မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မြောက်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်မ ၈၈၊ ကပစ ၁၂၊ ပသစ ပူးပေါင်းအင်အား ၇၀ ကို ဖေဖော်ဝါရီ ၁၉ ရက် ‌နေ့လယ်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းထံက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို သရက်ခရိုင် အမှတ်-၄တပ်ရင်း ဒရုန်းတပ်စိတ်နဲ့  ကျောင်းသားလက်ရုံးတပ်တော်(SAF)တို့က ဒရုန်းနဲ့ ၆၀ မမ ဗုံးသီးတွေ ကြဲချပြီး သရက်ခရိုင်အမှတ် – ၄ တပ်ရင်း တပ်ခွဲ (၁)နဲ့ တပ်ခွဲ (၂)တို့က ဘုန်းကြီးကျောင်းအတွင်း ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်သားတွေ အကျအဆုံး များခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူအပြင် လေကြောင်းပစ်ကူ ၃ ကြိမ် လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြားသေကာ တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၁ ယောက်ကျဆုံးခဲ့ပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၂၀ ရက်မှာတော့ မင်းတုန်းမြို့ ၅ မိုင်ဂိတ်အနီး ၁၂၀ မမ လက်နက်ကြီး အချက် ၃၀ ခန့် ပစ်ကူပေးပြီး မြောက်ပြင်ကျေးရွာကနေ မင်းတုန်းမြို့ဘက် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ် ကံကြီးကုန်းပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစခန်းကို ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ Fixed Wings Droneတွေနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး အထိနာကာ အရပ်သားနေအိမ် အလုံး ၇၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့ရာ အထိနာပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်က တောင်သာမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စု မကျည်းပင်တဲရွာဘက်ကနေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာစဉ် မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း တပ်ခွဲ (၁) တပ်ခွဲမှူး ငတွန်ဦးဆောင်တဲ့ တပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မှော်ဘီမြို့နယ် ဝါးနက်ချောင်းစံပြရွာ အုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ရန်ကုန်တိုင်း ဝါးနက်ချောင်းစံပြရွာ အုပ်ချုပ်ရေးမှူးရုံးကို မတ်လ ၁၁ ရက် မနေ့ညပိုင်းက ၄၀ မမ ဗုံး ပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Civilian Military SRDF အဖွဲ့ထံက သိရပါတယ်။
Read More

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်တွင် တောင်ကျရေကြောင့် အဆောက်အအုံနှင့် ယာဉ်အချို့ ရေစီးထဲမျောပါ (ရုပ်/သံ)

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မှာ ကာဂျီကီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး အရှိန်အဟုန်နဲ့ စီးဆင်းလာတဲ့ တောင်ကျရေကြောင့် အဆောက်အအုံနဲ့ ယာဉ်တချို့ ရေစီးထဲမျောပါသွားခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်ရေး တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ ရုပ်သံမှတ်တမ်း စစ်ကိုင်းခရိုင်တပ်ရင်း-၃ ထုတ်ပြန်

စစ်ကိုင်းခရိုင်တပ်ရင်း-၃ မှာ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်ရေး တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေရဲ့ ရုပ်သံမှတ်တမ်းကို နိုဝင်ဘာ ၈ ရက်မနေ့ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၇ ဦး ပွဲချင်းပြီးသေ (ရုပ်/သံ) 

တရုတ်ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၈၀ကျော်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၇ယောက် သေဆုံးခဲ့တယ်လို့  Monywa Inventor ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။