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေ တစ်နေရာက ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ Golden Valley Revolution Hospital – ရွှေတောင်ကြား တော်လှန်ရေးဆေးရုံကို အကြမ်းဖက် စစ်တပ်က ဖေဖော်ဝါရီလ ၁၃ ရက် မနက်ပိုင်းမှာ ပထမအကြိမ် လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သား ပြည်သူတွေ ထိခိုက်မှုမရှိပေမယ့် People’s Healthcare Network (Kalay) က ကျန်းမာရေး စေတနာ့ဝန်ထမ်း ၅ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ (၁၄)ရက် မနက်ပိုင်းမှာလည်း ကလေးမြို့နယ်တောင်ပိုင်းက ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ “People’s Healthcare Network (Kalay)” ရဲ့ “Station Hospital (Southern Kalaymyo) – တောင်ပိုင်းတိုက်နယ်ဆေးရုံ – PHN (Kalay)” ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြားထဲက ထိခိုက်ဒဏ်ရာရ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို “People’s Healthcare Network (Kalay)” ရဲ့ ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေက သက်စွန့်ဆံဖျား ကယ်ဆယ်ကုသစောင့်ရှောက်မှုပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီအနေနဲ့ ဆေးဝါးကုသမှုပေးနေတဲ့ ဆေးရုံတွေကို ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော် ပကဖ ၏ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်များ ဦးဆောင်ပြီး ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့ပွဲ

အမျိုသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နေပြည်တော် - ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တွေက ဦးဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့် မွေးနေ့မင်္ဂလာ အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ နေပြည်တော် ပကဖ က မနေ့ကညဉ့်နက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ဘန်ကောက်မှာ ငလျင်ဒဏ် ကြုံတွေ့ခံစားခဲ့ရသည့် မြန်မာအပါအဝင် အလုပ်သမားများအတွက် လိုအပ်သည့် ကူညီထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Chatuchak စျေးအနီး ဆောက်လုပ်နေဆဲ အစိုးရငွေစာရင်းစစ်ရုံး အဆောက်အဦးဟာ မတ်လ ၂၈ ရက် ငလျင်ကြောင့် ပြိုကျခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက မြန်မာတွေအပါအဝင် အလုပ်သမားတွေအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့ပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ဝေဖန်လို့ ဖမ်းဆီးခံရသူများအနက် ရန်ကုန်မြို့က အများဆုံး ပါဝင်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဝေဖန်လို့ အဖမ်းခံရသူတွေထဲမှာ ရန်ကုန်မြို့က အများဆုံး ပါဝင်နေတယ်လို့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ စစ်ကော်မရှင်က တိုက်ရိုက် ခြိမ်းခြောက်နေသော လွတ်လပ်စွာပြောဆိုခွင့် အစီရင်ခံစာနဲ့ စစ်အုပ်စု ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
Read More

ပခုက္ကူတွင် အကြမ်းဖက်စစ်ကြောင်းက စစ်ရှောင်အမျိုးသမီး ၁ ဦးကို ပစ်ခတ်သတ်ဖြတ်… စစ်ကောင်စီစစ်ကြောင်းကြောင့် အရပ်သားသောင်းနှင့်ချီ မိုးရေထဲ စစ်ဘေးရှောင်နေရ…

" အခုထိစစ်ကြောင်းက ပခုက္ကူနယ် ဂျိုးပျံရယ် မန်ကျည်းသုံးပင်ရယ်ကြားမှာပဲ ရှိသေးတယ်။ အများကြီး မရွှေ့သေးဘူး။ မိုင်းတွေခွဲရှင်းနေတယ်လို့လည်း ပြောတယ်။ ရေပြာ နဲ့ ကမ္မကြားက တပ်မကို မဖြတ်ရဲလို့ကြာနေတာ။ အခုလည်း ဒီကောင်တွေ ကမ္မ-ရေပြာလမ်းပိုင်းဘေးဘက်ကိုကို ၅မိုင်လောက်ဖြန့်ယူထားတဲ့သဘောပါ။ " လို့ အညာမြေအရပ်ဖက် လူမှု့အဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နောင်ချိုမြို့နယ်အစပ်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးနေပြီး ခရီးသွားလာမှု ကန့်သတ်တာတွေ ပြုလုပ်လာနေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုအစပ်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၂၀ရက်နေ့ မနက်ပိုင်းမှာ စစ်ကြောင်းထိုးခဲ့ပြီး လမ်းခရီးတလျှောက် ခရီးသွားလာမှုတွေကိုပါ ကန့်သတ်ပိတ်ပင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Read More

ခြေဆေးရွာကို စစ်တပ် လေယာဉ်ဗုံးကြဲလို့ အမျိုးသမီး ၁ ယောက်သေဆုံးပြီး ကိုယ်ဝန်ဆောင်သည်အပါအဝင် ၂ယောက်စိုးရိမ်ရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နဲ့နွားထိုးကြီး အစပ်က ခြေဆေးကျေးရွာကို စစ်ကောင်စီက လေယာဥ်၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွာခံအမျိုးသမီး ၁ယောက်သေဆုံးကာ ကိုယ်ဝန်ဆောင်သည်အပါအဝင် အမျိုးသမီး​၂ယောက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။