ထိုင်းရောက်မြန်မာအလုပ်သမားအရေးကို ကူညီဖြေရှင်းပေးတဲ့ AAC အဖွဲ့ရဲ့ ရုံးအဆောက်အဦကို ထိုင်းအစိုးရက ချိတ်ပိတ်လိုက်ပြီး ရက် ၆၀ အတွင်း မဖျက်သိမ်းပေးရင် ဒဏ်ငွေဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ကျခံရမှာဖြစ်ကြောင်း လာရောက် စာကပ်သွားတယ်လို့ သိရပါတယ်။

မြန်မာအလုပ်သမားအရေး ကူညီပေးရေးအဖွဲ့ (AAC မဟာမိတ်အဖွဲ့) ရုံးအဆောက်အဦဟာ ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသမှာ ရှိပြီး ဒုက္ခရောက်နေတဲ့ အလုပ်သမား ၁၀၀ ဝန်းကျင်ကို ခေတ္တလက်ခံထားစဉ်မှာ အခုလို စာထုတ်ခံရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ အဆိုပါရုံးကို ထိုင်းအစိုးရက လာရောက်စစ်ဆေးကာ ဒဏ်ငွေရိုက်ပြီးနောက် ၂၀ ရက်နေ့မှာတော့ အဆောက်အဦးကိုပါ ဖြိုဖျက်ပေးဖို့ စာလာကပ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Htoo Chit’s Facebook)

“ရက်ပေါင်း ၆၀ အတွင်းကို ဖျက်ပေးပါ၊ ဆက်ပြီး အသုံးပြုမယ်ဆိုရင် တစ်ရက်ကို ဘတ်တစ်သောင်းနှုန်းနဲ့ ဒဏ်ငွေရိုက်မယ် အဲဒီလိုစာပေါ့နော် ဥပဒေကို မလိုက်နာရင် တရားရုံးတင်ပြီး အရေးယူခံရမယ်၊  ထောင်ဒဏ်နဲ့ ငွေဒဏ် ၂ ခုလုံးလည်း ပူးတွဲ ကျခံရနိုင်တယ်ဆိုပြီး စာလာကပ်သွားတာပါ” လို့ AAC ဒါရိုက်တာ ဦးခိုင်ကြီးက မောင်းကို ပြောပါတယ်။

၁၈ ရက်နေ့က AAC ရုံးကို လာရောက် စစ်ဆေးခဲ့တဲ့ ထိုင်းအစိုးရဟာ အဖွဲ့စုံဖြစ်ပြီး AAC ရုံးကနေ လက်ခံထားတဲ့ အလုပ်သမားတွေဟာ ဧည့်စာရင်းမတိုင်ထားဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့် လဝကကို အလုပ်သမား ၁ယောက်ကို ဘတ် ၁၆၀၀ နှုန်းနဲ့ ၅၁ ယောက်စာ ဒဏ်ငွေပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဆောက်အဦးကို ဖျက်သိမ်းခိုင်းတာကတော့ ထိုင်းနိုင်ငံရဲ့ သဘာဝဘေးဥပဒေအရ အဆောက်အဦက စံနှုန်းမမှီတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

“ဆောက်တုန်းက ကျနော်တို့လည်း ပုံစံတွေဘာတွေ မတောင်းထားမိဘူး၊ သူတို့ သတ်မှတ်ထားတဲ့ အချိုးအစားတွေအတိုင်း မဆောက်ဘဲ မြို့ပေါ်မဟုတ်ဘူးဆိုပြီး ဖြစ်သလိုလေးဆောက်ထားတာ၊ အဲ့ဒါကို ဖျက်ခိုင်းတာပေါ့နော် စာလာကပ်တာကတော့ မြို့နယ် စည်ပင်သာယာကပါ၊ တခါတည်းအပြီး အမိန့်ထုတ်တာ အယူခံဝင်လို့ မရတော့ပါဘူး” လို့ ရှင်းပြပါတယ်။

AAC ရုံးဟာ ၂၀၁၅ ခုနှစ်ကတည်းက ထိုင်းနိုင်ငံ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိသူ၊ ဒုက္ခရောက်နေသူ မြန်မာနိုင်ငံသားတွေ ခေတ္တခိုလှုံရာ အဖြစ် ရည်ရွယ်တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အပါအဝင် သဘောတူညီမှုအချို့ မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ လက်မှတ်ထိုး

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်းမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အပါအဝင် သဘောတူညီချက် (၁၀) ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

ထိုင်းနိုင်ငံတွင် ငွေလိမ်ဂိုဏ်းကို ဝင်ရောက်ဖမ်းဆီးရာ မြန်မာနိုင်ငံသား ၃ဦးနှင့် ဘတ်ငွေ ၄၆သန်းကျော် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ နယ်စပ်ဖြတ်ကျော် ငွေကြေးလိမ်လည်မှု လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃ယောက်ကို ထိုင်းဘတ်ငွေ ၄၆ သန်းကျော်နဲ့အတူ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဂျာမနီက ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆု ရရှိ

တော်လှန်အနုပညာရှင်တွေထဲက ထင်ရှားတဲ့ စုံတွဲဖြစ်တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဟာ ဂျာမနီနိုင်ငံကပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုတစ်ခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို NUG ယာယီသမ္မတ ဒူဝါလရှီးလ ဂုဏ်ပြု

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုတယ်ဆိုတာနဲ့ နှစ်နိုင်ငံအကြား ခိုင်မာတဲ့ ဆက်ဆံရေးဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက လူမှုကွန်ရက် X (Twitter) မှာ ရေးသားထားပါတယ်။
Read More

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်သည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နိုင်ရန် လောင်စာမီးထိုးပေးမည့် ခရီးစဉ်သာဖြစ်ကြောင်း JFM ထုတ်ပြန်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ စစ်ရာဇဝတ်မှုတွေကို ပိုမိုတိုးပွားလာစေဖို့ လောင်စာဖြစ်နိုင်ကြောင်း Justice For Myanmar က ဒီနေ့ မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့က ငလျင်ဘေးသင့် ပြည်သူများနေထိုင်ဖို့ ယာယီတဲ ၉၀ ကျော် တည်ဆောက်ပေး

ငလျင်ဘေးအတွက် ကူညီကယ်ဆယ်ရေးရောက်ရှိနေတဲ့ ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့က မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ပြည်သူတွေနေထိုင်နိုင်ဖို့ ယာယီတဲ ၉၁ လုံး တည်ဆောက်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဧပြီလ ၂၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။