ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ‌ဂျက်ဖိုက်တာနဲ့ ‌ဗုံးကြဲတိုက်ခိုက်ရာ အဘွားအို  ၁ ယောက်သေဆုံးပြီး ကလေးငယ်တစ်ယောက်အပါအဝင် ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက် မနေ့က ညပိုင်းမှာ နောင်ချိုမြို့နယ်၊ လောက်ဖန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီဗုံးကြဲတိုက်ခိုက်မှုအတွင်း အဘွားအို ၁ ယောက်သေဆုံးပြီး ကလေးငယ်တစ်ယောက်အပါအဝင် ၄ ယောက် ဒဏ်ရာရရှိခဲ့ကာ ကားတစ်စီးနဲ့ နေအိမ် (၆)လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက် ဒီနေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာ ဘုန်းကြီးကျောင်းပေါ်ကို ဒရုန်းနဲ့ ဗုံးသီး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ကျောင်းဆောင်အများအပြား ပျက်စီးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်ကလည်း နောင်ချိုမြို့ရှိ ဘူတာရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ် လေယာဥ်နဲ့ ဗုံး (၂)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၃) ယောက် သေဆုံးပြီး (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ တိုက်ပွဲမဖြစ်ပွားဘဲ အရပ်သားတွေကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်အောင် စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံ၊ ကူးမင်းမြို့မှာ တရုတ်ဖိအားပေးမှုနဲ့ ပြုလုပ်ခဲ့တဲ့ TNLA နဲ့ စစ်ကောင်စီတပ်တို့ရဲ့ အဖြေမရခဲ့တဲ့ ဆွေးနွေးပွဲအပြီးမှာ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို နေ့တိုင်းနီးပါး လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီလက်အောက်ခံ BGF တပ် အခြေခံစစ်ပညာသင်တန်း ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကရင်အမျိုးသားတပ်မတော် (KNA) လို့ နာမည်ပြောင်းထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က အမှတ်စဉ် (၁၅) အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက် မနေ့က BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်မြို့သစ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမှာ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်အုပ်စုတွေ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခံရပြီး နေရာတင်သေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးရွာကို ဆိုင်ကယ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ အသင့်စောင့်ကြိုပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များကို ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းအခြေစိုက် ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့က ရဲဘော်တွေကို (၆) ကြိမ်မြောက်အဖြစ် ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်းလေး PDF က တောင်ရိုး အမျိုးသားများ၏ (၁၆)ကြိမ်မြောက်အမျိုးသားနေ့ ဂုဏ်ပြုအခမ်းအနား ပြုလုပ်…

မတ်လ(၁)ရက်၊ တပေါင်းလဆန်း(၃)ရက် ဒီနေ့မှာ ကျရောက်တဲ့ တောင်ရိုး အမျိုးသားတွေရဲ့ (၁၆) ကြိမ်မြောက်အမျိုးသားနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၊အမှတ်(၁၀၀၉)တပ်ရင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တောင်ရိုးအမျိုးသားနေ့ ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လားရှိုးမြို့နယ်တွင် SSPP နှင့် MNDAA တိုက်ပွဲဖြစ်ပွား၊ MNDAA တပ်သား ၈ ဦး ကျဆုံးဟု SSPP ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟန်နားကျေးရွာအုပ်စုအနီး နားလိုင်ရွာအထွက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA စစ်ကြောင်းနဲ့ ကိုးကန့်တပ်ဖွဲ့ (MNDJP/MNDAA)တို့ နှစ်ဖက်တိုက်ပွဲ အပြန်အလှန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြမှုတွေအရ သိရပါတယ်။
Read More

စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်း၏ တည်ထောင်ခြင်း ‌(၄) နှစ်ပြည့်၊ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနား

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။