စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ People’s Healthcare Network (Kalay) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ (၁၄)ရက် ညနေပိုင်းက ကလေးမြို့နယ်တောင်ပိုင်းမှာ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ “People’s Healthcare Network (Kalay)” ရဲ့ “Medical Centre (4) – PHN (Kalay)” ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့တုန်းကလည်း အဆိုပါ ဆေးခန်းကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေကို အရေးပေါ်ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်နေချိန် အခုလို ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ကာ အရပ်သားပြည်သူ (၃) ယောက် သေဆုံး၊ (၃) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ တိုက်ခိုက်ဖျက်ဆီးနေတာတွေကို အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့လည်း “PHN-Kalay” က ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီအနေနဲ့ ဆေးဝါးကုသမှုပေးနေတဲ့ ဆေးရုံတွေကို ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကစယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်အပါ ၂ ဦး သေဆုံး၊ ၆ ဦး ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ တောင်‌ပျောက်ကျေးရွာအုပ်စု ကျောက်အိုင် (ကွီးလေး)‌ ကျေးရွာအတွင်းကို အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးလာကြဲတာကြောင့် ဒေသခံ (၂) ယောက် သေဆုံးပြီး (၆) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (မြိတ်-ထားဝယ်ခရိုင်) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

CDF – Asho အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၇ သင်တန်းဆင်းပွဲ အခမ်းအနား…

ချင်းကာကွယ်ရေးတပ်-အရှို ( CDF - Asho ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၇ သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၈ ရက်က CDF - Asho နောက်တန်းကွင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပုလဲမှာ စစ်ဘေးရှောင် နှစ်သောင်းကျော်အထိတိုးမြှင့်လာ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှာပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ပြည်သူ နှစ်သောင်းကျော်လောက်စစ်ဘေးရှောင်နေရ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ BNRA ၊ GZ နဲ့ YSO တော်လှန်ရေးအဖွဲ့တွေက နိုဝင်ဘာ ၁၁ ရက် မနက်မှာ ပုလဲမြို့ကို စတင်ဝင်ရောက်တိုက်ခိုက်မှုကြောင့်တိုက်ပွဲတွေပြင်းထန်ခဲ့ရပြီး ဒေသခံအများစုက ရုတ်တရက်မြို့ပေါ်ကနေ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေရခြင်းဖြစ်ပါတယ်။
Read More

နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များ ငလျင်ဘေးဒဏ်သင့် ပြည်သူ ၆၅၀ ကျော်ကို အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့

ငလျင်ဒဏ်သင့် ဒေသတွေမှာ နိုင်ငံတကာက လာရောက်တဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကြိုးပမ်းမှုကြောင့် လူပေါင်း ၆၅၃ ယောက်ကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး ရုပ်အလောင်း ၇၀၀ ကျော်ကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

ဖားကန့်ကျောက်ဝိုင်း ပစ်ခတ်မှုကြောင့် ထွက်ပြေးခဲ့ရပေမယ့် ဘယ်အဖွဲ့လာပစ်လဲဆိုတာ အခုထိ မသိရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျောက်ဝိုင်းမှာ မနေ့ညက အမည်မသိ အဖွဲ့အစည်းတစ်ခုက လာရောက် သေနတ်ပစ်ဖောက်ခဲ့တာကြောင့် လူအများအပြား ဝရုန်းသုန်းကား ထွက်ပြေးခဲ့ကြရပါတယ်။
Read More

ရွှေတောင်မှာ သန်းခေါင်စာရင်းကောက်နေတဲ့ ထွေအုပ်စာရေး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်မှာ စစ်ကောင်စီရဲ့ သန်းခါင်စာရင်းကောက်ယူနေမှုကို အားတက်သရော ပါဝင်နေတဲ့ ထွေအုပ်စာရေးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ 3601 PPDF တပ်ရင်းထံက သိရပါတယ်။