မကွေးတိုင်း၊ စလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကနေ စစ်မှုထမ်းဆင်း စစ်ကောင်စီတပ်သားသစ် ၁ ယောက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်း (စလင်း ပကဖ)က ဒီနေ့ ထုတ်ပြန်ပါတယ်။

စလင်းမြို့နယ်အခြေစိုက် ခလရ-၂၅၃ မှာ စစ်ကောင်စီရဲ့ တာဝန်ထမ်းဆောင်နေရတဲ့ စစ်ကောင်စီတပ်သား ၁ ယောက်ဟာ ဖေဖော်ဝါရီလ ၁၉ ရက်မှာ စလင်း ပကဖ ထံ ချိတ်ဆက်ပြီး ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်တပ်သားဟာ မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခံရပြီး စစ်မှုထမ်းသင်တန်း တက်ရောက်ခဲ့ပြီးနောက် ခလရ-၂၅၃ မှာ တာဝန်ကျတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေတဲ့ စစ်သားနဲ့ ရဲတပ်သားတွေအနေနဲ့လည်း အလင်းဝင်ရောက်ချင်ရင် ချိတ်ဆက်နိုင်သလို လက်နက်ခဲယမ်းပါရှိရင် ထိုက်တန်တဲ့ ဆုကြေးငွေတွေ ချီးမြှင့်သွားမယ်လို့ စလင်း ပကဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က တိုက်ပွဲအတွင်း ဖမ်းမိတဲ့ PNLA ရဲဘော် ၅ ယောက်ကို နှိပ်စက်သတ်ဖြတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ရဲဘော် ၅ ယောက်ကို နှိပ်စက်ကာ သတ်ဖြတ်ခဲ့တယ်လို့ PNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရေကြီးမြေပြိုမှုတွေကြောင့် တစ်နိုင်ငံလုံးမှာ လူဦးရေ ၃၈၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

အထူးသဖြင့် တိုင်းနဲ့ ပြည်နယ် ၉ ခု၊ မြို့နယ်ပေါင်း ၅၄ မြို့နယ်မှာ ရေကြီးရေလျှံခဲ့ပြီး နေပြည်တော်၊ ကရင်၊ ပဲခူး၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီ စတဲ့ တိုင်းနဲ့ပြည်နယ်တွေက လူပေါင်း ၃၈၄ ယောက် သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။
Read More

ရွှေပြည်သာမြို့နယ်က အကြမ်းဖက် ရဲမှူး မိုးညိုရဲ့နေအိမ် မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲမှူး မိုးညိုရဲ့ နေအိမ်ကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့် မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း The Grand Unsung (TGU) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်ထိုးစစ်တွေကြောင့် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော် သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော်သေဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မန္တလေးအိုးဘိုထောင် Drop ဗုံးကြဲခံရမှုကြောင့် နိုင်ကျဉ်း ၁၇ ဦးနှင့် အခြားအကျဥ်းသား ၄ ဦး သေဆုံးကြောင်း PPNM အမည်စာရင်း ထုတ်ပြန်

မန္တလေးအိုးဘိုအကျဉ်းထောင်ရဲ့ အမျိုးသားအဆောင်နေရာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် နိုင်ငံရေး အကျဉ်းသား (၁၇) ယောက် သေဆုံးခဲ့ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က နာမည်စာရင်းနဲ့တကွ သတင်းထုတ်ပြန်လာပါတယ်။
Read More

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အပတ်စဥ် ၃ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြီးမှူးကျင်းပတဲ့ အပတ်စဥ် ၃ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲကို တနင်္သာရီမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။