မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အရှိုချင်းကာကွယ်ရေးတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီ ၁၉ ရက်က စပ်စီရွာနဲ့ ပျဉ်းဝကြား ကားလမ်းမပေါ် (သိန်းလေးဆယ်)ကွေ့နားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တောင်ပေါ်ဒေသကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ယာဉ်တန်းရဲ့ ရှေ့ပြေးပွိုင့်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သားတွေ ထိခိုက်ဒဏ်ရာရရှိကာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွါးရာနေရာကို အရှိုချင်းကာကွယ်ရေးတပ်က ရှင်းလင်းရေးလုပ်နေချိန် စစ်ကောင်စီစစ်ကူယာဉ်တန်းရောက်ရှိလာပြီး ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ လက်နက်အင်အားမမျှတဲ့အတွက် ရဲဘော်တွေ ဆုတ်ခွာပေးခဲ့ပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာတွင် စစ်ကော်မရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာမှာ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခင်ညွန့် နေထိုင်ခဲ့ဖူးသည့် ရွှေတောင်ကြားရပ်ကွက် နေအိမ် မီးလောင် (ရုပ်/သံ)

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ ရပ်ကွက် အောင်ဇေယျလမ်းရှိ ယခင်ဗိုလ်ချုပ်ကြီး ခင်ညွန့် နေထိုင်ခဲ့ဖူးတဲ့ နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

တပ်မ ၃၃ စစ်ကြောင်းကို စစ်ကြောင်းပြုတ် တိုက်ခိုက်နိုင်ခဲ့သည့် မှတ်တမ်းရုပ်သံ

စစ်ကိုင်းတိုင်း ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်အစပ်မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့  အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ တပ်မ (၃၃) စစ်ကြောင်းမှူးအပါအဝင် စစ်သားအယောက် ၅၀ နီးပါး သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

တညောင်ဓာတ်အားခွဲရုံကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ဓာတ်အားခွဲရုံမှာ အင်အား ၈၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို  မတ်လ ၃၁ ရက် မနက်အစောပိုင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗမာ့တပ်တော် (Bamar Army) က သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကိုင်းမြို့မှာ လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရှိရာ နေရာ ၂ ခုကို တစ်ပြိုင်နက်တည်းတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာ လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေရှိရာ နေရာ ၂ ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

လျှပ်စစ်ဓာတ်အားပေးခွဲရုံမှာ တပ်စွဲထားတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲပြီး အနီးကပ်ဝင်ရောက်ပစ်ခတ်ရာ ၇ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံမှာ တပ်စွဲအထိုင်ချထားတဲ့ အင်အား ၃၀ ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို ဒီဇင်ဘာ ၂ ရက်က တော်လှန်ရေးပူး ပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ထံက သိရပါတယ်။