စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ၇၅၃ တပ်ရင်းက တပ်ဖွဲ့ဝင် ၉ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်က ဟုမ္မလင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီတပ်ဖွဲ့ SNA တပ်ဖွဲ့ဝင် ၉ ယောက်က ဟုမ္မလင်းမြို့နယ် တိုက်နယ် ၃ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ နဲ့ ချိတ်ဆက်ကာ လက်နက်တွေနဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာသော SNA တပ်ဖွဲ့ဝင် ၉ ယောက်ဟာ G-3 သေနတ် ၃ လက်၊ AK ဒင်ခေါက် ၁ လက်၊ AK ၁ လက်၊ ကီးချန်း ၁ လက်၊ G-3 ကျည် ၁၉၅ တောင့်၊ 7.62 ကျည် ၆၀၇ တောင့် တို့ ယူဆောင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာသူတွေကို ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး အလင်းဝင်လာသူတွေရဲ့ မိသားစုဝင်တွေနဲ့ပါ တွေ့ဆုံစေခဲ့တယ်လို့ ဟုမ္မလင်း ပကဖ က ဆိုပါတယ်။

ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်မှုတွေကိုလည်း ပေးခဲ့သလို အခြားတော်လှန်အင်အားစုတွေကလည်း အလင်းဝင်လာတဲ့ SNA ရဲဘော်တွေကို လာရောက်တွေ့ဆုံကာ စိတ်ဓာတ်ခွန်အားပေးပြီး လိုအပ်တာတွေ ဖြည့်ဆည်းပေးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် မနေ့က ခန္တီးခရိုင်ပေါင်းစပ်ညှိနိူင်းရေးအဖွဲ့က ဦးဆောင်ပြီး အလင်းဝင်လာတဲ့ SNA ရဲဘော်တွေကို ဂုဏ်ပြုငွေ ချီးမြှင့်ခြင်း အခမ်းအနားကျင်းပခဲ့ရာ အခမ်းအနားကို ခန္တီးခရိုင်ကွပ်ကဲရေးအဖွဲ့၊ ခန္တီးခရိုင်အမှတ် ၁၊ ၂ ၊ ၃ တပ်ရင်းက ခေါင်းဆောင်တွေ၊ ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံတွေ၊ ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ၊ လူသားစာနာတာဝန်ခံ၊ ကျန်းမာရေးတာဝန်ခံ၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၊ ဘဏ္ဍာရေးတာဝန်ခံ၊ စည်ပင်တာဝန်ခံ၊ ဆက်သွယ်ရေးတာဝန်ခံ၊ သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့နဲ့အတူ ဒေသခံတိုင်းရင်းသားတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

SNA ရဲဘော်တွေအနေနဲ့ ပြည်သူတွေဘက်က ရပ်တည်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံချင်ရင် ဟုမ္မလင်းမြို့နယ် ပကဖ ကို ဆက်သွယ်နိုင်ပြီး SNA ရဲဘော်တွေကို လှိုက်လှဲစွာ ကြိုဆိုနေတယ်လို့ ဟုမ္မလင်းမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီမှာ စစ်ကောင်စီတပ်စခန်းဟောင်း သိန္ဓောစခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဓောရွာက အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းဟောင်းတစ်ခုဖြစ်တဲ့ သိန္ဒောစခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ က ထုတ်ပြန်ထားပါတယ်။
Read More

မီးဖြတ်ခံရတာ ၁လနီးပါးရှိလာပြီဖြစ်တဲ့ ဖားကန့်မြို့…

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားတာ ၁လနီးပါးအထိ ကြာမြင့်လာတာကြောင့် နေရေးထိုင်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းထဲ စစ်ရေယာဥ်များကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သင်္ဘော ၁ စီးနှင့် မော်တော် ၄စီး မီးလောင်ပျက်စီး၊ စစ်ကောင်စီတပ်သား ၅ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်နဲ့ ဖောင်းပြင်မြို့နယ်တွေမှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး သင်္ဘောတွေ မီးလောင်ပျက်စီးကာ စစ်ကောင်စီတပ်သား သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်တာအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ၂၉ ယောက်သေပြီး ၂၅ ယောက် ဒဏ်ရာရ..

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်တာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ၂၉ ယောက်သေပြီး ၂၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

PDF နဲ့ ပကဖတွေက စိုးမိုးနယ်မြေတွေအတွင်း အပတ်စဥ်ထုတ် စစ်သတင်းလွှာ ဖြန့်ဝေနေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်အနေနဲ့ စိုးမိုးနယ်မြေတွေအတွင်း အင်တာနက်ပြတ်တောက်နေတဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေ သတင်းအချက်အလက် ရရှိစေဖို့ စစ်သတင်းလွှာကို အပတ်စဥ် ထုတ်ဝေဖြန့်ချိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ရ

ကရင်နီပြည်နယ်မှာ ၃ လတာအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃ ယောက် သေဆုံးခဲ့ရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က အသိပေးထုတ်ပြန်လိုက်ပါတယ်။