ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စစ်ကောင်စီဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ချိန် ကျဆုံးခဲ့တဲ့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ရဲဘော်ရဲ့ စျာပနကို ပဲခူးတိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စစ်ရေးတာဝန်ခံ သွားရောက်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာမှာ ကျဆုံးသွားတဲ့ ဖြူး ပကဖ (တိုက်ခိုက်ရေးအဖွဲ့)က ဒုတပ်စိတ်မှူး ရဲဘော်နေမင်းရဲ့ ဈာပနကို ပဲခူးတိုင်းပကဖ၊ စစ်ရေးတာဝန်ခံက သွားရောက်ပြီး NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စား ဦးညွှတ်ဂုဏ်ပြုလွှာပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဆင်ရေးတာဝန်ခံနဲ့ ဗျူဟာ (၂၄) တာဝန်ခံတို့က ပေးပို့တဲ့ ထောက်ပံ့ငွေတွေကိုလည်း ကျဆုံးရဲဘော်ရဲ့ ကျန်ရစ်သူမိသားစုကို ပဲခူးတိုင်း ပကဖ စစ်ရေးတာဝန်ခံက ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ 

ပဲခူးတိုင်း ပကဖ စစ်ရေးတာဝန်ခံဟာ ဖြူး ပကဖ (တိုက်ခိုက်ရေးအဖွဲ့)ကိုလည်း ပြည်သူလူထုက လှူဒါန်းတဲ့ ရိက္ခာတွေကိုလည်း ပြည်သူလူထုကိုယ်စား ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် (ပကဖ) ဟာ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးနယ်မြေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းစစ်ဆင်ရေးတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်ကုတ်မြို့သိမ်းတိုက်ပွဲ မှတ်တမ်းဓာတ်ပုံတွေ AA ထုတ်ပြန်လာ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေစဉ် အာရက္ခတပ်တော် AA က စစ်ကောင်စီရဲ့ ဌာနဆိုင်ရာနဲ့ တပ်စခန်းတွေ ရှေ့မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဒီနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။
Read More

မောင်တော နခခ(၅)မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အများအပြား အရှင်ဖမ်းမိ၊ စစ်ကောင်စီဘက်က ၄၅၀ ကျော်သေ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို AA ထိန်းချုပ်လိုက်ပြီ

မောင်တောမှာ နောက်ဆုံးကျန်နေတဲ့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၅) တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အရှင်ဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်ဖွဲ့၀င် ၄၅၀ ကျော်အထက် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာလ ၁၀ ရက် ညပိုင်းမှ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ချက်ချင်းရုတ်သိမ်းပေးဖို့ အာဆီယံပါလီမန်အမတ်များအဖွဲ့ တောင်းဆို

ပြည်သူလူထုအပေါ် ဖိနှိပ်ဖမ်းဆီးမှုတွေ အားကောင်းလာစေနိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ချက်ချင်းရုတ်သိမ်းပေးဖို့  လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR)က တောင်းဆိုလိုက်ပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (31) လုံခြုံရေးတပ်ခွဲဆီ အောင်ဇေယျစစ်ကြောင်းက တပ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင် (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကနေ စစ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (31) လုံခြုံရေးတပ်ခွဲက ထုတ်ပြန်ထားပါတယ်။
Read More

အရပ်သားတွေကို ငွေညှစ်နေတဲ့ စစ်ကောင်စီဂိတ် မိုင်းဆွဲခံရပြီး တပ်ကြပ် ၁ ယောက် ပွဲချင်းပြီး သေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဂန့်ဂေါမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင် ပျက်စီး၊ ညသန်းခေါင်ယံအချိန်မို့ လူထိခိုက်မှု မရှိခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ကျေးရွာအတွင်းရှိ စာသင်ကျောင်းကို ထိမှန်သွားတာကြောင့် စာသင်ကျောင်း လုံးဝပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။