မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ မီးရှို့သွားတဲ့ ကျေးရွာတွေထဲက ရွာတစ်ရွာကို လျှပ်စစ်မီးရအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က အသိပေးလာပါတယ်။ 

Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်းအနေနဲ့ ရန်သူနယ်မြေအတွင်းမှာရှိတဲ့ စစ်တပ်လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပေးရုံးကနေ Cable ကြိုးနဲ့ အခြားလျှပ်စစ်ဆက်စပ်ပစ္စည်းအချို့ကို လုံခြုံရေးအပြည့်ယူကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် MBTတပ်ဖွဲ့က ကျေးရွာတာဝန်ခံတွေနဲ့ ပူးပေါင်းပြီး စစ်တပ်က မီးရှို့ဖျက်ဆီးထားတဲ့ ကျေးရွာထဲက တစ်ရွာကို ၆၀% လျှပ်စစ်မီးပြန်လည်ရှိနိုင်ရေး ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ 

“မီတာ ၃-၄-၅၀ လောက် ဝေးတဲ့ နေရာမှာ စစ်ကောင်စီတပ်တွေရှိပါတယ်… ဒါပေမယ့် သူတို့ ထွက်မလာရဲတာကြောင့် ကျနော်တို့ အသာအယာပဲ ယူပြီးတော့ လျှပ်စစ်မီးပြန်ရရေး လုပ်ဆောင်နိုင်ခဲ့တာပါ” လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။ 

MBT တပ်ဖွဲ့အနေနဲ့ ကိုယ်ကျိုးအတွက် အသုံးပြုခြင်းမျိုး မဟုတ်ဘဲ စိုးမိုးနယ်မြေအတွင်းက ပြည်သူတွေ အဆင်ပြေရေးနဲ့ ကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက် ဘယ်နည်းလမ်းနဲ့မဆို တရားနည်းလမ်းကျကျ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

ကျေးရွာလျှပ်စစ်မီးရရှိရေး MBT တပ်ဖွဲ့ လုပ်ဆောင်နေစဉ် (ဓာတ်ပုံ Myingyan Black Tiger)

0 Shares:
You May Also Like
Read More

KNU ဗဟိုမှာ ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပပြုလုပ်

၂၇၆၄ ခုနှစ်၊ သလေလဆန်း (၁)ရက် မနေ့က ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ဂုဏ်ပြုခြင်း အခမ်းအနားတစ်ရပ်ကို ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူခရိုင် PDF တပ်ရင်း ၃ ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသလက်အောက်ရှိ ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်း၊ အမှတ် ၁၀ တပ်ရင်းနဲ့ အမှတ် ၁၇ တပ်ရင်းတို့ရဲ့ မွမ်းမံသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ဒီးမော့ဆိုမြို့ ရှေ့တန်းတစ်နေရာတွင် KNPDP တပ်ရင်းအမှတ်(၃) မှ ၂၃ နှစ်အရွယ် ရဲဘော်ဂျေရုန်း ကျဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ Karenni National Peace and Development Party (KNPDP) တပ်ရင်းအမှတ် ၃ က ရဲဘော်ဂျေရုန်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့မှာ NUG ဝန်ကြီးတွေနဲ့ အမေရိကန်ရောက် တော်လှန်ပြည်သူတွေ တွေ့ဆုံ

အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးတွေနဲ့ အမေရိကန်ရောက် တော်လှန်ပြည်သူတွေ တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
Read More

ဖလမ်းမြို့တိုက်ပွဲအတွင်း CDF- Matupi မှ စစ်ဦးစီးဌာနမှူးကျဆုံး

"တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ လက်နက်ငယ်ထိပြီး ကျသွားတာပါ၊ dead body ကို ချက်ချင်းကျနော်တို့မကောက်နိုင်ပေမဲ့ ၄၊ ၅ မိနစ်လောက်တော့ ပစ်ခတ်အပြီး၊ ရန်သူဘက်မှပြန်ဆုတ်အသွားမှာ ကျနော်တို့ပြန်ကောက်နိုင်တာ" လို့ Chinland Defense Force - Matupi မှ တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရရှိခဲ့သည့် ဒေါက်တာစင်သီယာမောင်ကို NUG ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့

ထိုင်းနိုင်ငံမှာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိခဲ့တဲ့ ဒေါက်တာစင်သီယာမောင်ကို NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ဝမ်းမြောက် ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။